ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ News တွင် စကားဝှက်ပုစ္ဆာ ဉာဏ်စမ်းပဟေဠိများကိုဖြေရှင်းခြင်း

Apple News+ ကို စာရင်းသွင်းရယူသူများ သည် နေ့စဉ် Quartiles ပဟေဠိသစ်တစ်ခုသို့ ဝင်ရောက်ဖြေဆိုခွင့်ရမည်ဖြစ်သည်။ ကစားသမားများသည် စကားလုံးများဖွဲ့စည်းရန်အတွက် လေးတန်းငါးကွက်ဇယားကွက်တစ်ခုမှ စာလုံးနှစ်လုံးမှလေးလုံးပါသောအကွက်များကို ရွေးချယ်သည်။ စကားလုံးတစ်လုံးလျှင်အကွက်လေးခုအထိအသုံးပြုနိုင်ပြီး အကွက်များများသုံးလေ အမှတ်များများရရှိလေဖြစ်သည်။

အကွက်လေးခုမှဖွဲ့စည်းထားသော စကားလုံးတစ်လုံးကို Quartile ဟုခေါ်ပြီး 8 မှတ်တန်ဖိုးရှိသည်။ Quartiles ငါးခုလုံးကို သင်တွေ့ရသောအခါ သင်နောက်ထပ် အမှတ် 40 ရရှိမည်ဖြစ်သည်။

ဂိမ်း၏ရည်ရွယ်ချက်မှာ ကျွမ်းကျင်အဆင့်သို့ရောက်ရန် လိုအပ်သောအမှတ် 100 ကိုရရှိရန်ဖြစ်သည်။ သင်သည် ကျွမ်းကျင်သူအဆင့်သို့ ရောက်ပြီးနောက်တွင်ပင် စကားလုံးများ ဆက်လက်ဖွဲ့စည်းနိုင်ပြီး ရမှတ်များ ဆက်လက်စုဆောင်းနိုင်ပါသည်။

မှတ်စု Apple News၊ Apple News+ နှင့် စကားဝှက်ပဟေဠိများသည် နိုင်ငံများအားလုံး သို့မဟုတ် ဒေသအားလုံးတွင် မရရှိနိုင်ပါ။ iOS နှင့် iPadOS Feature ရနိုင်သည့်ဝက်ဘ်ဆိုက် ကို ကြည့်ပါ။

ကစားသမား၏ရမှတ်၊ အဆင့်နှင့် နောက်တစ်ဆင့်သို့ တိုးတက်မှုကို ပြသသည့် Quartiles ပဟေဠိတစ်ခု။ Quartiles ဂရစ်ထဲရှိ အကွက်များမှ တွေ့ရသည့် စကားလုံးများကိုပြထာသည့် စာရင်းတစ်ခု။

Quartiles ကို ကစားခြင်း

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. Quartiles ဉာဏ်စမ်းပဟေဠိတစ်ခုကိုဖွင့်ခြင်း

  3. စကားလုံးတစ်လုံးကို ဖန်တီးရန် အကွက်များကိုနှိပ်ပါ၊ ထို့နောက် ၎င်းကို ဝင်ရောက်ရန် Enter ခလုတ် ကိုနှိပ်ပါ။

    ဥပမာအားဖြင့်၊ တစ်မှတ်ရယူရန်၊ "pear" ကိုနှိပ်ပါ၊ ထို့နောက် Enter ခလုတ်ကိုနှိပ်ပါ။ 2 မှတ်ရယူရန်၊ ap ကိုနှိပ်ပါ၊ ထို့နောက် စကားလုံးဖွဲ့စည်းရန် pear ကိုနှိပ်ပါ၊ appear။ ap၊pear၊ ထို့နောက် anceကိုနှိပ်ပြီး 4 မှတ်ရယူပါ။ Quartile ကိုဖြည့်ပြီး disappearance ဟုစာလုံးပေါင်းခြင်းဖြင့် ရမှတ် 8 မှတ် ရယူပါ။

    ပြည့်စုံသွားသည့် စကားလုံးများသည် Words Found box တွင်ပေါ်လာပြီး သင်ရှာသည့် Quartiles သည် လေးကွက် အုပ်စုအနေဖြင့်ပေါ်သည်။

    Quartiles ပဟေဠိများတွင် ဖြစ်နိုင်ခြေရှိသော စကားလုံးများအားလုံးသည် အရည်အချင်းမပြည့်မီပါ။ ဥပမာအားဖြင့်၊ မထင်မရှားသော အသုံးအနှုန်းများနှင့် နည်းပညာဆိုင်ရာ အသုံးအနှုန်းများ၊ တစ်ဦးဆိုင်နာမ်များနှင့် မရိုသေသောစကားလုံးများသည် စကာလုံးစာရင်းတွင် မည်သည့်အခါမျှပေါ်မည်မဟုတ်ပါ။

  4. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • သင့်အကွက်များကို ပြန်လည်နေရာချခြင်း၊ ဇယားကွက်များပေါ်တွင် အကွက်များကိုနေရာချထားရန် ၎င်းတို့ကိုထိပြီးထိန်းထားပါ၊ ထို့နောက်၎င်းတို့ကိုပြန်လည်နေရာချထားရန် ဆွဲလာပါ။

    • နောက်အဆင့်ကို တက်ရန် လိုအပ်သော အမှတ်များကို ကြည့်ခြင်း၊ Next Rank ကိုနှိပ်ပါ။

    • သင်အသုံးမပြုချင်သည့် အကွက်များကို ရှင်းခြင်း၊ Remove ခလုတ် ကို နှိပ်ပါ။

    • စကားလုံး မည်မျှကျန်သည်ကို ကြည့်ခြင်း၊ သင် Expert အဆင့်ကို ရောက်သည့်အခါ Words Found box သည် သင်ရှာမတွေ့သေးသည့် စကားလုံး မည်မျှရှိသည်ကို ပြသည်။

    • စကားလုံးအသီးသီး၏ အမှတ်များကို ကြည့်ခြင်း၊ Words Found box ရှိ Expand ခလုတ် ကိုနှိပ်ပါ။

အကြံပြုချက် More ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Quartiles သင်ခန်းစာအမြန်ယူရန် How to Play ကိုနှိပ်ပါ၊ သို့မဟုတ် Quartiles ပဟေဠိ စာမျက်နှာကို ဖွင့်ရန် More Puzzles ကိုနှိပ်ပါ။

အကွက်များကို အပြောင်းအလဲလုပ်ခြင်း သို့မဟုတ် အုပ်စုဖွဲ့ခြင်း

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. Quartiles ပဟေဠိတစ်ခုကို ဖွင့်ပြီး စကားလုံးများကို စရှာပါ။

  3. သင်တွေ့ရသော Quartiles သည် ဂရစ်၏အောက်ခြေတွင် အခြေပြုထားသည်။ သင် ၎င်းတို့ကို ဂရစ်၏ ထိပ်သို့ အခြေပြုလိုပါကMore ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Sort Found Quartiles ကို ရွေးချယ်ပါ။

  4. ရှာတွေ့ထားသော Quartiles ၏ အစိတ်အပိုင်းမဟုတ်သည့် အကွက်များကို အပြောင်းအလဲလုပ်ရန် Shuffle ခလုတ် ကိုနှိပ်ပါ။

  5. ဂရစ်တွင် အကွက်များအားလုံးကို အပြောင်းအလဲလုပ်ရန်၊အခြေပြုခြင်းကို ပိတ်ရန် Arrangement ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Shuffle ခလုတ်ကိုနှိပ်ပါ။

စကားလုံးများအားလုံးကို ပြန်ထုတ်ဖော်ခြင်း

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. Quartiles ဉာဏ်စမ်းပဟေဠိတစ်ခုကိုဖွင့်ခြင်း။

  3. More ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Reveal All Words ကိုနှိပ်ပါ။ သင်ရှာမတွေ့ခဲ့သည့် စကားလုံးများကို ပြထားသည်။

    • သင် Expert အဆင့်မရောက်မီ ထုတ်ဖော်လျှင်၊ ပဟေဠိသည့် သင့် Scoreboard ကိန်းဂဏန်းများနှင့် အဆင့်များကို ထည့်မတွက်ပါ။

    • သင် Expert အဆင့်ရောက်ပြီးနောက် ထုတ်ဖော်လျှင်၊ သင့်ကိန်းဂဏန်းများ သို့မဟုတ် အဆင့်များကို မထိခိုက်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.