ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင်၏ iCloud အချက်အလက် အတွက် Advanced Data Protection အသုံးပြုခြင်း

ပုံသေအနေဖြင့် iCloud သည် သင်၏ သတင်းအချက်အလက်များကို အကူးအပြောင်းပြုလုပ်စဉ် ကုဒ်ဝှက်ထားခြင်း၊ ကုဒ်ဝှက်ထားသောပုံစံတစ်ခုဖြင့် သိမ်းဆည်းခြင်း နှင့် သင်၏ ကုဒ်ဝှက်သော့များကို Apple အချက်အလက်စင်တာများတွင် လုံခြုံစေရန်ပြုလုပ်ခြင်းများဖြင့် ၎င်းတို့ကို လုံခြုံစေပါသည်။ ထပ်ဆောင်း အနေဖြင့် များစွာသော Apple ဝန်ဆောင်မှုများသည် သက်ဆိုင်သူသာကြည့်ရှုနိုင်ရန် ပြောင်းလဲထားပြီး - သင်၏ အချက်အလက်များကို သင်၏ ကိရိယာများမှ ထုတ်ယူထားသော သော့များ နှင့် သင်တစ်ယောက်တည်းသာ သိနိုင်သော သင့် ကိရိယာ၏ လျှို့ဝှက်ကုဒ်နံပါတ် ကို အသုံးပြု၍ ကုဒ်ဝှက်ထားသည်။

အမြင့်ဆုံး အဆင့် cloud အချက်အလက် လုံခြုံရေး အတွက် Advanced Data Protection ကို ဖွင့်ထားနိုင်သည် (iOS 16.2 သို့မဟုတ် နောက်ပိုင်းထွက် ဖြစ်ရန် လိုအပ်သည်)။ ၎င်းသည် အောက်ဖော်ပြပါကဲ့သို့ အခြား အချက်အလက်အမျိုးအစားများတွင် သက်ဆိုင်သူသာကြည့်ရှုနိုင်ရန် ပြောင်းလဲခြင်းကို အသုံးပြုထားသည်။

  • ကိရိယာ အရန်ကူးယူမှု

  • မက်ဆေ့ခ်ျ အရန်ကူးယူမှု

  • iCloud Drive

  • မှတ်စုများ

  • ဓာတ်ပုံများ

  • သတိပေးချက်များ

  • Safari အမှတ်အသားများ

  • Siri အလွယ်သုံးခလုတ်များ

  • အသံမှတ်စုများ

  • Wallet ဘဏ်ငွေစာရင်းများ

Advanced Data Protection ဖြင့် သင်၏ ကာကွယ်ထားသော အချက်အလက်များကို သင်၏ ယုံကြည်ရသည့်ကိရိယာများတွင်သာ ကုဒ်ဖြည်နိုင်မည်ဖြစ်ပြီး cloud တွင် အချက်အလက် ချိုးဖောက်ခံရမှု ဖြစ်လာသည့်တိုင် သင်၏ သတင်းအချက်အလက်များကို ကာကွယ်ပေးသွားမည်ဖြစ်သည်။ Apple ပင်လျှင် သင်၏အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ပါ။

Advanced Data Protection ကို အသုံးပြုခြင်းအတွက် လိုအပ်ချက်များအကြောင်း အသေးစိတ်အချက်အလက်များကိုကြည့်ရန် Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် iCloud အတွက် Advanced Data Protection ကို မည်သို့ဖွင့်ရမည်နည်း ကိုကြည့်ပါ။

Advanced Data Protection ကိုဖွင့်ခြင်း

  1. Settings > [your name] > iCloudသို့သွားပါ၊ ထို့နောက် Advanced Data Protection ကိုနှိပ်ပါ။

  2. Turn On Advanced Data Protection ကိုနှိပ်ပါ။

  3. Recovery Contact သို့မဟုတ် Recovery Key ကို မစီမံရသေးပါက Account Recovery ကိုနှိပ်ပါ၊ Set Up Account Recovery ကိုနှိပ်ပါ၊ ထို့နောက် န်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

    သတိပေးချက် Advanced Data Protection ကိုအသုံးပြုပါက သင်၏ အချက်အလက် ပြန်ဆယ်ခြင်းအတွက် သင့်တွင် တာဝန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် Apple တွင် သင်၏အချက်အလက်များကို ပြန်ဆယ်ရန် လိုအပ်သော သော့များ ရှိမည်မဟုတ်သောကြောင့် သင်၏ အကောင့်တွင် Recovery Contact သို့မဟုတ် Recovery Key တစ်ခု ရှိစေရန် စီမံထားရန် လိုအပ်သည်။ သင်၏ စကားဝှက် မေ့သွားခြင်း သို့မဟုတ် သင်၏ အကောင့်သို့ ဝင်ရောက်ခွင့် ဆုံးရှုံးခြင်းများ ဖြစ်ပါက သင်၏ အချက်အလက်များကို ဝင်ရောက်ခွင့် ပြန်ရနိုင်ရန် ဤထပ်ဆောင်း ပြန်ဆယ်ခြင်းနည်းလမ်းများကို အသုံးပြုနိုင်သည်။

နောက်ပိုင်းတွင် Advanced Data Protection ကို ပိတ်ရန် ရွေးချယ်ခဲ့ပါက သင်၏ iCloud အချက်အလက်သည် ပုံမှန် လုံခြုံရေးအဆင့်သို့ ပြန်ပြောင်းသွားမည်ဖြစ်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.