ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်အဝင်ဖုန်းခေါ်ဆိုမှုများကို လက်ခံပြောဆိုခြင်း သို့မဟုတ် ပယ်ချခြင်း

အဝင်ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံပြောဆိုခြင်း၊ အသံပိတ်ခြင်း သို့မဟုတ် ပယ်ချခြင်းများပြုလုပ်နိုင်သည်။ ဖုန်းခေါ်ဆိုမှုတစ်ခုကို ငြင်းဆိုသည့်အခါ voicemail စနစ်သို့ရောက်သွားမည်။ ထို့အပြင် သင်သည် ဖုန်းခေါ်ဆိုမှုတစ်ခုကို စာသားဖြင့်လည်း တုံ့ပြန်နိုင်ပါသည်။

ဖုန်းခေါ်ဆိုမှုကို လက်ခံပြောဆိုခြင်း

အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

  • Answer Call ခလုတ် ကိုနှိပ်ပါ။

  • သင်၏ iPhone သည်သော့ခတ်သည့်အနေအထားဖြစ်ပါက ဆလိုက်ဒါကို ဖိဆွဲပါ။

အကြံပြုချက် အဝင်ခေါ်ဆိုမှုများကိုအသိပေးရန် Siri ကိုစေခိုင်းနိုင်ပြီး ၎င်းသည်သင်၏အသံကိုအသုံးပြု၍ လက်ခံဖြေကြားခြင်း သို့မဟုတ် ဖုန်းချခြင်းတို့ကိုလုပ်နိုင်သည်။

ဖုန်းခေါ်ဆိုမှုတစ်ခုကို အသံတိတ်စေခြင်း

ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာသည့်အခါ ဘေးဘက်ခလုတ် သို့မဟုတ် အသံအနိမ့်အမြင့်ခလုတ်တစ်ခုခုကို ဖိထားပါ။

၎င်းအသံတိတ်လိုက်သော ဖုန်းခေါ်ဆိုမှုကို voicemail ထဲမရောက်သေးခင်အချိန်အထိ ဖြေကြားပြောဆိုနိုင်သေးသည်။

မှတ်စု အမည်မသိခေါ်နံပါတ်များထံမှ ဖုန်းခေါ်ဆိုမှုများကိုလည်း ကာကွယ်ပြီး အသံပိတ်နိုင်သည်။ အမည်မသိနံပါတ်များကို ကာကွယ်ပေးခြင်း သို့မဟုတ် အသံတိတ်ပေးခြင်း ကိုကြည့်ပါ။

ဖုန်းခေါ်ဆိုမှုတစ်ခုကို ငြင်းပယ်ကာ voicemail ထဲသို့တိုက်ရိုက်ထည့်ခြင်း

အဝင်ဖုန်းခေါ်ဆိုမှုတစ်ခုကို ငြင်းဆိုရန် အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

  • ဘေးဘက်ခလုတ်ကို နှစ်ကြိမ်မြန်မြန်နှိပ်ပါ။

  • Decline Call ခလုတ် ကိုနှိပ်ပါ။

  • ဖုန်းခေါ်ဆိုမှုခေါင်းစီးတန်းပေါ်တွင် အပေါ်သို့ ပွတ်ဆွဲပါ။

ရွေးချယ်မှုများပိုမိုမြင်ရရန် ဖုန်းခေါ်ဆိုမှုခေါင်းစီးတန်းပေါ်ကို နှိပ်နိုင်ပါသည်။ အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

  • ထို ဖုန်းခေါ် ဆိုမှုသို့ voicemail ကိုပို့ပေးရန် Voicemail ကိုနှိပ်ပါ။

  • Message နှိပ်၍ ပုံသေပြန်စာတစ်ခုကို ရွေးချယ်ပါ သို့မဟုတ် Custom ကိုနှိပ်ပါ။

    သင်၏ကိုယ်ပိုင် အလိုအလျောက်ပြန်စာများဖန်တီးလိုလျှင် Settings > Apps > Phone > Respond with Text သို့သွား၍ Respond With အောက်ရှိ မည်သည့် ကွက်လပ်ကို မဆိုနှိပ်ပါ၊ ထို့နောက် သင့်ကိုယ်ပိုင်အဖြေကိုနှိပ်ပါ။

မှတ်စု တချို့နိုင်ငံများ သို့မဟုတ် ဒေသများတွင် ငြင်းပယ်လိုက်သည့် ဖုန်းခေါ်ဆိုမှုများကို voicemail သို့မပို့ဆောင်တော့ဘဲ လိုင်းဖြတ်တောက်ပစ်သည်။

ဖုန်းကိုမဖြေဘဲ ထိုခေါ်ဆိုသူကို အချက်အလက်များပို၍ မေးမြန်းခြင်း

သင်သည် ခေါ် ဆိုမှုတစ်ခုကို လက်ခံရရှိသည့်အခါ ထိုဖုန်းကို ဖြေဆိုရန်ကို မဆုံးဖြတ်မီ အချက်အလက်များပိုပေးရန် ထိုခေါ်ဆိုသူကို မက်ဆေ့ချ်ပို့၍ မေးနိုင်သည်။

Type to Reply ကိုနှိပ်ပါ၊ ထို့နောက် သင်၏ iPhone မှ ထိုခေါ် ဆိုသူကို ပြောလိုသည့် မက်ဆေ့ချ်ကို ရေးပါ။ သူတို့၏ ပြန်ဆိုမှုများသည် သင်၏ဖန်သားပြင်တွင် စာသားအဖြစ်ပေါ်လာမည်။

iPhone သည် ခေါ်ဆိုသူများကို အတည်ပြုခြင်း၊ အချို့ဖုန်းခေါ်ဆိုသူများကိုပိတ်ဆို့ခြင်းနှင့် အမည်မသိဖုန်းခေါ်ဆိုမှုများကို ကန့်သတ်ထားခြင်းနှင့် အနှောင့်အယှက်ဖုန်းခေါ်ဆိုမှုများကို voicemail စနစ်သို့ တိုက်ရိုက်ပို့ခြင်းဖြင့် မဝင်စေလိုသည့်ဖုန်းခေါ်ဆိုမှုများကို ရှောင်ရှားနိုင်ရန် ကူညီပေးပါသည်။ အမည်မသိဖုန်းခေါ် ဆိုသူများကိုလည်း စစ်ထုတ်နိုင်သောကြောင့် သူတို့သည် သင်၏ လတ်တလောခေါ် ဆိုမှုထဲတွင် ပေါ်လာမည်မဟုတ်ဘဲ လွတ်သွားသောခေါ် ဆိုမှုများဖြစ်သွားမည်။ ပိုမိုလေ့လာရန် ခေါ်ဆိုမှုများကို ကာကွယ်တားဆီး၍ ပိတ်ဆို့ခြင်းကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.