ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင့် iPhone မှ FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုကို သင်၏အခြားApple စက်ပစ္စည်းတစ်ခုသို့ လွှဲပြောင်းခြင်း

သင့် iPhone တွင် FaceTime ခေါ်ဆိုမှုကို စတင်၍ Apple Account တစ်ခုတည်းဖြင့် သင်ဝင်ရောက်သည့်အခြားစက်ပစ္စည်းသို့ ဖုန်းခေါ်ဆိုမှုကို ရွှေ့နိုင်သည်။

Continuity Camera and Mic တို့ဖြင့် သင်၏ Mac သို့မဟုတ် Apple TV 4K ပေါ်တွင် FaceTime ခေါ်ဆိုမှုများအတွက် iPhone ကို ဝက်ဘ်ကင်မရာနှင့် စကားပြောခွက်အဖြစ်လည်း အသုံးပြုနိုင်သည်။ Mac တွင် သင့် iPhone ကို ဝက်ဘ်ကင်မရာအဖြစ် အသုံးပြုခြင်း နှင့် Apple TV 4K တွင် FaceTime အသုံးပြုခြင်း တွင်ကြည့်ပါ။

မှတ်စု ဖုန်းခေါ်ဆိုမှုအတွက် သင်၏ရွေးချယ်ထားသည့် အဆက်အသွယ်သတင်းအချက်အလက်သည် Settings  > Apps > FaceTime တွင်ပြထား၍ သင်လွှဲပြောင်းလိုသည့် စက်ပစ္စည်းအတွက် FaceTime ချိန်ညှိမှုများတွင် ရွေးချယ်ထားသည့် အဆက်အသွယ် သတင်းအချက်အလက်နှင့် ကိုက်ညီရမည်။

FaceTime ခေါ်ဆိုမှုကို iPhone မှ iPad သို့မဟုတ် Mac သို့ ပြောင်းရွှေ့ခြင်း

သင့် iPhone ပေါ်တွင် FaceTime ခေါ်ဆိုမှု ပြုလုပ်နေစဉ်အတွင်း ၎င်းခေါ်ဆိုမှုကို သင့် iPad သို့မဟုတ် Mac သို့ ပြောင်းရွှေ့နိုင်သည် (iOS 16၊ iPadOS 16၊ macOS 13 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများလိုအပ်သည်)။ ၎င်းစက်ပစ္စည်းနှစ်ခုလုံးတွင် Apple Account တစ်ခုတည်းဖြင့်သာ မှတ်ပုံတင်စာရင်းသွင်းထားရမည်။

  1. သင်၏ iPhone ရှိ FaceTime အက်ပ် တွင် ခေါ်ဆိုမှုတစ်ခုအတွင်း အခြားစက်ပစ္စည်းပေါ်တွင် အောက်ပါတို့အနနက် တစ်ခုခုကို လုပ်ပါ၊

    • အကြံပြုချက် “Move call to this [device]” ပါရှိသည့် အကြောင်းကြားချက်ကိုနှိပ်ပါ။

    • ဖန်သားပြင်ထိပ်ရှိ FaceTime video call ခလုတ် သို့မဟုတ် Call ခလုတ် ကိုနှိပ်ပါ။

  2. Switch သို့မဟုတ် Join ကိုနှိပ်ပါ၊ ထို့နောက် အတည်ပြုရန် Switch သို့မဟုတ် Join ကိုနှိပ်ပါ။

    ထိုဖုန်းခေါ်ဆိုမှုကို စက်ပစ္စည်းအသစ်သို့ရွေ့သည်။ မူလစက်ပစ္စည်းတွင် ပြန်လည်ခေါ်ဆိုမှုကို ယူဆောင်လိုပါက သင်နှိပ်နိုင်သည့် Switch ခလုတ်တစ်ခုနှင့်အတူ ဖုန်းခေါ်ဆိုမှုကို အခြားတစ်နေရာရာတွင် ဆက်လက်လုပ်ဆောင်သည်ကို အတည်ပြုရင်း စာတန်းတစ်ခုပေါ်လာသည်။

သင့် iPhone မှ FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုကို Apple TV 4K သို့ လွှဲပြောင်းခြင်း

စက်ပစ္စည်းနှစ်လုံးစလုံးတွင် Apple Account တစ်ခုတည်းသို့ ဝင်ရောက်ထားသည့်အခါ သင့် iPhone တွင် FaceTime ခေါ်ဆိုမှုတစ်ခုကို စတင် ( သို့မဟုတ် လက်ခံ)၍ Apple TV 4K (2nd generation သို့မဟုတ် နောက်ပိုင်းအမျိုးအစား)ပေါ်ရှိ ပိုကြီးသော ဖန်သားပြင်ပေါ်သို့ ခေါ်ဆိုမှုကို ပြောင်းရွှေ့နိုင်သည်။ ခေါ်ဆိုမှုကို ပြောင်းရွှေ့ပြီးနောက် ၎င်းက Apple TV 4K ပေါ်တွင် ဆက်လက်လုပ်ဆောင်နေပြီး ခေါ်ဆိုမှုအတွင်း Apple TV 4K အတွက် ဝက်ဘ်ကင်မရာနှင့် စကားပြောခွက် အဖြစ် သင့် iPhone က လုပ်ဆောင်ပေးသည်။ Apple TV 4K ပါသည့် Continuity Camera ကို iPhone XR၊ iPhone XS သို့မဟုတ် နောက်ပိုင်းအမျိုးအစား နှင့် Apple TV 4K (2nd generation သို့မဟုတ် နောက်ပိုင်းအမျိုးအစား) တို့တွင် ရရှိနိုင်သည်။

ခေါ်ဆိုမှုကို ပြောင်းရွှေ့၍ Apple TV 4K (2nd generation) ပေါ်တွင် ဆက်လက်လုပ်ဆောင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များအတွက် Apple TV 4K (2nd generation သို့မဟုတ် နောက်ပိုင်း) ပေါ်တွင် FaceTime အသုံးပြုခြင်းတွင် ကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.