ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iOS 26 တွင်ထပ်တိုးလာသည့်အသစ်အဆန်းများ

သော့ပိတ်ထားသည့်ဖန်သားပြင်။ သင်၏ သော့ပိတ်ထားသည့်ဖန်သားပြင်၏ ဓာတ်ပုံ သို့မဟုတ် wallpaper အနေအထားပေါ် မူတည်၍ ဖုန်းရှိနာရီသည်လည်း ၎င်းနေရာကို လိုက်ညှိပေးကာ အမြဲတမ်း မြင်ကွင်းရှင်းစေပါသည်။ သင်၏ iPhone ကို ရွှေ့သည့်အခါ သင်၏ သော့ပိတ်ထားသည့်ဖန်သားပြင်သည် 3D ပြုလုပ်ချက်အသစ်ဖြင့် အသက်ဝင်လာသည်။ စိတ်ကြိုက်ပြုလုပ်ထားသည့် iPhone သော့ပိတ်ထားသည့် ဖန်သားပြင်တစ်ခုဖန်တီးခြင်း ကိုကြည့်ပါ။

iPhone သော့ပိတ်ထားသည့် ဖန်သားပြင်။

Home ဖန်သားပြင်။ သင်၏ Home ဖန်သားပြင်ပေါ် ရှိ အက်ပ်သည် မတူသည့်အရောင်များဖြည့်စွက်နိုင်ခြင်း သို့မဟုတ် အလင်း၊အမှောင် ချိန်နိုင်ခြင်းတို့လုပ်နိုင်သည့် ပုံစံအသစ်တစ်ခုလုပ်ထားပါသည်။ iPhone Home ဖန်သားပြင်ရှိအက်ပ်များနှင့် အလွယ်သုံးပုံစံများကို စိတ်ကြိုက်ပြုပြင်ခြင်း ကိုကြည့်ပါ။

အရောင်အသွေးစပ်ထားသည့် အက်ပ် သင်္ကေတများပါသည့် iPhone Home ဖန်သားပြင်။

Apple Intelligence။* လက်ရှိ emoji ကိုအသုံးပြု၍၊ emoji များကိုပေါင်းစပ်၍ သို့မဟုတ် စာသားဖော်ပြချက်ဖြင့် စိတ်ကြိုက် Genmoji ကိုဖန်တီးခြင်း။ Genmoji ၏ ပုံနှင့် ဖော်ပြချက်များနှင့် သင်၏ Photos စုဆောင်းမှုထဲမှ လူများပေါ် မူတည်၍ပြုလုပ်ထားသည့် Image Playground ဖန်တီးမှုများကို ပြောင်းလဲခြင်း။ သင်၏ Messages စကားပြောဆိုမှုများအတွက် စိတ်ကြိုက်နောက်ခံများ ဒီဇိုင်းထွင်ခြင်း။ Live Translation သည် Messages ထဲရှိ စာသားများကို အလိုအလျောက် ဘာသာပြန်ပေးပြီး FaceTime ခေါ်ဆိုမှုများတွင် တိုက်ရိုက်ဘာသာပြန်ထားသည့် စာတန်းထိုးများကို ဖော်ပြပေးကာ Phone ခေါ်ဆိုမှုများဖြင့် ဖုန်းခေါ် ဆိုမှုများအတွက် စကားပြန်ဆိုခြင်းများကို ပံ့ပိုးပေးထားပါသည်။ သင်၏ iPhone ဖန်သားပြင်တွင် သင်ရှာဖွေနေသည့်အရာအကြောင်း ပိုမိုလေ့လာနိုင်ရန် visual intelligence ကိုအသုံးပြုပါ။ iPhone ရှိ Image Playground ဖြင့် မူလပုံရိပ်များကို ဖန်တီးခြင်းiPhone တွင် Genmoji ဖြင့် သင်၏ကိုယ်ပိုင် အီမိုဂျီကို ဖန်တီးခြင်းImage Playgrounds ဖြင့် မူလနောက်ခံပုံများကို ဖန်တီးခြင်းနှင့် တည်းဖြတ်ခြင်းiPhone တွင် မက်ဆေ့ချ်များ၊ ဖုန်းခေါ်ဆိုမှုများနှင့် စကားပြောဆိုမှုများကိုဘာသာပြန်ခြင်း၊ နှင့် သင်၏ iPhone ပေါ်ရှိ အကြောင်းအရာများအကြောင်း ပိုမိုလေ့လာခြင်း ကိုကြည့်ပါ။.

ဂျာမန်မှ အင်္ဂလိပ်သို့ ဘာသာပြန်ဆိုပြထားသည့် စကားပြောဆိုမှုတစ်ခုကို ပြသထားသည့် Phone အက်ပ်ထဲရှိ ဖုန်းခေါ်ဆိုမှုတစ်ခု။

ကင်မရာ။ ရိုးရှင်းသည့် ဒီဇိုင်းသည် လျှင်မြန်စွာဝင်ရောက်နိုင်ရန်အတွက် ဓာတ်ပုံနှင့် ဗီဒီယိုမုဒ်ကို အသားပေးဖော်ပြထားပြီး တခြားကင်မရာမုဒ်များသည်လည်း လက်တပွတ်စာအကွာတွင် ရှိပါသည်။ Camera controls ကိုလည်း ဖန်သားပြင်ပေါ်တွင် အတူတကွထားရှိပေးထားပြီး ခဏလေးအတွင်းတွင် သင်၏ကင်မရာချိန်ညှိမှုများကို အလွယ်တကူချိန်နိုင်ရန် လုပ်ဆောင်ပေးထားပါသည်။ ကင်မရာမုဒ်များတစ်ခုမှတစ်ခုသို့ ကူးပြောင်းခြင်း နှင့် ဓာတ်ပုံရိုက်ရန် iPhoneကင်မရာကိရိယာများကို အသုံးပြုခြင်း ကိုကြည့်ပါ။

Photo မုဒ်ထဲရှိ Camera။ ဖန်သားပြင်အောက်ခြေတွင် အောက်ပါကင်မရာထိန်းချုပ်ခလုတ်များအတွက် ခလုတ်များရှိပါသည်၊ Flash၊ Live၊ Timer၊ Exposure၊ Styles နှင့် Aspect။

ဖုန်း။ သင့်ထံ ဖုန်းမြည်သံမထွက်လာခင် လိုအပ်သည့် အချက်အလက်များကို ဖစုစည်းပေး၍ အမည်မသိဖုန်းနံပါတ်များမှ မကိုင်လိုသည့်အနှောင့်အယှက်ပေးမှုများကို Call Screening ဖြင့် ဖယ်ရှားပေးသောကြောင့် သင်သည် ထိုဖုန်းခေါ် ဆိုမှုကို ကိုင်သင့်မသင့်၊ ငြင်းသင့် မငြင်းသင့်ကို ဆုံးဖြတ်နိုင်ပြီး နောက်ထပ်အချက်အလက်များလည်း တောင်းနိုင်ပါသည်။ ဖုန်းခေါ် ဆိုမှုစောင့်ဆိုင်းရန်အတွက် Hold Assist ကို သင် အသုံးပြုပြီးနောက် ထိုခေါ်ဆိုမှုကို ပြန်လည်ခေါ် ဆိုရမည့်အချိန်တွင် သင့်ကို အကြောင်းကြားချက်တစ်ခု ပေးပို့မှာဖြစ်ပါသည်။ iPhone တွင် ခေါ်ဆိုမှုများကို ကာကွယ်တားဆီး၍ ပိတ်ဆို့ခြင်း နှင့် သင်သည် ဖုန်းကိုင်၍ မစောင့်ဆိုင်းသည့်အခါ အကြောင်းကြားချက်တစ်ခု ရရှိခြင်း ကိုကြည့်ပါ။

iPhone ဖန်သားပြင်ပေါ်တွင် ဖုန်းခေါ်လက်စကို ပြသထားသည့် Phone အက်ပ်။ ဖန်သားပြင်အလယ်တွင် ထိုခေါ်ဆိုမှုကို ခဏရပ်ထားပြီး ၎င်း ပြန်ကိုင်သည့်အခါ အသိပေးချက်ရယူမည်လားဆိုသည့် မေးခွန်းပါသည့် အကြောင်းကြားချက်တစ်ခုရှိပါသည်။ ထိုအကြောင်းကြားချက်အတွင်းတွင် Hold ခလုတ်နှင့် Close ခလုတ်ရှိသည်။

မက်ဆေ့ခ်ျများ။ အမည်မသိနံပါတ်များမှ ပို့သည့် မက်ဆေ့ချ်များကို သင် ပြန်ကြည့်ပြီး အတည်ပြုပေးနိုင်ရန်အတွက် သင်၏ စကားပြောဆိုမှုစာရင်း၏ သီးခြားနေရာတစ်ခုထဲသို့ စစ်ထုတ်ပြီး ထည့်ပေးထားပါသည်။ သက်ဝင်လှုပ်ရှားသည့် နောက်ခံများ၊ သင်၏ကိုယ်ပိုင်ဓာတ်ပုံများ သို့မဟုတ် Image Playground တွင် သင်ဖန်တီးထားသည့် နောက်ခံများကို အသုံးပြု၍ လူတိုင်းပျော်ရွှင်စေရန်အတွက် Backgrounds သည် စကားပြောဆိုမှုများကို သင်ကိုယ်ပိုင်ဟန်ပြုလုပ်ခွင့်ကို ပေးထားသည်။ အဖွဲ့လိုက်စကားပြောဆိုမှုများတွင် ဆုံးဖြတ်ချက်များချမှတ်ရန် ဆန္ဒမဲကောက်ခံမှုများကို ဖန်တီးခြင်း၊ Apple Cash အသုံးပြု၍ ပိုက်ဆံပေးပို့ခြင်းနှင့် စာရိုက်လမ်းညွှန်များကိုလည်း ကြည့်နိုင်ပါသည်။ iPhone တွင် စာသားမက်ဆေ့ချ်များကို ကာကွယ်ခြင်းနှင့် စစ်ထုတ်ခြင်းiPhone ရှိ Messages ထဲတွင် နောက်ခံများကို ပေါင်းထည့်ခြင်းMessages တွင် Apple Cash ဖြင့် ငွေပေးချေမှုများ ပေးပို့ခြင်း၊ တောင်းဆိုခြင်းနှင့် လက်ခံခြင်း၊ နှင့် iPhone ရှိ Messages တွင် လူများကို ဆန္ဒမဲကောက်ခံခြင်း ကိုကြည့်ပါ။

သက်ဝင်လှုပ်ရှား နောက်ခံပါသည့် Messages စကားပြောဆိုမှုတစ်ခု။

ဓာတ်ပုံများ။ အဆင့်မြှင့်တင်ထားသည့် ဒီဇိုင်းသည် သင်၏ Library နှင့် Collections ကြား အလွယ်တကူ ပြောင်းနိုင်စေရန်အတွက်လည်း လုပ်ဆောင်ပေးထားပါသည်။ ယခုအခါသင်သည် ထို Collections ပေါ်လာပုံ—၎င်းတို့ကို ပြန်စဥ်မည်၊ ပင်ထောက်ထားမည့် တစ်ခုနှင့် ပြသမည့် အရွယ်အစားများ၊ ပိုကြီးသည့် အကွက်၊ သိပ်သည်းသည့် ဂရစ် သို့မဟုတ် ထိပ်ဆုံးတန်းကို အသားပေးဖော်ပြထားသည့် အသွင်အပြင်တို့မှ ရွေးချယ်ပုံစသည်တို့ကို စိတ်ကြိုက်ပြုပြင်နိုင်ပြီဖြစ်ပါသည်။ iPhone တွင် သင်၏ ဓာတ်ပုံစုစည်းမှုကို လျှောက်ကြည့်ခြင်း နှင့် iPhone တွင် သင်၏ ဓာတ်ပုံစုဆောင်းမှုများကို လျှောက်ကြည့်ခြင်း ကိုကြည့်ပါ။

Photos အက်ပ်ရှိ Library ဖန်သားပြင်။

မြေပုံများ။ Maps သည် သင် မကြာခဏသွားလေ့ရှိသည့် အလုပ် သို့မဟုတ် အိမ်ကဲ့သို့ နေရာများသို့ သင်နှစ်သက်သည့် လမ်းကြောင်းများကို လေ့လာပေးပါသည်။ Maps သည် သင်နှစ်သက်သည့် လမ်းကြောင်းများအခြေအနေများဖြစ်သည့် ယာဥ်ကြော နှောင့်နှေးခြင်း သို့မဟုတ် လမ်းပိတ်ထားခြင်းများကို သင် ထိုလမ်းသို့မသွားမီ သင့်ကို အသိပေးသွားမှာဖြစ်ပြီး တခြားလမ်းကို ပြောပေးသွားမှာဖြစ်ပါသည်။ သင်ရောက်ခဲ့ဖူးသည့်နေရာများကို ဆက်လက်ခြေရာကောက်နိုင်စေရန် Visited Places အသုံးပြုထားသောကြောင့် နောက်ပိုင်းတွင် သင်သည် ထိုနေရာများကို ပြန်သတိရမှာဖြစ်ပြီး သူငယ်ချင်းများ သို့မဟုတ် မိသားစုနှင့် မျှဝေနိုင်မှာဖြစ်ပါသည်။ iPhone ရှိ Maps တွင်မောင်းနှင်မှုလမ်းညွှန်ချက်များ ရယူခြင်း နှင့် iPhone ရှိ Maps တွင် Visited Places ကိုကြည့်ပြီး စီမံခြင်း ကိုကြည့်ပါ။

Maps အက်ပ်ထဲရှိ Visited Places ဖန်သားပြင်။

ဂိမ်းများ။ သင်ကစားနေသည့် ဂိမ်းများအားလုံးကို ဆက်လက်ခြေရာကောက်နိုင်၊ ဂိမ်းအသစ်များကို ရှာဖွေပေးနိုင်၊ သင့်အတွက်အံဝင်ခွင်ကျ စီမံထားသော အကြံပြုချက်များကိုရရှိနိုင်ပြီး သူငယ်ချင်းများနှင့် စိန်ခေါ်ပွဲများစတင်နိုင်သည့် အက်ပ်အသစ်တစ်ခု။ iPhone တွင် Apple Games အက်ပ်ဖြင့် စတင်ခြင်း ကိုကြည့်ပါ။

အထူးပွဲစဥ်တစ်ခု၊ ဆက်ပြီးကစားရန် ဂိမ်းများနှင့် အသစ်ထွက်ရှိသည့် ဂိမ်းများကို ဖော်ပြထားသည့် Home တက်ဘ်ကို ပြထားသည့် Apple Games အက်ပ်။

အသံသွင်းခြင်း။ ဗီဒီယိုဖြင့် အစည်းအဝေးခေါ် ဆိုမှုများနှင့် ကင်မရာဖြင့်ခေါ် ဆိုမှုအတွင်း အရည်အသွေးမြင့် အသံနှင့် ရုပ်များကို ဖမ်းယူနိုင်ခြင်း။ အက်ပ်တစ်ခုချင်းစီအတွက် ဖန်တီးသူများက မှန်ကန်သည့် မိုက်ခရိုဖုန်းကို ရွေးထုတ်ရာတွင် ပိုမိုလွယ်ကူစေရန်အတွက် လုပ်ဆောင်ချက်အသစ်တစ်ခုက လုပ်ဆောင်ပေးထားပါသည်။ iPhone တွင် အသံနှင့် ဗီဒီယို ရိုက်ကူးခြင်း ကိုကြည့်ပါ။

FaceTime ခေါ်ဆိုမှုတစ်ခုအတွက် ထည့်သွင်းရန် အသံအရင်းအမြစ်တစ်ခုကို ရွေးရန်အတွက် ထိန်းချုပ်ခလုတ်များ။

တေးဂီတ။ AutoMix သည် DJ ကဲ့သို့ သီချင်းတစ်ပုဒ်မှ နောက်တစ်ပုဒ်သို့ အထစ်အငေါ့မရှိချောမွေ့စွာ ပေါင်းစပ်ရောနှောပေးပါသည်။ iPhone ရှိ Music ထဲတွင် အသံအရည်အသွေးကို ချိန်ညှိခြင်း ကိုကြည့်ပါ။

သတိပေးချက်များ။ (iOS 26.2) အချိန်ကုန်ခါနီးတွင် သင့်ကို သတိပေးမည့် သတိပေးနှိုးဆော်မှုတစ်ခုကို သတ်မှတ်ရန် သတိပေးချက်တစ်ခုကို အရေးကြီးအဖြစ် သတ်မှတ်ပါ။ iPhone ရှိ Reminders တွင် အသေးစိတ်ထည့်သွင်းခြင်း ကိုကြည့်ပါ။

Wallet။ Wallet ထဲတွင် သင်သိမ်းထားသည့် လေယာဥ်ပေါ်တက်ခွင့်လက်မှတ်များသည် သင်၏ လေယာဥ်ခရီးစဥ်နှင့် လေဆိပ်နှင့်ပတ်သက်သည့် သက်ဆိုင်ရာအချက်အလက်များအပြင် လေကြောင်းလိုင်းအစီအစဥ်များကိုပါ ဝင်ရောက်ကြည့်ရှုနိုင်ရန် ပံ့ပိုးပေးထားပါသည်။ iPhone ရှိ Wallet တွင် ဘဏ်ငွေစာရင်းများကို အသုံးပြုခြင်း ကိုကြည့်ပါ။

လေကြောင်းခရီးစဉ်အချက်အလက်နှင့် အောက်ခြေတွင် QR ကုဒ်နံပါတ်ကို ပြထားသော Wallet အက်ပ်ထဲမှ ငွေပေးချေသည့်ဘဏ်ငွေစာရင်းတစ်ခု။

Digital ID။ (iOS 26.1) Wallet ထဲတွင် ပြည်တွင်းခရီးစဥ်များအတွက် လေဆိပ်များရှိ TSA စစ်ဆေးရေးဂိတ်များ သို့မဟုတ် အက်ပ်များတွင် သို့မဟုတ် အသက်အရွယ်အတည်ပြုချက်လိုအပ်သည့် ဝက်ဘ်ဆိုက်များတွင် ပြသနိုင်သည့် Digital ID—ပတ်စ်ပို့-အတည်ပြုပေးထားသည့် ID ကို ဖန်တီးပေးထားပါသည်။ Digital ID တစ်ခုပေါင်းထည့်ခြင်း( အမေရိကန်ပြည်ထောင်စုတွင်သာ) ကိုကြည့်ပါ။

Preview။ Preview အက်ပ်ကို iPhone တွင် ယခုအခါရရှိနိုင်ပြီဖြစ်သောကြောင့် သင်သည် PDF ဖိုင်များနှင့် ပုံများကို အလွယ်တကူကြည့်နိုင်ခြင်း၊ တည်းဖြတ်နိုင်ခြင်းနှင့် မျှဝေနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ Preview တွင်း စာရွက်စာတမ်းများကို စကင်န်ဖတ်ခြင်း၊ ဖောင်များကို လျှင်မြန်စွာဖြည့်နိုင်ရန် Preview ရှိ Autofill ကိုအသုံးပြုခြင်းနှင့် PDFs ကို ထုတ်နိုင်ခြင်းနှင့် ပုံများကို မတူညီသည့် ဖိုင်အမျိုးအစားနှင့် အရွယ်အစားများဖြင့် ထုတ်နိုင်ခြင်းတို့ လုပ်ဆောင်နိုင်ပါသည်။ iPhone တွင် Preview ကို စတင်အသုံးပြုခြင်း ကိုကြည့်ပါ။

Preview ထဲရှိ Document Browser။ ဖန်သားပြင်အလယ်တွင် New Document၊ Scan Documents၊ More နှင့် Search ခလုတ်များရှိသည်။ ဖန်သားပြင်အောက်ခြေရှိ ခလုတ်များမှာ Recents၊ Shared နှင့် Browse တို့ဖြစ်ပါသည်။

နာရီ။ သင်နှစ်သက်သည့် အိပ်စက်မှုအကျင့်နှင့် ကိုက်ညီမှုရှိမည့် နှိုးစက်အတွက် စိတ်ကြိုက်လုပ်ထားသည့် ခဏမှေးချိန်တစ်ခုကို သတ်မှတ်ခြင်း။ နှိုးစက်ထည့်သွင်းခြင်း ကိုကြည့်ပါ။

Clock အက်ပ်ထဲရှိ Add Alarm ဖန်သားပြင်တစ်ခု။ Snooze ကိုဖွင့်ထားပြီး Snooze Duration ကို 12 မိနစ်ဟု စိတ်ကြိုက်သတ်မှတ်ထားသည်။

အသုံးပြုရလွယ်ကူခြင်း။ Braille Access သည် မှတ်စု-ရေးခြင်း၊ စာရွက်စာတမ်းများကို-ဖတ်ခြင်း၊ Live Captions သို့ ဝင်ရောက်ခြင်းအစရှိသည်တို့ကို လုပ်ဆောင်ပေးနိုင်သည့် မျက်မမြင်ပြသမှုတစ်ခုနှင့် ချိတ်ဆက်ပေးထားပြီး မျက်စိမမြင်သူများအတွက် အသစ်စက်စက် အတွေ့အကြုံများကို ယူဆောင်လာပေးပါသည်။ Vehicle Motion Cues သည် မောင်းနေသည့်ကားထဲတွင် ခရီးသည်များ ကားမူးခြင်းကို လျှော့ချပေးရာတွင် အထောက်အကူဖြစ်စေသည်။ ထို့အပြင် တခြားသူ၏ စက်ပစ္စည်းတွင် သင်၏ အသုံးပြုရလွယ်သည့် ချိန်ညှိမှုများကို ယာယီအသုံးပြုနိုင်ပါသည်။ iPhone တွင် မျက်မမြင်စာပြသမှုပါသည့် Braille Access ကိုအသုံးပြုပါယာဥ်တစ်စီးထဲတွင် လိုက်ပါစီးနင်းနေစဥ် iPhone ကိုပိုမိုသက်တောင့်သက်သာ အသုံးပြုခြင်း နှင့် iPhone တွင် သင်၏ Accessibility ချိန်ညှိမှုများကို တခြားစက်ပစ္စည်းနှင့် မျှဝေခြင်း တို့ကိုကြည့်ပါ။

Braille Access menu ပွင့်နေသည့် iPhone တွင် အောက်ပါ နည်းလမ်းများကို ပြသထားသည်၊ Launch App၊ Choose Item၊ Braille Notes၊ BRF Files၊ Calculator၊ Live Captions နှင့် Time။

မိသားစု။ စက်ပစ္စည်းကို စီမံနေသည့်အချိန်အတွင်း မိဘများသည် ကလေးကြီးများ အသက် 13–17 အရွယ်အတွက် စက်ပစ္စည်းကိုချိန်ညှိပေးနေကြောင်းကို ဖော်ပြပေးနိုင်ပြီး အသက်အရွယ်နှင့်သင့်တော်သည့် ကာကွယ်မှုများလည်း အလိုအလျောက် ရရှိနိုင်မှာဖြစ်ပါသည်။ iPhone တွင် အက်ပ်များဖြင့် အသက်အုပ်စုများကို မျှဝေခြင်း ကိုကြည့်ပါ။

အက်ပ်ထဲရှိ အသက်အရွယ်နှင့် သင့်တော်သည့် အတွေ့အကြုံများအတွက် ပထမဆုံးလမ်းညွှန်ပေးသည့် ဖန်သားပြင်။

Journal။ သင်၏ ဘဝအမြင်ရှုထောင့်အမျိုးမျိုးအတွက် ဂျာနယ်များစွာ ဖန်တီးခြင်း။ သင်စာရေးနေချိန်တွင်ပင် စာသားအတွင်း ပုံများကို ထည့်သွင်းနိုင်ပြီး ထို့နောက် မြေပုံပေါ် တွင် သင်၏ဂျာနယ်ရေးသွင်းချက်များ၏ တည်နေရာကို ကြည့်နိုင်ပါသည်။ ဂျာနယ်များစွာကို ဖန်တီးခြင်းiPhone ရှိ Journal တွင် ပုံစံချခြင်း၊ ဓာတ်ပုံများနှင့် အစရှိသည်တို့ကို ထည့်ခြင်း နှင့် iPhone တွင် သင်၏ ဂျာနယ်ရေးသွင်းချက်များကြည့်ပြီး ရှာဖွေခြင်း တို့ကိုကြည့်ပါ။

ဂျာနယ်တစ်ခုရေးသွင်းထားသည်ကို ပြထားသည့် Journal အက်ပ်။ အဝင်ထိပ်တွင် ဓာတ်ပုံများစွာနှင့် မြေပုံတစ်ခုပါဝင်သည့် ဂရစ်တစ်ခုရှိသည်။

CarPlay။ CarPlay ဒီဇိုင်းအသစ်သည် သင်ကားမောင်းနေစဥ်အတွင်း သင်၏ iPhone ကို ပိုမိုလွယ်ကူပြီး ဘေးကင်းစိတ်ချမှုရှိစွာ အသုံးပြုနိုင်ရန် ဖန်တီးပေးထားပါသည်။ Messages ထဲရှိ Tapbacks သည် သင်ကားမောင်းနေချိန်အတွင်း ရရှိလာသည့် မက်ဆေ့ချ်များကို လျှင်မြန်စွာပြန်ရန် ပိုမိုလွယ်ကူအောင် လုပ်ဆောင်ပေးထားပါသည်။ Widgets သည် သင်တစ်ချက်ကြည့်လိုက်သည်နှင့် သင်၏ အကြိုက်ဆုံးအက်ပ်များနှင့် အချိန်နှင့်တစ်ပြေးညီ တစ်သားတည်းရှိစေမှာဖြစ်ပြီး ကားဒက်ရှ်ဘုတ်ပေါ်ရှိ Live Activities သည် ပွဲစဥ်များကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့သွားမှာဖြစ်ပါသည်။ Tapbacks နှင့် တုံ့ပြန်ခြင်းCarPlay အတွက် အလွယ်သုံးပုံစံတစ်ခုပေါင်းထည့်ခြင်း နှင့် CarPlay ထဲတွင် Live Activities ကိုကြည့်ခြင်း တို့ကိုကြည့်ပါ။

ရာသီဥတု။ လာမည့်ခရီးစဥ်တစ်ခုအတွက် သင်၏ Smart Stack ထဲသို့ Weather အလွယ်သုံးပုံစံတစ်ခုကို ပေါင်းထည့်ခြင်း။ ထိုတည်နေရာအတွက် ပြင်းထန်သည့် ရာသီဥတုသတိပေးချက်များကို လက်ခံရရှိရန် ဖွင့်ထားခြင်း။ အကြံပြုထားသည့် ဦးတည်ရာနေရာတစ်ခုအတွက် မိုးလေဝသဆိုင်ရာအကြောင်းကြားချက်များ ရယူခြင်း ကိုကြည့်ပါ။

iOS 26 အတွက်လှည့်ကွက်များကိုလေ့လာခြင်း Tips အက်ပ်သည်အကြံပြုချက်အသစ်များကို ပုံမှန်ဖြည့်ပေးသောကြောင့်သင်၏ iPhone မှအများဆုံးရရှိနိုင်သည်။ အကြံပြုချက်များရယူခြင်း ကိုကြည့်ပါ။

မှတ်စု အင်္ဂါရပ်အသစ်များနှင့်အက်ပ်စ်များသည် သင့် iPhone အမျိုးအစား၊ ဒေသ၊ ဘာသာစကားနှင့်သင့်ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီပေါ်မူတည်ပြီးပြောင်းလဲနိုင်သည်။

*Apple Intelligence သည် beta တွင်ရနိုင်ပြီး အောက်ပါ ဘာသာစကားများအတွက် ပံ့ပိုးပေးပါသည်၊ အင်္ဂလိပ်၊ ဒန်းနစ်ရှ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ တူရကီ၊ တရုတ် (Simplified)၊ တရုတ် (Traditional)၊ ဂျပန်၊ ကိုရီယား သို့မဟုတ် ဗီယက်နမ်။ အချို့သောလုပ်ဆောင်ချက်များကို ဘာသာစကားအားလုံး သို့မဟုတ် ဒေသများအားလုံးတွင် ရရှိနိုင်မည်မဟုတ်ပါ။ အင်္ဂါရပ်များနှင့် ရရှိနိုင်သည့် ဘာသာစကားနှင့် စနစ်လိုအပ်ချက်များအတွက်အချက်အလက်များပိုမိုသိလိုပါက Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Apple Intelligence ရယူနည်း ကိုကြည့်ပါ။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.