ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ News တွင် အသံဖိုင်သတင်းများကို နားထောင်ခြင်း

သင်သည် Apple News+ ကို စာရင်းသွင်းထားပါက၊ ရွေးထားသည့် News+ ဆောင်းပါးများ၏ အသံပုံစံများကိုနားထောင်နိုင်သည်။ Podcasts အက်ပ်ထဲရှိ Apple News+ အသံဖိုင် သတင်းဆောင်းပါးများကို ရွေးချယ်၍လည်း နားထောင်နိုင်သည်။

မှတ်စု Apple News၊ Apple News+၊ နှင့် အသံစနစ်များသည် နိုင်ငံများ သို့မဟုတ် ဒေသများ အားလုံးတွင်မရနိုင်ပါ။ iOS နှင့် iPadOS Feature ရနိုင်သည့်ဝက်ဘ်ဆိုက် ကို ကြည့်ပါ။

Apple News+ ထဲရှိ အသံဖိုင်ဇာတ်လမ်းတစ်ခု။ ၎င်းအောက်တွင် အသံဖိုင်ဖွင့်စက်ထိန်းချုပ်ခလုတ်များနှင့် အသံအတိုးအချဲ့ဆလိုက်ဒါတစ်ခုရှိသည်။

အသံဖိုင်သတင်းများကို ရှာဖွေခြင်း

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. Apple News+ အသံဖိုင်သတင်းများနှင့် Apple News Today ကိုပြရန် Audio တက်ဘ် ကိုနှိပ်ပါ။

    စာရင်းသွင်းရယူထားသူဖြစ်ပါက အောက်ပါတို့အပါအဝင်ဖြစ်သော အသံဖိုင်ရွေးစရာများကို သင်တွေ့ရမည်၊

    • Up Next၊ သင်လက်ရှိနားထောင်မည့် သတင်းများ သို့မဟုတ် ဆက်လက်နားထောင်ရန် Up Next တွင် ထပ်ပေါင်းထားခြင်း။

    • သင့်အတွက်၊ သင့်စိတ်ဝင်စားမှုများပေါ်တွင်မူတည်ပြီး သတင်းများကိုအကြံပြုထားသည်။

ဇာတ်လမ်းတစ်ခုကို နားမထောင်မီ ၎င်းအကြောင်း ပိုမိုသိရှိလိုပါက See Details ကိုနှိပ်ပါ။

သင်သည် Apple News+ ကို စာရင်းသွင်းရယူထားသူမဟုတ်ပါက အသံဖိုင်သတင်းနမူနာများကို ကြားနိုင်မည်။

အသံဖိုင်သတင်းများကို ဖွင့်ခြင်း

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. Audio တက်ဘ် ကိုနှိပ်ပါ၊ ထို့နောက် သတင်းတစ်ပုဒ်ကိုနှိပ်ပါ။

  3. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • နောက်ထပ် အသံထိန်းချုပ်ခလုတ်များကို ဝင်ရောက်အသုံးပြုခြင်း၊ ဖန်သားပြင်အပြည့်ပုံစံဖွင့်ရန် ဖန်သားပြင်အောက်ခြေရှိ အသေးစားဖွင့်စက်ကိုနှိပ်ပါ။

    • ဖန်သားအပြင်ဖွင့်ထားခြင်းကို ပိတ်ခြင်း၊ More ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Close Audio Player ကိုနှိပ်ပါ။

    • ဖွင့်စက်အသေးသို့ ပြန်ပြောင်းခြင်း၊ ဖန်သားပြင်အပြည့်ဖွင့်စက်ကို ချုံ့ရန် အောက်သို့ ရွှေ့ပါ။

    • ဖွင့်စက်အသေးကို ပိတ်ခြင်း၊ ဖွင့်စက်အသေးကို ထိပြီးထိန်းထားပြီး Close Audio Player ကိုနှိပ်ပါ။

အသံဖိုင်သတင်းများသည် စာမျက်နှာတစ်ခုတွင်လည်း ပေါ်လာနိုင်သည်။ ထိုသတင်းကိုနားထောင်ရန် Play ခလုတ် ကိုနှိပ်ပါ (Apple News+ စာရင်းသွင်းရန်လိုသည်)။ ထိုသတင်းကိုဖတ်ရန် ၎င်းကိုနှိပ်ပါ၊ ထို့နောက် သတင်းထိပ်ရှိ Play ခလုတ် ကိုနှိပ်ပါ။

အောက်ပါထိန်းချုပ်ခလုတ်များမှ တစ်ခုခုကိုအသုံးပြုပါ၊

ထိန်းချုပ်ခြင်း

ဖော်ပြချက်

Play ခလုတ်။

ဖွင့်ခြင်း

Pause ခလုတ်။

ခေတ္တရပ်ခြင်း

Next Story ခလုတ်။

နောက်သတင်း

15 Seconds Rewind ခလုတ်။

နောက်သို့ 15 စက္ကန့်ပြန်ဆုတ်

Playback Speed ခလုတ်။

ပိုမြန်သော သို့မဟုတ် ပိုနှေးသော playback speed ကိုရွေးချယ်ခြင်း

Playback Destination ခလုတ်။

အခြားစက်ပစ္စည်းများသို့ အသံဖိုင်ထုတ်လွှင့်ခြင်း

Up Next တွင်သတင်းများ ထပ်တိုးခြင်း

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. Audio စာမျက်နှာ သို့မဟုတ် ပုံမှန်သတင်းစဉ်တွင် More ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Play Next သို့မဟုတ် Play Last ကိုရွေးချယ်ပါ။

Up Next စီတန်းမှုရှိ သတင်းများကိုပြန်စီစဉ်ရန် See All ကိုနှိပ်ပါ၊ Reorder ခလုတ်ကိုဖိ၍နှိပ်ပါ ထို့နောက် သင့်စိတ်ကြိုက် စီစဉ်ရန်သတင်းများကို ဆွဲယူပါ။

အသံဖိုင်သတင်းများကို ဖတ်ခြင်း၊ မျှဝေခြင်း နှင့် ဖယ်ရှားခြင်း

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. Audio တက်ဘ်ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာတစ်ခုကိုလုပ်ဆောင်ပါ၊

    • ဖတ်ခြင်း၊ သိမ်းဆည်းခြင်း၊ မျှဝေခြင်း အစရှိသည်၊ More ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် ရွေးစရာတစ်ခုကို ရွေးချယ်ပါ။

    • Up Next အတန်း သို့မဟုတ် For You မှသတင်းများကိုဖယ်ရှားခြင်း၊ ထိုသတင်းကို ထိပြီးထိန်းထားပါ၊ ထို့နောက် Remove ကိုရွေးချယ်ပါ။

မှတ်စု သတင်း၏ဘယ် သို့မဟုတ် ညာသို့ရွှေ့လိုက်သည့်အခါ အဆိုပါရွေးစရာများမှအချို့ကိုလည်း ရနိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.