ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

CarPlay ထဲရှိအသံများအကြောင်း အသိပေးချက်ရယူခြင်း

CarPlay ထဲရှိ Sound Recognition ကိုအသုံးပြုကာ iPhone အား ကားဟွန်သံများ၊ အချက်ပေးဥဩသံများနှင့် ကလေးငိုသံကို အစဥ်မပြတ်နားစွင့်ပြီး စက်ပစ္စည်းရှိ ဉာဏ်ရည်တုကိုအသုံးပြု၍ ၎င်းတို့ကို မှတ်သားနိုင်သည်။ ထိုအသံများကို ထောက်လှမ်းမိချိန်တွင် CarPlay touchscreen ပေါ်၌ အကြောင်းကြားချက်တစ်ခု ပေါ်လာမည်ဖြစ်သည်။

မှတ်စု CarPlay ထဲရှိ Sound Recognition ကို အထောက်အကူပြုထားသော iPhone အမျိုးအစားများတွင် အသုံးပြုနိုင်သည်။ သင့်အနေနှင့် ထိခိုက်နစ်နာနိုင်သော သို့မဟုတ် ဒဏ်ရာအနာတရ ရနိုင်သော အခြေအနေမျိုးတွင်လည်းကောင်း၊ အန္တရာယ်ကြီးသော သို့မဟုတ် အရေးပေါ်အခြေအနေမျိုးတွင်လည်းကောင်း၊ သို့မဟုတ် လမ်းကြောင်းသွားလာခြင်းတို့တွင် Sound Recognition အပေါ်မမှီခိုပါနှင့်။ CarPlay ကို နိုင်ငံများအားလုံး သို့မဟုတ် ဒေသအားလုံးတွင် အသုံးမပြုနိုင်ပါ။ iOS နှင့် iPadOS Feature ရနိုင်သည့်ဝက်ဘ်ဆိုက် ကို ကြည့်ပါ။

  1. CarPlay ထဲတွင် Settings > Accessibility ကိုသွားပါ။

  2. Sound Recognition ကိုရွေးချယ်ပါ၊ ထို့နောက် Sound Recognition ကိုဖွင့်ပါ။

  3. သင်အကြောင်းကြားချက် ရယူလိုသော အသံများကိုဖွင့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.