ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် စာသားကို ဖတ်ရပိုမိုလွယ်ကူစေရန် ပြုလုပ်ခြင်း

iPhone တွင် စာသား၏အရွယ်အစားကို တိုးခြင်း၊ စာသားကိုပိုမိုနက်မှောင်အောင်လုပ်ခြင်းနှင့် အခြားအရာများဖြင့် စာသားကိုဖတ်ရပိုမိုလွယ်ကူစေရန် လုပ်နိုင်ပါသည်။

Mail အက်ပ်ပွင့်နေသော iPhone တစ်ခု။ အီးမေးလ်တစ်စောင်ကို ကြီးမားသော စာလုံးမည်းဖြင့် ပြထားသည်။

စာသားကို ပိုကြီးပြီး ပိုမည်းအောင်ပြုလုပ်ခြင်း

(Calendar၊ Mail၊ Messages၊ Notes၊ Settings စသည်တို့အပါအဝင်) အထောက်အကူပြုထားသော အက်ပ်များအားလုံးအတွက် ဦးစားပေးစာသားအရွယ်အစာတစ်ခုအား သတ်မှတ်နိုင်သည်။ စာလုံးမည်းကိုလည်း ဖွင့်နိုင်ပါသည်။

  1. Settings  > Accessibility > Display & Text Size ကိုသွားပါ။

  2. အောက်ပါတို့မှ ကြိုက်ရာတစ်ခုခုကိုပြုလုပ်ပါ၊

    • စာသားကို ပိုကြီးအောင်လုပ်ခြင်း၊ Larger Text ကိုနှိပ်ပါ၊ ထို့နောက်စာသားအရွယ်အစားကိုချိန်ညှိရန် ဆလိုက်ဘားကိုပွတ်ဆွဲပါ။

      အပိုစာသားအရွယ်အစားများအတွက် Larger Accessibility Sizes ကိုဖွင့်ပါ။

    • စာသားကို ပိုမိုလေးလံစေခြင်း၊ Bold Text ကိုဖွင့်ပါ။

အကြံပြုချက် သင်အက်ပ်တစ်ခုကိုဖွင့်ထားစဥ် စာသား၏အရွယ်အစားကို ပြောင်းလဲခြင်း။ Control Center ကိုဖွင့်ပါ၊ ထို့နောက် Text Size ဆလိုက်ဘား ကို ချိန်ညှိပါ။ Text Size ဆလိုက်ဘားကိုမတွေ့ပါက ဘယ်ဘက်အပေါ်ထောင့်ရှိ Add ခလုတ် ကိုနှိပ်ပါ၊ Add a Control ကိုနှိပ်ပါ၊ ထို့နောက် Text Size ထိန်းချုပ်ခလုတ်ကိုနှိပ်ပါ။

စာသားအရွယ်အစားနှင့် သင်္ကေတများ၊ ခလုတ်များကဲ့သို့သော ကြားခံအစိတ်အပိုင်းများ၏ အရွယ်အစားကိုတိုးရန် Display Zoom ကိုလည်းဖွင့်နိုင်သည်။

ဖန်သားပြင်ပေါ်မှ အရာဝတ္ထုများကို ပိုမိုလွယ်ကူစွာမြင်ရရန်လုပ်ပါ

သင်သည် ဖန်သားပြင်အရာဝတ္ထုများဖြစ်သည့်—ထိန်းချုပ်ခလုတ်များ၊ ခလုတ်များနှင့် Control Center—တို့ကို ဘေးပတ်လည်တွင် အနားသတ်မျဥ်းတစ်ခုပေါင်းထည့်ခြင်းဖြင့် မြင်ရလွယ်စေရန် ပြုလုပ်နိုင်ပါသည်။

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. Accessibility ကိုနှိပ်ပါ၊ ထို့နောက် Display & Text Size ကိုနှိပ်ပါ။

  3. Show Borders ကိုဖွင့်ပါ။

ဖန်သားပြင်ပေါ်တွင်ရှိသောအရာကို ပိုမိုလွယ်ကူစွာမြင်နိုင်စေရန် iPhone ပေါ်ရှိမျက်နှာပြင်အရောင်များကိုလည်း ပြောင်းလဲနိုင်သည် သို့မဟုတ် ဖန်သားပြင်ပေါ်တွင် ပုံကြီးချဲ့နိုင်သည်

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.