ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် VoiceOver ဖြင့် မျက်မမြင်စာပြသမှုကို သုံးပါ

VoiceOverကို အသုံးပြုပြီး Bluetooth® ကြိုးမဲ့ပြန်လည်သစ်လွင်နိုင်သော မျက်မမြင်စာ မျက်နှာပြင်ကို ချိတ်ဆက်နိုင်ပြီး ၎င်းကိုအသုံးပြုကာ iPhone ကို ထိန်းချုပ်လမ်းညွှန်ပြီး ဖန်သားပြင်ပေါ်တွင်ရှိသောအရာကို ဖတ်ရှုနိုင်သည်။ မျက်နှာပြင်ပေါ်တွင် သင်ရိုက်ထည့်သော မျက်မမြင်စာသည် စာသားအဖြစ်သို့ အလိုအလျောက်ဘာသာပြန်သွားသည်၊ သင်ရိုက်နေသောအရာကိုလည်း အကြောင်းအရာအဖြစ် မျက်နှာပြင်ကပြသပေးသည်။ နိုင်ငံတကာမျက်မမြင်ဇယားများစွာအတွက် အထောက်အကူပြုမှုဖြင့်၊ ချုံ့ထားသော သို့မဟုတ် မချုံ့ထားသောမျက်မမြင်စာကိုအသုံးပြုကာ စာဖတ်နိုင် စာရိုက်နိုင်သည်။

ထည့်သွင်း၍ရနိုင်မည့် မျက်မမြင်စာပြသမှုစာရင်းတစ်ခုအတွက် Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် iPhone, iPad, and iPod touchတို့တွင် ပံ့ပိုးပေးထားသည့် မျက်မမြင်စာပြသမှုများ ကို ဖတ်ပါ။

မျက်မမြင်စာပြသမှုတစ်ခုနှင့် ချိတ်ဆက်၍ iPhone ကိုထိန်းချုပ်ရန် ညွှန်ကြားချက်များကို လေ့လာပါ

  1. မျက်မမြင်စာပြသမှုကိုဖွင့်ပါ။

  2. iPhone တွင် Settings  > Bluetooth သို့သွားပါ၊ Bluetooth ကိုဖွင့်ပါ၊ ထို့နောက်၎င်းပြသမှုကိုရွေးချယ်ပါ။

  3. iPhone တွင် Settings > Accessibility > VoiceOver > Braille သို့သွားပါ၊ ထို့နောက်ပြသမှုကိုရွေးချယ်ပါ။

  4. iPhone ထိန်းချုပ်ခြင်းအတွက် မျက်မမြင်စာညွှန်ကြားချက်များကို မြင်ရရန် More Info ကိုနှိပ်၍ Braille Commands ကိုနှိပ်ပါ။

Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် သင်၏ iPhone၊ iPad နှင့် iPod touch ရှိ VoiceOver အတွက် အသုံးများသော မျက်မမြင်စာညွှန်ကြားချက်များ ကိုကြည့်ပါ။

မျက်မမြင်စာပြသမှုချိန်ညှိချက်များကို ပြောင်းလဲခြင်း

  1. iPhone တွင် Settings  > Accessibility > VoiceOver > Braille သို့သွားပါ။

  2. အောက်ဖော်ပြပါတို့မှ မည်သည်ကိုမဆို ရွေးချယ်သတ်မှတ်ပါ၊

    ချိန်ညှိခြင်း

    ဖော်ပြချက်

    ထည့်သွင်းခြင်းနှင့် ထုတ်ပေးခြင်းဇယားများကို ကိုက်ညီခြင်း

    သတင်းအချက်အလက်ထည့်သွင်းခြင်းနှင့် ဖတ်ရှုမှုကိုထုတ်ပေးခြင်း နှစ်မျိုးလုံးအတွက် တူညီသောဇယားကိုအသုံးပြုရန် မျက်မမြင်စာမျက်နှာပြင်ကို သတ်မှတ်ခြင်း။

    ထည့်သွင်းခြင်းနှင့် ထွက်ရှိမှုရလဒ်

    မျက်မမြင်စာထည့်သွင်းခြင်းနှင့် ထွက်ရှိမည့်ရလဒ်ကို ရိုက်နှိပ်ရန်အတွက် သင်အသုံးပြုချင်သော မျက်မမြင်စာဇယားကို ရွေးချယ်ပါ။ ထပ်ဆောင်းဘာသာစကားများအတွက် ဇယားများမှ ရွေးချယ်နိုင်သလို အစက်ခြောက်စက် သို့မဟုတ် ရှစ်စက်နှင့် ချုံ့ထားသည့် သို့မဟုတ် မချုံ့ထားသည့်မျက်မမြင်စာတို့မှလည်း ရွေးချယ်နိုင်သည်။

    မျက်မမြင်စာဖန်သားပြင်တွင် ထည့်သွင်းမှု

    ဖန်သားပြင်ကိုအသုံးပြုကာ မျက်မမြင်စာများ ထည့်သွင်းရန်အတွက် ထည့်သွင်းမည့်နည်းကို ရွေးချယ်ပါ။ VoiceOver နှင့် မျက်မမြင်စာကို iPhone ဖန်သားပြင်ပေါ်တွင် တိုက်ရိုက်စာရိုက်ပါ ကိုကြည့်ပါ။

    မျက်မမြင်စာဇယားများ

    မျက်မမြင်စာဇယားရိုတာများသို့ ဇယားများထည့်သွင်းပါ။

    Braille Access

    မျက်မမြင် မှတ်စုများ၊ BRF ဖိုင်များသို့ အလျှင်အမြန်ဝင်ခြင်းနှင့် မျက်မမြင်ပြသမှုတစ်ခုကို ပိုမိုအသုံးပြုခြင်း။ Braille Access ချိန်ညှိမှုများကို ပြောင်းခြင်း ကိုကြည့်ပါ။

    Item Overview

    အမျိုးအစားတစ်ခုစီ၏ ပြသထားသည့် cell အရေအတွက်များကို ချိန်ညှိခြင်း။ Item Overview ကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန်အတွက် အစက် 6၊ 7 နှင့် 8 တို့ကို တစ်ပြိုင်တည်းနှိပ်ပါ။

    အလိုအလျောက်ဘာသာပြန်ခြင်း

    သင်စာရိုက်ခြင်းကို ရပ်တန့်လိုက်သည်နှင့် သင်ရိုက်ထားသောမျက်မမြင်စာကို စာသားအဖြစ်သို့ အလိုအလျောက်ဘာသာပြန်ရန် ဤရွေးချယ်မှုကိုဖွင့်ပါ။

    အခြေအနေပြ အကန့်များ

    ယေဘုယျနှင့် စာသားအခြေအနေပြအကန့်များကို ဖွင့်၍ ၎င်းတို့၏ တည်နေရာကို ရွေးချယ်ပါ။

    Nemeth ကုဒ်နံပါတ်ကိုအသုံးပြုသော ညီမျှခြင်းများ

    သင်္ချာနှင့်ဆိုင်သည့် ညီမျှခြင်းများအတွက် Nemeth ကုဒ်နံပါတ်ကိုဖွင့်ပါ။

    Onscreen Keyboard ဖော်ပြခြင်း

    ဖန်သားပြင်ပေါ်ရှိ စာရိုက်ခလုတ်ခုံကို ပြသပါ။

    အနီးကပ်ဆွဲချဲ့ထားချိန် Pages ကိုလှန်ခြင်း

    အနီးကပ်ဆွဲချဲ့ထားချိန် pages ကို အလိုအလျောက်လှန်ပါ။

    စာလုံးနေရာစီခြင်း

    စာလုံးများကို နောက်စာကြောင်းသို့ နေရာပြောင်းစီပါ။

    စာသားပုံစံချခြင်း

    စာလုံးအမဲတင်ခြင်းနှင့် စာလုံးစောင်းရေးခြင်းကဲ့သို့ စာသားပုံစံချသည့် အချက်အလက်များကို ပြသခြင်း။

    Underline Cursor ကိုအသုံးပြုခြင်း

    အညွှန်းမြားတံကို အောက်လိုင်းမျဥ်းအဖြစ် ပြသခြင်း။

    မျက်မမြင်စာသတိပေးချက်မက်ဆေ့ချ်များ

    ဖွင့်ထားသည့်အခါ မျက်မပြင်စာပြသမှုမှ သတ်မှတ်ထားသည့်ကြာချိန်အတွက် သတိပေးချက်မက်ဆေ့ချ်တစ်ခုကိုပြသည်။

    မိတ်ဖက်သံလက်ကွက် ကြာချိန်ကို လျစ်လျူရှုခြင်း

    နောက်ဆက်တွဲသံစဥ်ခလုတ်များကို မျက်မမြင်စာမိတ်ဖက်သံလက်ကွက်များအဖြစ် အသိအမှတ်မပြုမီ လိုအပ်သောအချိန်ပမာဏကို ချိန်ညှိပါ။

    အလိုအလျောက် ဖတ်ရှုခြင်းမြန်နှုန်းကြာချိန်

    သင်ကြိုက်နှစ်သက်သော စာဖတ်ခြင်းမြန်နှုန်းဖြစ်စေရန် ၎င်းချိန်ညှိမှုကို ချိန်ညှိပါ။

    အသံကာ

    မျက်မမြင်စာမျက်နှာပြင်တစ်ခုအား iPhone သို့ ချိတ်ဆက်ထားချိန်တွင် အသံအများစုကို ပိတ်ပေးထားမည်ဖြစ်သည်။ အရေးပေါ်သတိပေးချက်များသည် အသံထွက်နေဦးမည်ဖြစ်သည်။

    စတင်မှုတွင် Bluetooth ကိုဖွင့်ခြင်း

    iPhone သို့ မျက်မမြင်စာမျက်နှာပြင်များ ချိတ်ဆက်နိုင်ရန် သင် VoiceOver ကိုဖွင့်လိုက်ချိန်တွင် Bluetooth အားအလိုအလျောက်ဖွင့်ခြင်း။

မီဒီယာပြန်ဖွင့်နေစဉ်အတွင်းမျက်မမြင်စာဖြင့်အပိတ်ခေါင်းစီးပေါ်အောင်လုပ်ပါ

  1. iPhone တွင် Settings  > Accessibility > VoiceOver > Verbosity သို့သွားပါ။

  2. Braille သို့မဟုတ် Speech and Braille ကိုရွေးပါ။

2D မျက်မမြင်စာပြသမှုကိုသုံးခြင်း

အထောက်အကူပြုထားသော 2D မျက်မမြင်စာမျက်နှာပြင်ကို အသုံးပြုပါက ရုပ်ပုံများကိုပြသသောမုဒ် သို့မဟုတ် စာသားကိုမျဥ်းကြောင်းအများအပြားပေါ်တွင် ဖတ်ရှုရန်မုဒ်ကဲ့သို့ မတူညီသော အချက်အလက်ထုတ်ပေးသည့်မုဒ်များအကြား ရိုတာကိုအသုံးပြုကာ ပြောင်းလဲနိုင်သည်။

  1. iPhone သို့သင့်မျက်မမြင်စာ မျက်နှာပြင်ကို ချိတ်ဆက်ခြင်း။

  2. VoiceOver ကို ဖွင့်ထားပြီး အချက်အလက်ထုတ်ပေးသောမုဒ်များကို ပြောင်းလဲရန်အတွက် မျက်မမြင်စာသားမုဒ်ရိုတာကိုအသုံးပြုပါ။ ရိုတာကိုသုံး၍ VoiceOver ကိုထိန်းချုပ်ခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.