ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Health တွင် သင်၏အချက်အလက်ကိုမျှဝေခြင်း

Health အက်ပ်တွင်သိမ်းဆည်းထားသည့်—ကျန်းမာရေးအသိပေးချက်များနှင့် မှတ်တမ်းများကဲ့သို့—ကျန်းမာရေးအချက်ကို သူငယ်ချင်းများ၊ မိသားစုများနှင့် သင့်ကိုဂရုစိုက်သည့်အခြားသူများကိုမျှဝေနိုင်သည်။

တစ်စုံတစ်ယောက်နှင့် ကျန်းမာရေးအချက်အလက်မျှဝေခြင်း

သင့်ကျန်းမာရေးအချက်အလက်ကို မျှဝေထားသည့်သူများသည် နှလုံးခုန်နှုန်းမြင့်ခြင်းနှင့် ပုံမှန်သည့်လှုပ်ရှားမှုအကြောင်းကြားချက်များအပါအဝင်သင်လက်ခံရရှိသည့် ကျန်းမာရေးအချက်အလက်များကိုလည်းကြည့်နိုင်သည်။ လှုပ်ရှားမှုတစ်ခုတွင် ခြေလမ်းကျဆင်းလာသကဲ့သို့သိသာသည့် လက်ရှိဖြစ်နေသည့် အရာများအတွက်အကြောင်းကြားချက်များကိုလည်း မျှဝေနိုင်သည်။

မှတ်စု ကျန်းမာရေးအချက်အလက်များကို တစ်စုံတစ်ယောက်နှင့်မျှဝေရန် ၎င်းတို့ကို သင့်အဆက်အသွယ်များတွင် ထည့်သွင်းရန်လိုသည်။

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. Shared ကိုနှိပ်၍ အောက်ပါတို့မှ တစ်ခုကိုလုပ်ပါ၊

    • ပထမဆုံးအကြိမ်မျှဝေခြင်းကို စီမံခြင်း၊ Share with Someone ကိုနှိပ်ပါ။

    • နောက်ထပ်အဆက်သွယ်တစ်ယောက်နဲ့မျှဝေခြင်း၊ “Add another person” ကိုနှိပ်ပါ၊ ထို့နောက် Next ကိုနှိပ်ပါ။

  3. သင့်အဆက်အသွယ်စာရင်းတွင် တစ်စုံတစ်ယောက်ကို ရှာဖွေရန် ရှာဖွေခြင်းနယ်ပယ်ကို အသုံးပြု၍ ၎င်းတို့ကို ရွေးချယ်ရန် ၎င်းတို့၏ဆက်သွယ်ရန်အချက်အလက်များကို နှိပ်ပါ။

  4. See Suggested Topics သို့မဟုတ် Set Up Manually ကိုနှိပ်ပါ၊ ထို့နောက် မျှဝေမည့် ခေါင်းစဉ်များကို ရွေးချယ်ပါ။

  5. ဖန်းသာပြင်ပေါ်တွင် ခေါင်းစဉ်အားလုံးကိုမြင်ရရန် အောက်သို့ဆွဲချပါ၊ နည်းလမ်းများကို ရွေးပါ၊ ထို့နောက် နောက်ထပ်ဖန်သားပြင်ကိုကြည့်ရန် Next ကိုနှိပ်ပါ။

  6. Share ကိုနှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

သင်၏ဖိတ်ခေါ်မှုကို လက်ခံသည့်အခါ အကြောင်းကြားချက်တစ်ခုကိုသင်ရရှိမည်

သင့်ဆရာဝန်နှင့် ကျန်းမာရေးအချက်အလက်ကိုမျှဝေခြင်း

သင့်ဆရာဝန်နှင့် (နှလုံးခုန်နှုန်း၊ လေ့ကျင့်ခန်းမိနစ်၊ အိပ်စက်သည့်အချိန်၊ဓာတ်ခွဲခန်းရလဒ်များနှင့် နှလုံးကျန်းမာရေးအကြောင်းကြားချက်ကဲ့သို့) ကျန်းမာရေးအချက်အလက်ကို မျှဝေနိုင်သည်။ ဆရာဝန်သည် သူတို့၏ကျန်းမာရေးမှတ်တမ်းစနစ်များရှိ Dashboard မှအချက်အလက်ကိုကြည့်သည် (အမေရိကန်တစ်နိုင်ငံတည်းသာ- Health အက်ပ်ကို Data Share with Provider ထောက်ပံ့ထားသည့်စနစ်များတွင်)။

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ Sharing ကိုနှိပ်ပါ။

  3. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • ပထမဆုံးအကြိမ်မျှဝေခြင်းကို စီမံခြင်း၊ “Share with your doctor” ကိုနှိပ်ပါ။

    • နောက်ထပ် ကျန်းမာရေးပံ့ပိုးပေးသူတစ်ယောက်နှင့်မျှဝေခြင်း၊ “Share with another doctor” ကိုနှိပ်ပါ။

  4. Next ကိုနှိပ်ပါ၊ ထို့နောက်အကြုံပြုထားသည့် ကျန်းမာရေးစောင့်ရှောက်သူများမှ တစ်ယောက်ကိုရွေးချယ်ပါ သို့မဟုတ် သင့်စောင့်ရှောက်သူကိုရှာရန် Search ကိုအသုံးပြုပါ။

  5. Connect to Account ပေါ်လာလျှင် အဆိုပါအဖွဲ့အစည်း၏ လူနာဝက်ဘ်စာမျက်နှာအတွက် သင်သုံးလေ့ရှိသည့် သုံးစွဲသူအမည်နှင့် လျှို့ဝှက်ကုဒ်ကို ရိုက်ထည့်ပြီးနောက် အောက်ပါ ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။

    ထပ်လောင်း၍ သင့်ကျန်းမာရေးအချက်အလက်ကိုမျှဝေရန် သင့်အကောင့်ကို ဆက်သွယ်ခြင်းကြောင့် ထိုအကောင့်အတွက် ကျန်းမာရေးမှတ်တမ်းများကို Health သို့ ဒေါင်းလုတ်လုပ်ခြင်းကို ဖြစ်စေသည်။

  6. သင့်ဆရာဝန်နှင့်မျှဝေရန်ခေါင်းစဉ်ကို ရွေးပါ။

  7. ဖန်းသာပြင်ပေါ်တွင် ခေါင်းစဉ်အားလုံးကိုမြင်ရရန် အောက်သို့ဆွဲချပါ၊ထို့နောက် နောက်ထပ်ဖန်သားပြင်ကိုကြည့်ရန် Next ကိုနှိပ်ပါ။

  8. Share ကိုနှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

သင်အခြားသူများနှင့်မျှဝေထားသည့် အချက်အလက်ကိုပြန်ကြည့်ခြင်းသို့မဟုတ် ပြောင်းလဲခြင်း

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ Sharing ကိုနှိပ်ပါ။

  3. လူတစ်ယောက်၏အမည် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူတစ်ယောက်၏အမည် ကိုနှိပ်ပါ။

  4. အောက်သို့ဆွဲချ၍ View Shared Data ကိုနှိပ်ပါ။

  5. မည်သည့်ပြောင်းလဲမှုများကိုမဆိုပြုလုပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

အဆက်အသွယ် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူနှင့် အချက်အလက်မျှဝေခြင်းကိုရပ်ခြင်း

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ Sharing ကိုနှိပ်ပါ။

  3. လူတစ်ယောက်၏အမည် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူတစ်ယောက်၏အမည် ကိုနှိပ်ပါ။

  4. Stop Sharing သို့မဟုတ် Remove Account ကိုနှိပ်ပါ။

မှတ်စု တစ်စုံတစ်ယောက်နှင့်အချက်အလက်စတင်မျှဝေလျှင် သူတို့ကို Contacts မှ လွယ်ကူစွာဖယ်ထုတ်နိုင်ပြီး ကနဦးမျှဝေထားသည့်သတင်းအချက်အလက်ကို မရပ်တန့်နိုင်ပေ။

ကျန်းမာရေးနှင့်ကြံ့ခိုင်ရေးကို အက်ပ်များနှင့် စက်ပစ္စည်းများနှင့်မျှဝေခြင်း

ကျန်းမာရေးနှင့် ကိုယ်ခန္ဓာကြံ့ခိုင်ရေးအချက်အလက်များကို Health နှင့်မျှဝေရန် အခြားအက်ပ်များကို ခွင့်ပြုချက်ပေးနိုင်သည်။ ဥပမာ၊ ကာယလေ့ကျင့်ခန်းအက်ပ်ကို ထည့်သွင်းထားပါက ၎င်း၏ လေ့ကျင့်ခန်းအချက်အလက်သည် Health တွင်ပေါ်နိုင်သည်။ ကာယလေ့ကျင့်ခန်းအက်ပ်သည် အခြားစက်ပစ္စည်းများနှင့် အခြားအက်ပ်စ်များမှ မျှဝေပေးသည့် (သင်၏နှလုံးခုန်နှုန်းနှင့်ကိုယ်အလေးချိန်ကဲ့သို့သော) အချက်အလက်ကိုဖတ်နိုင်ပြီး အသုံးချနိုင်သည်။ သင်အဆိုပါအက်ပ်ကို ထည့်သွင်းသည့်အခါ Health နှင့် အချက်အလက်မျှဝေရန် အက်ပ်တစ်ခုကို ခွင့်ပြုမပေးနိုင်လျှင် နောက်ပိုင်းတွင်ခွင့်ပြုနိုင်သည်။ အက်ပ်တစ်ခုမှလည်း ခွင့်ပြုချက်ကို ဖယ်ထုတ်နိုင်သည်။

ကျန်းမာရေးစောင့်ရှောက်သူများမှ သင့်မှတ်တမ်းကိုအက်ပ်ဖြင့်မျှဝေရန် အခြားအက်ပ်များနှင့်အတူ သင်၏ကျန်းမာရေးမှတ်တမ်းများကိုမျှဝေခြင်းကိုကြည့်ပါ။

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. Summary ကိုနှိပ်ပါ၊ ထို့နောက် ညာဘက်ထိပ်ရှိ သင့်ဓာတ်ပုံ သို့မဟုတ် နာမည်အစများကို နှိပ်ပါ။

  3. Privacy အောက်ရှိ Apps သို့မဟုတ် Devices ကိုနှိပ်ပါ။

    ဖန်သားပြင်တွင် Health အချက်အလက်များကို အသုံးပြုခွင့်တောင်းဆိုသည့် အရာများကို စာရင်းဖော်ပြထားသည်။

  4. ထိုအရာအတွက် အသုံးပြုခွင့်ပြောင်းလဲရန် ၎င်းကိုနှိပ်ပါ၊ Health သို့ သို့မဟုတ် မှ အဝင်အထွက် အချက်အလက်များကို ရေးသားရန် သို့မဟုတ် ဖတ်ရင် ခွင့်ပြုချက်ကို အဖွင့်၊ အပိတ်လုပ်ပါ။

သင့်ကျန်းမာရေးနှင့်ကြံခိုင်ရေးအချက်အလက်ကို XML ပုံစံဖြင့် မျှဝေခြင်း

Health မှ သင့်ကျန်းမာရေးနှင့်ကြံခိုင်ရေးအချက်အလက်အားလုံးကို အက်ပ်များ အကြားအချက်အလက်မျှဝေခြင်းအတွက် သာမန်ပုံစံတစ်ခုဖြစ်သည့် XML ပုံစံဖြင့်ထုတ်နိုင်သည်။

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. Summary ကိုနှိပ်ပါ၊ ထို့နောက် ညာဘက်ထိပ်ရှိ သင့်ဓာတ်ပုံ သို့မဟုတ် နာမည်အစများကို နှိပ်ပါ။

  3. Export All Health Data ကိုနှိပ်ပါ၊ ထို့နောက် သင့်အချက်အလက်များကို မျှဝေရန်နည်းလမ်းတစ်ခုကို ရွေးချယ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.