ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ဖြင့် အရွယ်အစား၊ ပမာဏ၊ ထုထည်တိုင်းတာခြင်း

သင့်အနီးရှိ အရာဝတ္ထုများကို တိုင်းတာရန် သင်၏ iPhone ကင်မရာတို့ကို အသုံးပြုနိုင်သည်— ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိ အရာဝတ္ထုများ၏ အတိုင်းအတာများကို အလိုအလျောက်ရှာဖွေပေးသည် သို့မဟုတ် တိုင်းတာမှုတစ်ခု၏ အစမှတ်နှင့် အဆုံးမှတ်တို့ကို ကိုယ်တိုင်ထည်သွင်းနိုင်သည်။

Measure အက်ပ်ရှိ သေတ္တာတစ်ခု၏အတိုင်းအတာများကို တိုင်းတာပြသသည့် ဖန်သားပြင်။ သေတ္တာ၏ ဧရိယာကို အတိုင်းအတာများ၏ တိုင်းတာမှုများမှ တွက်နိုင်သည်။

အကိုက်ညီဆုံးရလဒ်ထွက်စေရန် iPhone မှ 0.5 မှ 3 မီတာ (2 မှ 10 ပေ) ရှိသော မြင်သာသည့် အရာဝတ္ထုကိုတိုင်းတာရန် Measure ကိုအသုံးပြုပါ။ (တိုင်းတာမှုများသည် အနီးစပ်ဆုံးခန့်မှန်းခြေသာဖြစ်သည်။)

မှတ်စု Control Center ရှိ Screen Mirroring ကို မဖွင့်ဘဲ ပြင်ပပြသမှုများတွင် Measure ကို အသုံးပြုနိုင်သည်။

တိုင်းတာမှုတစ်ခုကို စတင်ခြင်း

  1. သင့် iPhone ရှိ Measure အက်ပ် (Utilities ဖိုင်တွဲရှိ) ကိုသွားပါ။

  2. အနီးရှိအရာဝတ္ထုများကို ဖြည်းညင်းစွာ ပုံရိပ်ဖတ်ရန် iPhone ကင်မရာကို အသုံးပြုပါ။

  3. ဖန်သားပြင်ပေါ်တွင် သင်တိုင်းတာချင်သောအရာဝတ္ထုပေါ်လာစေရန် iPhoneကို နေရာချပါ။

မှတ်စု အတိုင်းအတာများပြုလုပ်ရန် Measure ကိုအသုံးပြုသည့်အခါ သင်၏သီးသန့်လုံခြုံရေးအတွက် သင်၏ကင်မရာအသုံးပြုနေကြောင်းညွှန်ပြရန် ဖန်သားပြင်၏ ထိပ်တွင် အစိမ်းရောင်အစက်လေးပေါ်နေမည်။

ထောင့်မှန်စတုဂံသဏ္ဍာန်ကို အလိုအလျောက်တိုင်းတာမှု ရယူခြင်း

  1. သင့် iPhone ရှိ Measure အက်ပ် (Utilities ဖိုင်တွဲရှိ) ကိုသွားပါ။

  2. အနီးရှိအရာဝတ္ထုများကို ဖြည်းညင်းစွာ ပုံရိပ်ဖတ်ရန် iPhone ကင်မရာကို အသုံးပြုပါ။

  3. iPhone သည် ထောင့်မှန်စတုဂံအရာဝတ္ထု၏ အစွန်းများကို ရှာဖွေသည့်အခါ ထိုအရာဝတ္ထုကို အဖြူရောင်လေးထောင့်ကွက်ဖြင့် ဘောင်ခတ်ထားသည်၊ အရွယ်အစားတိုင်းတာမှုများကို ကြည့်ရှုရန် အဖြူရောင်ထောင့်ကွက် သို့မဟုတ် Add ခလုတ် ကိုနှိပ်ပါ။

  4. သင်၏တိုင်းတာမှုကို ဓာတ်ပုံတစ်ပုံရိုက်ရန် Take Picture ခလုတ် ကိုနှိပ်ပါ။

ကိုယ်တိုင်တိုင်းတာမှုပြုလုပ်ခြင်း

  1. သင့် iPhone ရှိ Measure အက်ပ် (Utilities ဖိုင်တွဲရှိ) ကိုသွားပါ။

  2. ဖန်သားပြင်အလယ်ရှိ အစက်အမှတ်အသားကို သင်တိုင်းတာမှုစတင်လိုသည့်နေရာအမှတ်ဖြင့် ချိန်ထားပြီးနောက် Add ခလုတ် ကိုနှိပ်ပါ။

  3. iPhone ကို အဆုံးမှတ်အထိ ဖြည်းဖြည်းချင်း လှည့်ကာ တိုင်းတာထားသောအလျားကိုကြည့်ရန် Add ခလုတ် ကိုနှိပ်ပါ။

  4. သင်၏တိုင်းတာမှုကို ဓာတ်ပုံတစ်ပုံရိုက်ရန် Take Picture ခလုတ် ကိုနှိပ်ပါ။

  5. နောက်ထပ်တိုင်းတာမှုပြုလုပ်ပါ၊ သို့မဟုတ် အသစ်ပြန်တိုင်းတာရန် Clear ကိုနှိပ်ပါ။

အစွန်းဘက်လမ်းညွှန်မှုများကိုသုံးခြင်း

အထောက်အကူပြုထားသော အမျိုးအစားများတွင် အလိုအလျောက်ပေါ်လာသည့်လမ်းညွှန်လိုင်းများကိုသုံး၍ ပရိဘောဂ၊ မီးဖိုချောင်သုံးဗီရိုခုံထိပ်ပြင်များနှင့် အခြားအရာဝတ္ထုများ၏အမြင့်နှင့်အစွန်းဘက်တစ်လျှောက်ကို အလွယ်တကူတိုင်းတာနိုင်သည်။

  1. သင့် iPhone ရှိ Measure အက်ပ် (Utilities ဖိုင်တွဲရှိ) ကိုသွားပါ။

  2. ဖန်သားပြင်အလယ်ရှိအစက်ကို လမ်းညွှန်ချက်မျဥ်းတစ်ခု မပေါ်လာမချင်း အရာဝတ္ထု၏အစွန်းတစ်လျောက် နေရာချထားပါ။

  3. သင်စတင်တိုင်းတာလိုသည့်နေရာတွင် Add ခလုတ် ကိုနှိပ်ပါ။

  4. လမ်းညွှန်ချက်မျဥ်းအတိုင်း ဖြည်းဖြည်းချင်း လှည့်ကာ တိုင်းတာထားသောအလျားကိုကြည့်ရန် အဆုံးမှတ်တွင် Add ခလုတ် ကိုနှိပ်ပါ။

  5. သင်၏တိုင်းတာမှုကို ဓာတ်ပုံတစ်ပုံရိုက်ရန် Take Picture ခလုတ် ကိုနှိပ်ပါ။

ပေတံမြင်ကွင်းကိုသုံးခြင်း

အထောက်အကူပြုထားသော အမျိုးအစားများတွင် ပေတံမြင်ကွင်းနှင့်ဆိုလျှင် သင်၏တိုင်းတာမှုများတွင် အသေးစိတ်ကို ပိုမြင်ရနိုင်သည်။

  1. သင့် iPhone ရှိ Measure အက်ပ် (Utilities ဖိုင်တွဲရှိ) ကိုသွားပါ။

  2. အမှတ်နှစ်ခုကြားအကွာအဝေးကို တိုင်းတာပြီးသည့်နောက် iPhone ကို ပေတံတစ်ချောင်းပုံ ဖြစ်သည့် ဆတိုးအလျားယူနစ်များပြလာသည်အထိ တိုင်းတာမည့်လိုင်းအနီးသို့ ရွှေ့သွားပါ။

  3. သင်၏တိုင်းတာမှုကို ဓာတ်ပုံတစ်ပုံရိုက်ရန် Take Picture ခလုတ် ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.