iPhone ရှိ Fitness တွင် လေ့ကျင့်ခန်းတစ်ခုကို စိတ်ကြိုက်ပြုပြင်ခြင်း

သင်၏ iPhone တွင် သင်၏ ကိုယ်ခန္ဓာကြံ့ခိုင်ရေး ရည်မှန်းချက်များကို ပံ့ပိုးပေးရန်အတွက် စိတ်ကြိုက်ပြင်ထားသည့် လေ့ကျင့်ခန်းတစ်ခုကို ဖန်တီးနိုင်ပါသည်။ သွေးပူလေ့ကျင့်ခန်းလုပ်ရန်နှင့် cooldown လုပ်ရန်အချိန်များကို ပေါင်းထည့်ပါ- အလုပ်နှင့် ပြန်လည်အားဖြည့်သည့် ကြားကာလများကို ပေါင်းထည့်ပါ- အချိန်၊ ကယ်လိုရီနှင့် အကွာအဝေးရည်မှန်းချက်များ- အရှိန်တစ်ခုသတ်မှတ်ခြင်း-အစရှိသည်တို့ကို သတ်မှတ်ပါ။

သွေးပူလေ့ကျင့်ခန်း၊ လေ့ကျင့်ခန်းနှင့် ပြန်လည်အားဖြည့်သည် ကြားကာလများကို ပြသထားသည့် Fitness Custom Workout ဖန်သားပြင်။ ဖန်သားပြင်အောက်ခြေရှိခလုတ်များသည် အဆင့်တစ်ဆင့် ပေါင်းထည့်ရန်၊ ကြားကာလတစ်ခုကို ထပ်ကျော့ရန်နှင့် ကြားကာလများကို ပြန်စဥ်ရန်အတွက်ဖြစ်သည်။

မှတ်စု စိတ်ကြိုက်ပြင်ထားသည့် လေ့ကျင့်ခန်းများအတွက် သင်၏ iPhone နှင့်တွဲဆက်ထားပြီး watchOS 26 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများပါသည့် Apple Watch တစ်လုံးလိုအပ်ပါသည်။ သင်၏ iPhone တွင် ဖန်တီးထားသည့် စိတ်ကြိုက်ပြင်ထားသည့် လေ့ကျင့်ခန်းများကို သင်၏ Apple Watch သို့ အလိုအလျောက် ချိန်သားကိုက်ထားမှာဖြစ်သည်။ ပိုမိုသိရှိလိုပါက Apple Watch သုံးစွဲသူလမ်းညွှန်ထဲရှိ စိတ်ကြိုက်ပြင်ထားသည့် လေ့ကျင့်ခန်းတစ်ခုဖန်တီးခြင်းPacer လေ့ကျင့်ခန်းတစ်ခု ဖန်တီးခြင်း နှင့် သင်၏ နောက်ဆုံး သို့မဟုတ် အကောင်းဆုံးအချိန်နှင့် ယှဥ်ရန် Race Route ကိုသုံးခြင်း ကိုကြည့်ပါ။

စိတ်ကြိုက်လေ့ကျင့်ခန်းတစ်ခုကို ဖန်တီးခြင်း

သွေးပူလေ့ကျင့်ခန်းကာလတစ်ခု၊ ထပ်ကာထပ်ကာလေ့ကျင့်ခြင်းနှင့် အားပြန်ဖြည့်ရန် ကြားကာလများထည့်သွင်းရန်နှင့် ဖြေလျော့ခြင်းတို့ထည့်သွင်းရန် သင်၏ လေ့ကျင့်ခန်းများကို အံဝင်ခွင်ကျဖန်တီးနိုင်ပါသည်။

  1. သင့် iPhone ရှိ Fitness အက်ပ် ကိုသွားပါ။

  2. Workout ကိုနှိပ်ပါ၊ လေ့ကျင့်ခန်းအမျိုးအစားတစ်ခုထိရောက်အောင် ဆွဲချပါ၊ ထို့နောက် Goals ခလုတ် ကိုနှိပ်ပါ။

  3. Custom ကိုနှိပ်ပြီးနောက် Add ခလုတ် ကိုနှိပ်ပါ။

  4. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • သွေးပူလေ့ကျင့်ခန်း သို့မဟုတ် cooldown အချိန်ကာလတစ်ခုပေါင်းထည့်ခြင်း၊ Warmup သို့မဟုတ် Cooldown ကိုနှိပ်ပါ၊ Goal Type ကိုနှိပ်ပါ၊ ထို့နောက် Time၊ Distance သို့မဟုတ် Open ကိုနှိပ်ပါ။

      မှတ်စု သွေးပူလေ့ကျင့်ခန်းကြားကာလ သို့မဟုတ် လေ့ကျင့်ခန်းသွေးပူချိန်ကို လျှော့ချသည့်ကြားကာလတစ်ခုကို ကျော်လိုပါက Warmup သို့မဟုတ် Cooldown ကိုနှိပ်ပါ၊ ထို့နောက် Skip ကိုနှိပ်ပါ။

    • အလုပ်နှင့် ပြန်လည်အားဖြည့်သည့် ကြားကာလများကို ပေါင်းထည့်ခြင်း၊ Add Step ကိုနှိပ်ပါ၊ Work သို့မဟုတ် Recovery ကိုနှိပ်ပါ၊ ထို့နောက် Goal Type ဘေးရှိ Time၊ Distance သို့မဟုတ် Open ကိုရွေးပါ။

      အကြံပြုချက် ထို့အပြင် လေ့ကျင့်ခန်းတစ်ခု ထပ်ကာလုပ်ရန် သို့မဟုတ် သင်၏ စိတ်ကြိုက်ပြင်ထားသည့် လေ့ကျင့်ခန်းတွင် အားပြန်ဖြည့်သည့် ကြားကာလများကို သင်ကြိုက်သလောက်အချိန်ထည့်ရန်အတွက် Add Repeat ကိုလည်း နှိပ်နိုင်ပါသည်။

    • အလုပ်နှင့် ပြန်လည်အားဖြည့်သည့် ကြားကာလများကို ပြန်စီစဥ်ခြင်း၊ Reorder ကိုနှိပ်ပါ၊ ကြားကာလတစ်ခုကို ထိပြီးထိန်းထားပါ၊ ထို့နောက် ၎င်းကို နေရာပြန်ချပါ။ ပြီးဆုံးပါက Done ခလုတ်ကိုနှိပ်ပါ။

    • လေ့ကျင့်ခန်းတစ်ခု သို့မဟုတ် အားပြန်ဖြည့်ရန်ကြားကာလတစ်ခုကို ဖျက်ခြင်း၊ ကြားကာလတစ်ခုကိုနှိပ်ပါ၊ ထို့နောက် Delete Interval ကိုနှိပ်ပါ။

    • စိတ်ကြိုက်ပြင်ထားသည့် လေ့ကျင့်ခန်းကို နာမည်ပေးခြင်း၊ New Custom Workout ကိုနှိပ်ပါ၊ ထို့နောက် နာမည်တစ်ခုကို ထည့်ပါ။

    မှတ်စု ကြားကာလတစ်ခုသို့ ရည်မှန်းချက်တစ်ခုကိုပေါင်းထည့်ရန် Target ကိုနှိပ်ပါ။ ထိုလေ့ကျင့်ခန်း၏ ကြားကာလတစ်ခုချင်းစီကို အမည်ပေးနိုင်ပါသည်။

  5. ပြီးဆုံးပါက Done ခလုတ်ကိုနှိပ်ပါ။

လေ့ကျင့်ခန်းရည်မှန်းချက်တစ်ခုကို ပေါင်းထည့်ခြင်း

သင်သည် လေ့ကျင့်ခန်းအမျိုးအစားတစ်ခုချင်းစီအတွက် အချိန်၊ အကွာအဝေးနှင့် ကယ်လိုရီရည်မှန်းချက်များကို သတ်မှတ်နိုင်ပါသည်။

အပြင်တွင် ပြေးသည့် လေ့ကျင့်ခန်းတစ်ခုအတွက် အသေးစိတ်များကိုပြသထားသည့် Fitness Workout ဖန်သားပြင်။ Outdoor Run အောက်တွင် မီဒီယာကိုရွေးရန်နှင့် Workout Buddy ကိုစီမံရန် နည်းလမ်းများဖြစ်သည်။ အလယ်တွင် ထိပ်ဆုံးမှနေ၍ အောက်ခြေအထိသည် လေ့ကျင့်ခန်းတစ်ခုစတင်ရန်၊ စိတ်ကြိုက်လုပ်ထားသည့် လေ့ကျင့်ခန်းတစ်ခု၊ အရှိန်ဟန်ချက်ထိန်းထားသည့် လေ့ကျင့်ခန်းနှင့် အကွာအဝေးနှင့် ကယ်လိုရီသတ်မှတ်ချက်များပါသည့် လေ့ကျင့်ခန်းများအတွက် ရွေးစရာများဖြစ်သည်။
  1. သင့် iPhone ရှိ Fitness အက်ပ် ကိုသွားပါ။

  2. Workout ကိုနှိပ်ပါ၊ လေ့ကျင့်ခန်းအမျိုးအစားတစ်ခုထိရောက်အောင် ဆွဲချပါ၊ ထို့နောက် Goals ခလုတ် ကိုနှိပ်ပါ။

  3. Goals ကိုနှိပ်ပြီးနောက် Add ခလုတ် ကိုနှိပ်ပါ။

  4. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • ကယ်လိုရီရည်မှန်းချက်တစ်ခုကို သတ်မှတ်ခြင်း၊ Calories ကိုနှိပ်ပါ၊ နံပါတ်ကိုနှိပ်ပါ၊ ထို့နောက် နည်းလမ်းတစ်ခုကို ရွေးပါ။

    • အကွာအဝေးရည်မှန်းချက်တစ်ခုကို သတ်မှတ်ခြင်း၊ Distance ကိုနှိပ်ပါ၊ အတိုင်းအတာ၏နံပါတ်နဲ့ ယူနစ်ကိုနှိပ်ပါ၊ ထို့နောက် နည်းလမ်းတစ်ခုကို ရွေးပါ။

    • အချိန်ကာလရည်မှန်းချက်တစ်ခုကို သတ်မှတ်ခြင်း၊ Time ကိုနှိပ်ပါ၊ ထိုအချိန်ကိုနှိပ်ပါ၊ ထို့နောက် နည်းလမ်းတစ်ခုကို ရွေးပါ။

  5. ပြီးဆုံးပါက Done ခလုတ်ကိုနှိပ်ပါ။ ရည်မှန်းချက်တစ်ခုကို သတ်မှတ်ပြီးနောက် သင်၏လေ့ကျင့်ခန်းကို ချက်ချင်းစတင်ရန် Start Workout ကိုနှိပ်ပါ။

Pacer လေ့ကျင့်ခန်းတစ်ခု ဖန်တီးခြင်း

သင်သည် ပြေးခြင်း သို့မဟုတ် ပြင်ပစက်ဘီးစီးသည့်လေ့ကျင့်ခန်းတစ်ခုအတွက် သတ်မှတ်အရှိန်တစ်ခုကို ရွေးထားနိုင်ပြီး အကယ်၍ သင်သည် ထိုအရှိန်ထက်ပိုသွားလျှင် သို့မဟုတ် ထိုအရှိန်ထက်လျော့နေလျှင် သင်၏ iPhone နှင့် Apple Watch ကပြသပါသည်။

  1. သင့် iPhone ရှိ Fitness အက်ပ် ကိုသွားပါ။

  2. Workout ကိုနှိပ်ပါ၊ Outdoor Run၊ Indoor Run သို့မဟုတ် Outdoor Cycle သို့ဆွဲချပါ၊ ထို့နောက် Goals ခလုတ် ကိုနှိပ်ပါ။

  3. Pacer ကိုနှိပ်ပါ၊ ထို့နောက် Add ခလုတ် ကိုနှိပ်ပါ။

  4. အောက်ပါတို့ကိုလုပ်ဆောင်ပါ၊

    • အကွာအဝေးရည်မှန်းချက်တစ်ခုကို သတ်မှတ်ခြင်း၊ Distance ဘေးရှိ အတိုင်းအတာ၏နံပါတ်နှင့် ယူနစ်ကိုနှိပ်ပါ၊ ထို့နောက် နည်းလမ်းတစ်ခုကို ရွေးပါ။

    • အချိန်ကာလရည်မှန်းချက်တစ်ခုကို သတ်မှတ်ခြင်း၊ ထိုအချိန်ကိုနှိပ်ပါ၊ ထို့နောက် နည်းလမ်းတစ်ခုကို ရွေးပါ။

  5. ပြီးဆုံးပါက Done ခလုတ်ကိုနှိပ်ပါ။ သင်၏အရှိန်တစ်ခုကို သတ်မှတ်ပြီးနောက် သင်၏လေ့ကျင့်ခန်းကို ချက်ချင်းစတင်ရန် Start Workout ကိုနှိပ်ပါ။

သင်၏လေ့ကျင့်ခန်းလုပ်နေချိန်အတွင်း သင်၏ပျမ်းမျှအရှိန်နှင့် လက်ရှိအရှိန်အပြင် သင်ရွေးထားသည့်အရှိန်ထက် သင်ပိုသွားလား သို့မဟုတ် နောက်ရောက်နေလားကို ပြသထားသည့် ဂရပ်တစ်ခုကို သင်၏ iPhone နှင့် Apple Watch ကို ပြသပေးသွားမည်။

သင်၏ နောက်ဆုံး သို့မဟုတ် အကောင်းဆုံးအချိန်နှင့်ယှဥ်ပြိုင်ရန် Race Route ကိုအသုံးပြုခြင်း

သင်သည် လမ်းကြောင်းတစ်ခုပေါ်တွင် ပြေးခြင်း သို့မဟုတ် စက်ဘီးစီးခြင်းကို မကြာခဏပြုလုပ်သည့်အခါ သင်၏နောက်ဆုံး သို့မဟုတ် အကောင်းဆုံးအချိန်နှင့် ယှဥ်ပြိုင်နိုင်ပါသည်။ လမ်းကြောင်းများကို အလိုအလျောက် ထုတ်ပေးသွားပြီး သင်သည် လမ်းကြောင်းတစ်ခုတည်းကိုပဲ အနည်းဆုံး နှစ်ကြိမ် သို့မဟုတ် ထို့ထက်ပို၍ သွေဖယ်ခြင်းမရှိဘဲ ထပ်ကာအသုံးပြုထားလျှင် ထိုလမ်းကြောင်းများကို သင့်ထံပြပေးပါသည်။

  1. သင့် iPhone ရှိ Fitness အက်ပ် ကိုသွားပါ။

  2. Workout ကိုနှိပ်ပါ၊ Outdoor Run သို့မဟုတ် Outdoor Cycle ဆွဲချပါ၊ ထို့နောက် Goals ခလုတ် ကိုနှိပ်ပါ။

  3. Race Route ကိုနှိပ်ပါ၊ ထို့နောက် Personal Best သို့မဟုတ် Most Recent ကိုနှိပ်ပါ။

  4. Start Workout ကိုနှိပ်ပါ။

စိတ်ကြိုက်ပြင်ထားသည့် လေ့ကျင့်ခန်းများနှင့် ရည်မှန်းချက်များကို မျှဝေခြင်း သို့မဟုတ် ဖျက်ခြင်း

  1. သင့် iPhone ရှိ Fitness အက်ပ် ကိုသွားပါ။

  2. Workout ကိုနှိပ်ပါ၊ လေ့ကျင့်ခန်းအမျိုးအစားတစ်ခုထိရောက်အောင် ဆွဲချပါ၊ ထို့နောက် Goals ခလုတ် ကိုနှိပ်ပါ။

  3. လေ့ကျင့်ခန်းရည်မှန်းချက်တစ်ခု၊ စိတ်ကြိုက်ပြင်ထားသည့် လေ့ကျင့်ခန်းတစ်ခု သို့မဟုတ် Pacer လေ့ကျင့်ခန်းတစ်ခုပေါ်တွင် ဘယ်ဘက်သို့ ပွတ်ဆွဲပါ၊ ထို့နောက် အောက်ပါတို့မှတစ်ခုကို လုပ်ဆောင်ပါ၊

    • ရွေးချယ်စရာတစ်ခုကို မျှဝေခြင်း၊  Share ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် မျှဝေပေးသည့်ရွေးစရာတစ်ခုကိုရွေးချယ်ပါ။

    • ရွေးချယ်စရာတစ်ခုကို ဖျက်ခြင်း၊  Trash ခလုတ် ကို နှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.