ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Messages တွင် Tapbacks နှင့် တုံ့ပြန်ခြင်း

Tapbacks သည် နှလုံးသား၊ လက်မထောင်ခြင်း သို့မဟုတ် လက်မအောက်ချခြင်း၊ ရယ်မောခြင်း၊ အာမေဋိတ်လက္ခဏာ၊ မေးခွန်းလက္ခဏာနှင့် စတစ်ကာ၊ Memoji သို့မဟုတ် အီမိုဂျီများနှင့် မက်ဆေ့ချ်များကို လျင်လျင်မြန်မြန်နှင့် လွယ်လွယ်ကူကူ တုံ့ပြန်စေပါသည်။

ဖန်သားပြင်ထိပ်အနီးတွင်မြင်ရသည့် Tapbacks ထည့်သွင်းချက်များပါသည့် Messages စကားပြောဆိုမှုတစ်ခုနှင့် မက်ဆေ့ချ်တစ်ခု၏အပေါ်တွင် မြင်ရသည့် Tapbacks မီနူး။

Tapbacks တစ်ခုဖြင့် တုံ့ပြန်ခြင်း

  1. သင့် iPhone ရှိ Messages အက်ပ် ကိုသွားပါ။

  2. စကားပြောဆိုမှုတစ်ခုကို ဖွင့်ပါ။

  3. မက်ဆေ့ချ်ကို နှစ်ကြိမ်-နှိပ်ပါ (သို့မဟုတ် ထိပြီး ဖိထားပါ)။

  4. အကြံပြုထားသော အီမိုဂျီနှင့် စတစ်ကာများကို တွေ့ရန် ဘယ်ဘက်ကို ရွှေ့ပါ သို့မဟုတ် Emoji ခလုတ် ကို နှိပ်ပြီး အောက်တွင်ပြထားသည့် Tapbacks အမျိုးအစားများကို ရွေးချယ်ပါ၊

    • အခြား အီမိုဂျီ၊ Emoji ခလုတ် ကိုနှိပ်ပါ (Emoji ခလုတ်ညာဘက်ရှိ အခြားအီမိုဂျီအမျိုးအစားများကို ရွှေ့ပါ)။

    • စတစ်ကာများ၊ Live Stickers ခလုတ်ကိုနှိပ်ပါ။

Tapback ကို စကားဝိုင်းရှိ မက်ဆေ့ချ်တစ်ခုခုနှင့် ချိတ်ဆက်ထားပါက စကားဝိုင်းတွင် ပါဝင်သည့် မည်သူမဆို မြင်ရမည်ဖြစ်သည်။

မည်သူက Tapback ကို ပို့သလဲကို ရှာဖွေခြင်း

မက်ဆေ့ချ်တစ်ခုအတွက် Tapback တစ်ခုထက် ပိုပါက အထပ်လိုက်တွင် ပေါ် နေပါမည်။ Tapback တစ်ခုချင်းဆီကို မည်သူက ပို့ထားသနည်းဆိုတာကို ရှာဖွေနိုင်ပါသည်။

  1. သင့် iPhone ရှိ Messages အက်ပ် ကိုသွားပါ။

  2. Tapbacks နှင့် စကားပြောဆိုမှုတစ်ခုကိုဖွင့်ခြင်း။

  3. Tapbacks အထပ်လိုက်ကိုနှိပ်ပါ။

    ပေးပို့သူနှင့် သူတို့၏ tapbacks သည် ဖန်သားပြင်၏ ထိပ်တွင် ပေါ်နေမည်ဖြစ်သည်။

သင်၏ Tapback ကို တည်းဖြတ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း

သင်ထည့်ထားသော Tapbacks ကိုသာ တည်းဖြတ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းများ ပြုလုပ်နိုင်ပါသည်။ တခြားသူများ ထည့်ထားသော Tapbacks ကို တည်းဖြတ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းများ မပြုလုပ်နိုင်ပါ။

  1. သင့် iPhone ရှိ Messages အက်ပ် ကိုသွားပါ။

  2. စကားပြောဆိုမှုတစ်ခုကို ဖွင့်ပါ။

  3. Tapback ကို နှိပ်ပြီးအောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • မတူညီသည့် Tapback ကို အသုံးပြုပါ၊ မတူညီသည့် အီမိုဂျီ၊ Memoji သို့မဟုတ် စတစ်ကာကိုနှိပ်ပါ။

    • Tapback ကို ဖယ်ရှားပါ၊ သင်အသုံးပြုထားသော တူညီသည့် Tapback ကိုနှိပ်ပါ။ (သို့မှသာ ထင်းနေခြင်းများ ပျောက်သွားပါမည်)

မက်ဆေ့ချ်တစ်စောင်တွင် Tapback တစ်ခုသာ ထည့်နိုင်ပါသည်။ နောက်ထပ်စတစ်ကာများ ထပ်မံပို့လိုပါက စကားပြောဆိုမှုတစ်ခုပေါ်တွင် စတစ်ကာများနေရာချခြင်းကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.