ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

Guided Access ကိုသုံး၍ iPhone ကိုအက်ပ်တစ်ခုသို့ သော့ခတ်ခြင်း

Guided Access ကိုသုံးကာ iPhone ကိုအက်ပ်တစ်ခုသို့ ယာယီကန့်သတ်ထားနိုင်သည်။ သင့် iPhone ကို ကလေးတစ်ယောက်အား သုံးခွင့်ပြုထားသည့်အချိန် သို့မဟုတ် အလုပ်တစ်ခုအပေါ်တွင် သင်အာရုံစိုက်ထားချင်သည့်အချိန်တွင် ဤအရာသည် အသုံးဝင်နိုင်သည်။ အချိန်ကန့်သတ်ချက်တစ်ခု သတ်မှတ်နိုင်ပြီး၊ မည်သည့်လုပ်ဆောင်ချက်များ၊ မည်သည့်ဟာ့ဒ်ဝဲလ်ခလုတ်များနှင့် ဖန်သားပြင်၏ မည်သည့်နေရာများကို အသုံးပြုနိုင်သည်ကိုလည်း စိတ်ကြိုက်ပြုပြင်နိုင်သည်။

Guided Access အား သတ်မှတ်နေသည်ကို ပြသနေသော iPhone ဖန်သားပြင်တစ်ခု။ iPhone အား Calculator အက်ပ်သို့သာ ယာယီသော့ပိတ်ထားသည်၊ ထိုအက်ပ်ထဲမှ ခလုတ်တစ်ခုကိုလည်း ပိတ်ထားသည်။

Guided Access ကို စီစဉ်ခြင်း

  1. သင့် iPhone တွင် Settings  အက်ပ် ကိုသွားပါ။

  2. Accessibility ကိုနှိပ်ပါ၊ Guided Access ကိုနှိပ်ပါ၊ ထို့နောက် Guided Access ကိုဖွင့်ပါ။

  3. Guided Access ကဏ္ဍများအတွက် အောက်ပါတို့မှ တစ်ခုခုကို စီမံပါ၊

    • စကားဝှက်တစ်ခုဖြင့် ကဏ္ဍတစ်ခုကို အဆုံးသတ်ခြင်း၊ Passcode Settings ကိုနှိပ်ပါ၊ Set Guided Access Passcode ကိုနှိပ်ပါ၊ ထို့နောက် စကားဝှက်တစ်ခုကို ရိုက်ထည့်ပါ။

    • Face ID သို့မဟုတ် Touch ID ဖြင့် ကဏ္ဍတစ်ခုကို အဆုံးသတ်ခြင်း၊ Passcode Settings ကိုနှိပ်ပါ၊ Face ID (Face ID ပါသည့် iPhone တွင်) သို့မဟုတ် Touch ID (တခြား iPhone အမျိုးအစားများတွင်) ကိုဖွင့်ပါ။

    • အချိန်ကန့်သတ်ချက်များကို ပြောပြရန် အသံတစ်ခုဖွင့်ခြင်း၊ Time Limits ကိုနှိပ်ပါ၊ Sound ကိုနှိပ်ပါ၊ ထို့နောက် အသံတစ်ခုကို ရွေးချယ်ပါ သို့မဟုတ် တခြားရွေးချယ်စရာများကို ရှာဖွေရန် Tone Store ကိုနှိပ်ပါ။

    • အချိန်ကန့်သတ်မှုများ ပြောဆိုခြင်းကို ကြားစေခြင်း၊ Time Limits ကိုနှိပ်ပါ၊ ထို့နောက် Guided Access ကဏ္ဍတစ်ခုအဆုံးမသတ်ခင် လက်ကျန်အချိန်ကို ကြားနိုင်ရန် Speak ကိုဖွင့်ပါ။

    • ကဏ္ဍတစ်ခုအတွင်း Accessibility Shortcut ကို ခွင့်ပြုပေးခြင်း၊ Accessibility Shortcutကိုဖွင့်ပါ။

    • iPhone အလိုအလျောက် သော့ခတ်ရန် ကြာမည့်အချိန်ကို သတ်မှတ်ပါ၊ Display Auto-Lock ကိုနှိပ်ပြီး option တစ်ခုကိုရွေးချယ်ပါ။

Guided Access ကဏ္ဍကိုစတင်ခြင်း

  1. သင်အသုံးပြုလိုသော အက်ပ်ဆီကိုသွားပါ။

  2. Guided Access ကိုဖွင့်ရန် အောက်ပါတို့မှ တစ်ခုကိုလိုက်လုပ်ပါ၊

    Siri၊ “Turn on Guided Access” ကဲ့သို့ တစ်ခုခုကို Siri ကိုမေးပါ။ Siri အားအသုံးပြုပုံကိုလေ့လာခြင်း

  3. သင်မလုပ်ဆောင်စေလိုသည့် ဖန်သားပြင်၏နေရာများကိုဝိုင်းပါ။ တည်နေရာထဲသို့ မျက်နှာဖုံးကိုပွတ်ဆွဲသွင်းပါ သို့မဟုတ် ၎င်းအရွယ်အစားများကိုချိန်ညှိရန် လက်ကိုင်များကို သုံးပါ။

  4. Session Settings ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာကို လုပ်ဆောင်ပါ၊

    • ဘေးဘက်ခလုတ်

    • အသံအတိုးအကျယ်ခလုတ်များ

    • လှုပ်ရှားမှု (iPhone ကို ဒေါင်လိုက်မှ အလျားလိုက်ပုံစံပြောင်းလဲသွားခြင်း မဖြစ်စေရန် သို့မဟုတ် အခြားလှုပ်ရှားမှုများကို တုံ့ပြန်ခြင်းမဖြစ်စေရန်)

    • ဆော့ဝဲလ်စာရိုက်ခလုတ်ခုံများ

    • ထိတွေ့မှု

    • အချိန်ကန့်သတ်ချက်

  5. Done ကိုနှိပ်ပါ၊ ထို့နောက် Start ကိုနှိပ်ပါ။

အရေးကြီးသော ယာဥ်တိုက်မှုကို ထောက်လှမ်းရှာဖွေခြင်းနှင့် အရေးပေါ်ဝန်ဆောင်မှုများသည် Guided Access ကို အသုံးပြုနေစဥ် အသုံးပြု၍ မရပါ။ Crash Detection ကိုအသုံးပြုရန် သို့မဟုတ် အရေးပေါ် ဖုန်းခေါ် ဆိုရန် Guided Access ကိုထွက်ခြင်း။

Guided Access ကဏ္ဍကိုအဆုံးသတ်ခြင်း

သင်သည် Guided Access ကိုစီမံသည့်အချိန်တွင်ရွေးချယ်ခဲ့သည့် လျှို့ဝှက်ကုဒ်နည်းလမ်းများပေါ်မူတည်ပြီး Guided Access ကဏ္ဍတစ်ခုကိုအဆုံးသတ်ရန် သင်၏ Guided Access လျှို့ဝှက်ကုဒ်ကိုရိုက်ထည့်ပါ သို့မဟုတ် Face ID ကိုအသုံးပြုပါ။

  • လျှို့ဝှက်ကုဒ်နံပါတ်ကို အသုံးပြုခြင်း၊ ဘေးခလုတ်ကိုသုံးခါနှိပ်ပါ (Face ID ပါသည့် iPhone တစ်လုံးတွင်) သို့မဟုတ် (အခြား iPhone အမျိုးအစားများတွင်) Home ခလုတ်ကိုသုံးခါနှိပ်ပါ၊ ထို့နောက် သင်၏ Guided Access လျှို့ဝှက်ကုဒ်နံပါတ်ကို ရိုက်ထည့်ပါ။

  • Face ID သို့မဟုတ် Touch ID အသုံးပြုခြင်း၊ Guided Access လျှို့ဝှက်ကုဒ်နံပါတ် Settings ထဲတွင် Face ID သို့မဟုတ် Touch ID ကိုဖွင့်ခဲ့ပါက ဘေးခလုတ် သို့မဟုတ် Home ခလုတ်ကို သုံးချက်နှိပ်ပါ၊ ထို့နောက် (သင့် iPhone အမျိုးအစားအပေါ်မူတည်၍) သင့် iPhone ကို Face ID သို့မဟုတ် Touch ID ဖြင့်သော့ဖွင့်ပါ။

ရိုးရှင်းအောင်ပြုလုပ်ထားသော ကြားခံနှင့် စိတ်ကြိုက်ပြုပြင်၍ရသော အဓိကလုပ်ဆောင်ချက်အစုပါရှိသည့် iPhone တစ်ခုကိုတပ်ဆင်ရန် Assistive Access သုံးစွဲသူလမ်းညွှန်ကိုကြည့်ပါ

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.