ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ကို အင်တာနက်နှင့်ချိတ်ဆက်ခြင်း

ရရှိနိုင်သည့် Wi-Fi သို့မဟုတ် cellular ကွန်ရက်ကို အသုံးပြု၍ သင်၏ iPhone ကို အင်တာနက်နှင့် ချိတ်ဆက်ပါ။

HomeNet ဟုခေါ် သည့် Wi-Fi ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်ထားသည့် iPhone ကို ပြထားသည့် Settings ဖန်သားပြင်။

ရရှိနိုင်သည့် ကွန်ရက်များကို ကြည့်ခြင်းနှင့် Wi-Fi သို့ချိတ်ဆက်ခြင်း

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. Wi-Fi ကိုနှိပ်ကာ Wi-Fi ကိုဖွင့်ပါ။

    iPhone သည် သိထားပြီးသား ကွန်ရက်များသို့ အလိုအလျောက် ချိတ်ဆက်သည်။

  3. ကွန်ရက်အသစ်တစ်ခုကိုချိတ်ဆက်ရန် အောက်ပါတို့မှတစ်ခုကိုနှိပ်ပါ၊

    • ရရှိနိုင်သည့် ကွန်ရက်တစ်ခုသို့ ချိတ်ဆက်ခြင်း၊ ထိုကွန်ရက်၏ နာမည်ကိုနှိပ်ပါ။ မေးလာလျှင် စကားဝှက်ကို ရိုက်ထည့်ပါ။

    • ဝှက်ထားသည့်ကွန်ရက်တစ်ခုကို ချိတ်ဆက်ခြင်း၊ Other ကို နှိပ်ပါ၊ ထို့နောက် ကွန်ရက်အမည်၊ လုံခြုံမှုအမျိုးအစားနှင့် စကားဝှက်ကို ရိုက်ထည့်ပါ။

iPhone သည် Wi-Fi ကို ချိတ်ဆက်သွားလျှင် ထိုကွန်ရက်နာမည်ဘေးတွင် အပြာရောင်အခြစ်လေး ပေါ် လာပြီး ဖန်သားပြင်ထိပ်တွင် Wi-Fi သင်္ကေတ ပေါ် လာမည်။

Wi-Fi စကားဝှက်တစ်ခုကို မျှဝေခြင်း

သင့် iPhone သည် Wi-Fi ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်ထားလျှင် အနီးအနားရှိ အခြား iPhone၊ iPad သို့မဟုတ် Mac နှင့် Wi-Fi စကားဝှက်ကို မျှဝေနိုင်သည်။

  1. သင့် iPhone အားသော့ဖွင့်ထားခြင်း၊ Wi-Fi ကွန်ရက်သို့ချိတ်ဆက်ထားခြင်း၊ သင့် Apple Accountသို့ အကောင့်ဝင်ရောက်ထားခြင်းကို သေချာအောင်ပြုလုပ်ပါ။

  2. အောက်ပါတို့ကို သေချာအောင်ပြုလုပ်ပါ၊

    • သင်စကားဝှက်ကို မျှဝေနေသောသူသည် ၎င်းတို့၏စက်ပစ္စည်းတွင် ၎င်းတို့၏ Apple Account နှင့်အကောင့်ဝင်ရောက်ထားသည်။

    • ထိုသူသည် Contacts အက်ပ် ထဲရှိ သင့်အဆက်အသွယ်များထဲ၌ရှိနေသည်။

    • အခြားစက်ပစ္စည်းသည် သင့် iPhone နှင့်နီးကပ်သည်။

  3. အခြားစက်ပစ္စည်းပေါ်တွင် Wi-Fi ကွန်ရက်ကိုရွေးချယ်ပါ။

  4. သင့် iPhone ပေါ်တွင် Wi-Fi စကားဝှက်အကြောင်းကြားချက်အတွက် ခေတ္တစောင့်ဆိုင်းပါ၊ ထို့နောက် Share Password ကိုနှိပ်ပါ။

Personal Hotspot ကိုချိတ်ဆက်ခြင်း

cellular ဝန်ဆောင်မှုပါသည့် iPhone သို့မဟုတ် iPad သည် Personal Hotspot ကို မျှဝေထားလျှင် သင်သည် ၎င်း၏ cellular ချိတ်ဆက်မှုကို အသုံးပြုနိုင်သည်။

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. Wi-Fi သို့နှိပ်ပါ၊ ထို့နောက် Personal Hotspot မျှဝေမည့်စက်ပစ္စည်း၏အမည်ကို ရွေးချယ်ပါ။

  3. မေးလာလျှင် စကားဝှက်ကို ရိုက်ထည့်ပါ။ (Personal Hotspot မျှဝေထားသည့် စက်ပစ္စည်းပေါ် တွင် စကားဝှက်ကို Settings > Cellular > Personal Hotspot တွင် ပြထားသည်။)

Wi-Fi နှင့် hotspots အတွက် ချိန်ညှိမှုများကို စီမံခြင်း

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. Wi-Fi ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာတစ်ခုကို လုပ်ဆောင်ပါ၊

    • Wi-Fi ကွန်ရက်တစ်ခုအတွက် ချိန်ညှိမှုများကို ပြောင်းခြင်း၊ Info ခလုတ်ကိုနှိပ်ပါ။

    • Wi-Fi ကွန်ရက်အသစ်သို့ ချိတ်ဆက်ခြင်း၊ Ask to Join Networks ကို နှိပ်ပါ၊ ထို့နောက် Off၊ Notify သို့မဟုတ် Ask ကို ရွေးချယ်ပါ။

    • Wi-Fi မရနိုင်လျှင် ကိုယ်ပိုင် hotspot တစ်ခုသို့ ချိတ်ဆက်ပါ၊ Auto-Join Hotspot ကို နှိပ်ပါ၊ ထို့နောက် Never၊ Ask to Join သို့မဟုတ် Automatic ကိုရွေးပါ။

Wi-Fi မရနိုင်လျှင် cellular ကွန်ရက်တစ်ခုကို ချိတ်ဆက်ခြင်း

Wi-Fi ကွန်ရက်မရနိုင်ပါက သင်၏ iPhone သည် ဖုန်းဝန်ဆောင်မှုကုမ္ပဏီ၏ cellular အင်တာနက်ကွန်ရက်ဖြင့် အလိုအလျောက်ချိတ်ဆက်သည်။ iPhone က မချိတ်ဆက်ပေးလျှင် အောက်ပါတို့ကိုစစ်ဆေးပါ၊

  1. သင်၏ဆင်းမ်ကတ်အား အသက်သွင်းပြီး သော့ဖြည်ထားကြောင်း အတည်ပြုစစ်ဆေးပါ။ cellular ဝန်ဆောင်မှုကို စီမံလုပ်ဆောင်ခြင်းကိုကြည့်ပါ။

  2. သင့် iPhone တွင် Settings အက်ပ်  ကိုသွားပါ၊ ထို့နောက် Cellular ကိုနှိပ်ပါ။

  3. Cellular Data သည် ဖွင့်လျက်ရှိမရှိ အတည်ပြုစစ်ဆေးပါ။ သင်သည် ဆင်းမ်ကတ်နှစ်မျိုးကို အသုံးပြုနေပါက Cellular Data ကိုနှိပ်ပါ၊ ထို့နောက် ရွေးချယ်ထားသောလိုင်းကို အတည်ပြုစစ်ဆေးပါ။ (cellular အင်တာနက်အတွက် လိုင်းတစ်လိုင်းတည်းကိုသာ ရွေးချယ်နိုင်သည်။)

iPhone ကို အင်တာနက်နှင့်ချိတ်ဆက်နည်း

iPhone သည် ချိတ်ဆက်မှုတစ်ခု မလုပ်နိုင်လျှင် အောက်ပါတို့ကို လုပ်သည်၊

  • လတ်တစ်လောအသုံးပြုထားသောရနိုင်သည့် Wi-Fi ကွန်ရက်သို့ ချိတ်ဆက်နိုင်ရန် ကြိုးပမ်းခြင်း

  • Wi-Fi ကွန်ရက်များစာရင်းကို အစဉ်လိုက်ပြ၍ သင်ရွေးချယ်သည့် ကွန်ရက်နှင့် ချိတ်ဆက်ခြင်း

  • သင့်ဖုန်းဝန်ဆောင်မှုပေးသည့်ကုမ္ပဏီ၏ အင်တာနက်ကွန်ရက်သို့ ချိတ်ဆက်ခြင်း

    5G ထောက်ပံ့ပေးသော iPhoneတစ်ခုတွင် iPhone သည် Wi-Fi အစား သင်၏ 5G cellular data ကိုအသုံးပြုနိုင်သည်။ ထိုကဲ့သို့အသုံးပြုပါက Wi-Fi ကွန်ရက်၏အမည်အောက်တွင် Using 5G Cellular For Internet ကိုမြင်တွေ့ရမည်။ Wi-Fi သို့တစ်ဖန်ပြောင်းလဲရန် ကွန်ရက်အမည်နှင့် ကပ်လျက်ရှိ Info ခလုတ် ကိုနှိပ်၍ Use Wi-Fi for Internet ကိုနှိပ်ပါ။ Apple အထောက်အကူပြုဆောင်းပါးရှိ သင်၏ iPhone ဖြင့် 5G ကိုအသုံးပြုခြင်း ကိုကြည့်ပါ။

မှတ်စု အင်တာနက်ချိတ်ဆက်နိုင်သည့် Wi-Fi ချိတ်ဆက်မှုတစ်ခုမရလျှင် အက်ပ်စ်များနှင့် ဝန်ဆောင်မှုများသည် သင့်ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ၏ cellular ကွန်ရက်မှ တစ်ဆင့်ပေးပို့မှာဖြစ်ပြီး ယင်းသည် ထပ်ဆောင်းကုန်ကျမှုကိုဖြစ်စေနိုင်သည်။ သင့် cellular အင်တာနက်နှုန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်အတွက် သင့်ဖုန်းဝန်ဆောင်မှုပေးသည့်ကုမ္ပဏီနှင့် ဆက်သွယ်ပါ။ cellular အင်တာနက်အသုံးပြုပုံကို စီမံလုပ်ဆောင်ရန်၊ cellular data ချိန်ညှိမှုများကို ကြည့်ခြင်း သို့မဟုတ် ပြောင်းခြင်းကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.