ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iOS 14 တွင်ထပ်တိုးလာသည့်အသစ်အဆန်းများ

Home ဖန်သားပြင်ရှိ အလွယ်သုံးပုံစံများ တစ်ချက်ကြည့်ရုံဖြင့် သတင်းအချက်အလက်များပေးစွမ်းနိုင်ရန် အလွယ်သုံးပုံစံများကို တီထွင်ထားပြီး ယခုအခါ ၎င်းတို့ကို သင်၏ Home ဖန်သားပြင်သို့ထည့်သွင်းနိုင်သည်။ ၎င်းတို့ကို အရွယ်စုံရွေးချယ်၍ သင်သဘောကျသလို အစီအစဥ်ချပါ။ သင်၏တည်နေရာ၊ လှုပ်ရှားသွားလာမှုတစ်ခု သို့မဟုတ် စံတော်ချိန်တို့ကဲ့သို့ အကြောင်းရင်းများပေါ် အခြေခံထားသော အလွယ်သုံးပုံစံများကို ပြသပေးသော Smart Stack တစ်ခုကိုလည်း ထည့်သွင်းနိုင်သည်။ iPhone တွင် အလွယ်သုံးပုံစံများထည့်သွင်းခြင်း ကိုကြည့်ပါ။

iPhone ၏ Home ဖန်သားပြင်။ ဖန်သားပြင်၏ထိပ်တစ်ဝက်ကို Notes၊ Weatherနှင့် Music အလွယ်သုံးပုံစံတို့က နေရာယူထားသည်။ ဖန်သားပြင်၏ အောက်ခြေတစ်ဝက်ကို အက်ပ်များကနေရာယူထားသည်။

App Library Home ဖန်သားပြင်ရှိ App Library အသစ်သည် သင်၏အက်ပ်အားလုံးကို ရိုးရှင်း၍ ရှာဖွေရလွယ်ကူသော အဆင်အပြင်ဖြင့် အလိုအလျောက်စနစ်တကျစီစဥ်ချပေးသည်။ အက်ပ်များကို အမျိုးအမည်အလိုက်ခွဲထားသောကြောင့် သင်အနှစ်သက်ဆုံးအက်ပ်များကို တစ်ချက်နှိပ်ရုံဖြင့် ရောက်နိုင်သည်။ App Library တွင် သင်၏အက်ပ်များကိုရှာဖွေခြင်း ကို ကြည့်ပါ။

App Library ဖန်သားပြင်။

ကျစ်လျစ်သပ်ရပ်သော ဖုန်းခေါ်ဆိုမှုအသိပေးချက်များ FaceTime ဖုန်းခေါ်ဆိုမှုများ၊ ကြားခံအပ်များမှထောက်ပံ့သော ဖုန်းခေါ်ဆိုမှုများအပါအဝင် အဝင်ဖုန်းခေါ်ဆိုမှုများသည် ဖန်သားပြင်အပြည့်နေရာမယူသော ကျစ်လျစ်သပ်ရပ်သည့် ဒီဇိုင်းသစ်ဖြင့် ပေါ်လာမည်။ iPhone တွင်အဝင်ဖုန်းခေါ်ဆိုမှုများကို လက်ခံပြောဆိုခြင်း သို့မဟုတ် ပယ်ချခြင်း ကိုကြည့်ပါ။

ထိပ်တွင် အဝင်ဖုန်းခေါ်ဆိုမှုတစ်ခုရှိကြောင်း အသိပေးချက်ပြထားသော ဖန်သားပြင်တစ်ခု။ ညာဘက်ထိပ်တွင် Decline နှင့် Accept ခလုတ်များရှိသည်။

အက်ပ်နမူနာ အပိုင်းများ အက်ပ်နမူနာအပိုင်းတစ်ခုသည် စက်ဘီးတစ်စီးငှားရမ်းခြင်း၊ ကားရပ်နားခပေးချေခြင်း သို့မဟုတ် အစားအသောက်မှာယူခြင်းတို့ကဲ့သို့သော အထူးတာဝန်တစ်ရပ်ကို အဓိကထားသည့် အက်ပ်တစ်ခု၏ အစိတ်အပိုင်းငယ်တစ်ခု ဖြစ်ပါသည်။ App Clips များကို Safari၊ Maps နှင့် Messages တို့အတွင်း သို့မဟုတ် App Clip Codes (iOS 14.3)၊ QR ကုဒ်များနှင့် NFC တက်ဂ်များ မှတစ်ဆင့် ပြင်ပလောကအတွင်း တွေ့ရှိနိုင်သည်။ အက်ပ်နမူနာအပိုင်းများကို အသုံးပြုခြင်း ကိုကြည့်ပါ။

iPhone ၏ပိတ်ထားသည့်ဖန်သားပြင်အောက်ခြေတွင် ပြထားသော အက်ပ်နမူနာအပိုင်းတစ်ခု။

ဘာသာပြန်ခြင်း ဘာသာပြန်ခြင်းသည် မတူညီသောဘာသာစကားများနှင့် သဘာဝကျကျအခက်အခဲမရှိ စကားပြောဆိုနိုင်ရန် တီထွင်ထားသော အက်ပ်အသစ်ဖြစ်သည်။ စကားပြောဆိုမှု၏ နှစ်ဖက်လုံးကို အလွယ်တကူမြင်ရမည့် စကားပြောဆိုမှုစနစ်သို့ ဝင်ရောက်ရန်သင်၏ iPhone ကို အလျားလိုက်အနေအထားဖြစ်အောင်ထားပါ။ အသံ သို့မဟုတ် စာသားကိုအသုံးပြု၍လည်း ဘာသာပြန်ဆိုခြင်း ဒေါင်းလုတ်လုပ်ထားသည့် ဘာသာစကားအတွက် အလွယ်တကူနှင့် အပြည့်အဝဘာသာပြန်ဆိုခြင်း၊ သင်အနှစ်သက်ဆုံးဘာသာပြန်ဆိုချက်ကို သိမ်းဆည်းခြင်း အစရှိသည်တို့ကို လုပ်ဆောင်နိုင်သည်။ အသံနှင့် စာသားကိုဘာသာပြန်ဆိုခြင်း ကိုကြည့်ပါ။

ထိပ်ဆုံးတွင် အင်္ဂလိပ်ဘာသာ နှင့် စပိန်ဘာသာဟူ၍ ရွေးချယ်ထားသော ဘာသာစကားနှစ်မျိုးနှင့် အောက်ခြေတွင် စာသားထည့်သွင်းကွက်လပ်တို့ကို ဖော်ပြထားသော Translate စာမျက်နှာ။

Find My (iOS 14.3) အမျိုးအစားသစ်တက်ဘ်တွင် နေ့စဉ်အမျိုးအစားများကို မျက်ခြည်မပြတ်ထားရှိပါ။ Find My တွင် အမျိုးအစားတစ်မျိုးကိုရှာဖွေခြင်း ကို ကြည့်ပါ။

Search ယခုအခါ Search သည် သင်ရှာလိုသမျှအားလုံးကို တစ်နေရာတည်းမှာရှာဖွေနိုင်သော မှတ်တိုင်တစ်ခုဖြစ်သည်။ ဒီဇိုင်းအသစ်နှင့် သင်ရိုက်သမျှရှာဖွေပေးသည့် အတွေ့အကြုံသည် အက်ပ်များ၊ အဆက်အသွယ်များနှင့် ဝက်ဘ်ရှာဖွေမှုများအနှံ့ ပိုမိုသင့်တော်သော ရလဒ်များကို အလျင်အမြန်ပေးစွမ်းနိုင်သည်။ ရှာဖွေရန် iPhone ကိုသုံးခြင်း ကိုကြည့်ပါ။

iPhone ရှိအကြောင်းအရာကိုရှာဖွေမှုမေးခွန်းတစ်ခုကို ပြထားသည့် ဖန်သားပြင်တစ်ခု။ “apple” ဟူသောရှာဖွေနေသည့်စာသားပါသည့် ရှာဖွေမှုကွက်လပ်သည် ထိပ်တွင်ရှိပြီး အောက်တွင်မူ ရှာဖွေနေသည့်စာသားအတွက် တွေ့ရှိထားသော ရှာဖွေမှုရလဒ်များဖြစ်သည်။

Picture in Picture ယခုအခါ အခြားအက်ပ်ကိုအသုံးပြုနေစဥ် ဗီဒီယိုများအဆက်မပြတ်ကြည့်ခြင်း သို့မဟုတ် FaceTime ဖုန်းခေါ်ဆိုမှုများကို လုပ်ဆောင်နိုင်သည်။ Picture in Picture ဖြင့် လုပ်ဆောင်ချက်များပြိုင်သုံးခြင်ကိုကြည့်ပါ။

Calendar သည်ဖန်သားပြင်၏ ကျန်နေရာများအပြည့်နေရာယူထားစဥ် ညာဘက်ထောင့်ထိပ်တွင် FaceTime စကားပြောဆိုမှုတစ်ခုကို ပြသထားသော ဖန်သားပြင်တစ်ခု။

မက်ဆေ့ခ်ျများ။ သင်၏အရေးကြီးဆုံး စကားပြောဆိုမှုများကို စကားပြောဆိုမှုစာရင်း၏ ထိပ်ဆုံးတွင် ပုံသေထားရှိထားပါက ၎င်းတို့ကို အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်မည်။ စကားပြောဆိုမှုတစ်ခုတွင် တစ်စုံတစ်ဦးကို ရည်ညွှန်းဖော်ပြ၍ ထိုသူတို့ထံ မက်ဆေ့ချ်တစ်စောင့် တိုက်ရိုက်ပို့ဆောင်ပြီး အဖွဲ့လိုက်စကားပြောဆိုမှုတစ်ခုတွင် မက်ဆေ့ချ်တစ်စောင်ကို အထူးတည်လည်စာပြန်ရန် အစီအစဥ်တကျပြန်စာကိုအသုံးပြုပါ။ စကားပြောဆိုမှုတစ်ခုကို ပုံသေထားရှိဖော်ပြထားခြင်းစကားပြောဆိုမှုတစ်ခုတွင် လူများကိုရည်ညွှန်းဖော်ပြခြင်း၊ နှင့် စကားပြောဆိုမှုတစ်ခုတွင် သတ်မှတ်မက်ဆေ့ချ်တစ်စောင်သို့ စာပြန်ခြင်း ကို ကြည့်ပါ။

Messages အက်ပ်တွင် မက်ဆေ့ချ်စကားပြောဆိုမှုစာရင်း။ ဖန်သားပြင်ထိပ်တွင် ဆက်သွယ်မှုရုပ်ပုံကိုးခုသည် စက်ဝိုင်းများနှင့် ပေါ်နေခြင်းသည် ၎င်းတို့ကို ထိပ်တွင်ပုံသေထားရှိထားကြောင်းပြနေခြင်းဖြစ်သည်။ အောက်တွင် စကားပြောဆိုမှုစာရင်းရှိသည်။

Memoji အသက်ရွေးချယ်ခွင့်များနှင့် မျက်နှာအတွက်အဆင်တန်ဆာများ တိုးလာသည့်အပြင် ဆံပင်ပုံစံသစ် အခု 20 ကျော်နှင့် ဝါသနာ၊ သင်၏အလုပ်အကိုင်နှင့် သင်၏စိတ်နေသဘောထားတို့ကို ပေါ်လွင်စေရန် ခေါင်းဆာင်းပုံစံသစ်များမှ ရွေးချယ်နိုင်သည်။ သင်၏ကိုယ်ပိုင် Memoji ကိုဖန်တီးခြင်း ကိုကြည့်ပါ။

မြေပုံများ စက်ဘီးသွားလမ်းများ၊ လူသွားလမ်းများနှင့် လမ်းမကြီးများကို အသုံးပြု၍ စက်ဘီးစီးလမ်းညွှန်များကို ရယူရန် Maps ကိုအသုံးပြုပါ။ သင်၏ခရီးစဥ်ကို အစီအစဥ်ဆွဲသည့်အခါ မြေပြင်အနိမ့်အမြင့်များ၊ အသွားအလာများသော လမ်းသွယ်များနှင့် တောင်ကုန်းမြင့်များကိုပါ မြင်ရသည်။ စားသောက်ရန်၊ ဈေးဝယ်ရန်နှင့် စူးစမ်းလေ့လာရန် သင့်အနားတစ်ဝိုက်ရှိ ကြီးကျယ်ခမ်းနားသည့် နေရာများကို လမ်းညွှန်များဖြင့် ရှာဖွေလိုက်ပါ။ သင်စက်ဘီးစီးသော သို့မဟုတ် လမ်းလျှောက်သော အရပ်မျက်နှာများကိုလိုက်၍ သင်ရောက်ရှိမည့် ခန့်မှန်းအချိန်ကို မျှဝေနိုင်သည် (iOS 14.5)။ သင်၏လက်ရှိတည်နေရာမှ စက်ဘီးစီးလမ်းညွှန်ချက်များ ရယူခြင်းခရီးမှတ်တိုင်သစ်များကို Guides နှင့်အတူ လေ့လာရှာဖွေခြင်းသင်၏စက်ဘီးစီး ETA ကိုမျှဝေခြင်း၊ နှင့် သင့်လမ်းလျှောက်ခြင်း ETA ကိုမျှဝေခြင်း ကြည့်ပါ။

စက်ဘီးစီးလမ်းကြောင်းများစွာ ပြသနေသည့် မြေပုံ။ အောက်ခြေရှိ လမ်းကြောင်းဆိုင်ရာသတင်းအချက်အလက်သည် ခန့်မှန်းအချိန်များ၊ မြေပြင်အနိမ့်အမြင့်များနှင့် လမ်းမကြီးအမျိုးအစားများအပါအဝင် လမ်းကြောင်းအတွက် အသေးစိတ်ဖော်ပြပေးသည်။ လမ်းကြောင်းဆိုင်ရာသတင်းအချက်အလက်များတွင် လမ်းရွေးချယ်မှုတစ်ခုစီနှင့် ကပ်လျက်၌ Go ခလုတ်ရှိသည်။

ယာဉ်အသွားအလာဖြစ်ရပ်များကို သတင်းပေးပို့ချက်များ (iOS 14.5) အမေရိကန်ပြည်ထောင်စုတွင် မတော်တဆမှုများ၊ ဘေးအန္တရာယ်များနှင့် အရှိန်စစ်ဆေးမှုများကို Siri အသုံးပြု၍ သတင်းပို့နိုင်သည်။ Maps တွင် ယာဉ်အသွားအလာဖြစ်ရပ်များကို သတင်းပို့ခြင်း နှင့် CarPlay တွင်ယာဉ်အသွားအလာဖြစ်ရပ်များကို သတင်းပို့ခြင်း ကိုကြည့်ပါ။

ကင်မရာ iPhone XS, iPhone XS Max, iPhone XR၊ နှင့်နောက်ပိုင်းအမျိုးအစားများတွင် QuickTake ဗီဒီယို ရိုက်ကူးနိုင်ပါသည်။ အမြန်အလွယ်သုံးလွှဲပြောင်းခလုတ်သည် Video မုဒ်အတွင်း ဗီဒီယိုရုပ်ထွက်ကြည်လင်မှုနှင့် ရိုက်ကွက်ဘောင်အချိုးကို လွယ်ကူစွာ ပြောင်းလဲစေနိုင်သည်။ QuickTake ဗီဒီယိုမှတ်တမ်းရိုက်ကူးရန်နှင့်ဗီဒီယိုရုပ်ထွက်ကြည်လင်မှုနှင့် ရိုက်ကွက်ဘောင်အချိုးကို ပြောင်းလဲရန် အလွယ်သုံးလွှဲခလုတ်သုံးခြင်း ကိုကြည့်ပါ။

Night မုဒ် (iOS 14.1) iPhone 12 အမျိုးအစားများတွင် ရှေ့ဘက်ကင်မရာ၏ Ultra Wide (0.5x) ကင်မရာနှင့် Wide (1x) ကင်မရာတို့တွင် ဆယ်လ်ဖီရိုက်ကူးရာတွင် Night မုဒ်ကိုအသုံးပြုနိုင်သည်။ Night မုဒ်သုံး ဓာတ်ပုံများရိုက်ခြင်းကို ကြည့်ပါ။

Apple ProRAW၊ (iOS 14.3) iPhone 12 Pro နှင့် iPhone 12 Pro Max တို့တွင် ရုပ်ပုံများကို ဆန်းသစ်တီထွင်နိုင်စွမ်းထိန်းချုပ်မှုမြင့်မားစွာ တည်းဖြတ်နိုင်ရန် Apple ProRAW အတွင်း ဓာတ်ပုံရိုက်ကူးနိုင်သည်။ Apple ProRAW ဓာတ်ပုံများရိုက်ကူးခြင်း တွင် ကြည့်ပါ။

Mirrored selfies (iOS 14.3) အမျိုးအစားများအားလုံးတွင် ရှေ့ကင်မရာဘောင်အတွင်း သင်မြင်တွေ့ရသည့်အတိုင်း ရိုက်ယူပေးသည့် ပုံရိပ်ထင်ဓာတ်ပုံတစ်ပုံ ရိုက်ကူးနိုင်သည်။ သင်၏ iPhone ကင်မရာဖြင့် ဆယ်လ်ဖီဓာတ်ပုံရိုက်ကူးခြင်း ကိုကြည့်ပါ။

ဓာတ်ပုံများ သင်၏ဓာတ်ပုံများကို လက်ရွေးစင်များနှင့် အယ်လ်ဘမ်များဖြင့် စိစစ်ခွဲထုတ်ကာ သက်တမ်းအရင့်ဆုံးဦးစွာပြစေခြင်း နောက်ဆုံးရိုက်ကူးခြင်းကို ဦးစွာပြစေခြင်းဟူ၍ အမျိုးခွဲထုတ်နိုင်သည်။ သင်၏ဓာတ်ပုံများနှင့် ဗီဒီယိုများသို့ ပုံစာများထည့်သွင်းထားခြင်းဖြင့် Search တွင် ၎င်းတို့ကို အလွယ်တကူရှာဖွေနိုင်သည်။ အယ်လ်ဘမ်များတွင် ဓာတ်ပုံများကိုစိစစ်ခွဲထုတ်ခြင်းအယ်လ်ဘမ်ထဲရှိ ဓာတ်ပုံများကို အမျိုးအစားရွေးထုတ်ခြင်း၊ နှင့် ပုံစာများထည့်ခြင်းနှင့် ဓာတ်ပုံနှင့် ဗီဒီယိုဆိုင်ရာအသေးစိတ်အချက်အလက်ကိုကြည့်ခြင်း ကို ကြည့်ပါ။

အတိုင်းအတာ (iOS 14.1) iPhone 12 Pro နှင့် iPhone 12 Pro Max တွင် လူတစ်ယောက်၏အရပ်ကိုချက်ချင်းတိုင်းတာနိုင်၍ တိုင်းတာမှုနှင့်ပတ်သက်သည့် တိုးလာသည့်အသေးစိတ်အချက်အလက်များကိုကြည့်ရန် ပေတံမြင်ကွင်းကိုသုံးနိုင်ပြီး၊ ပရိဘောဂ၊ မီးဖိုချောင်သုံးဗီရိုခုံထိပ်မျက်နှာပြင်များ နှင့်အခြားအရာဝတ္ထုများ၏အစွန်းဘက်တစ်လျှောက်ပိုမိုတိကျသည့်တိုင်းတာမှုများကို ရယူရန် အစွန်းဘက်လမ်းညွှန်မှုများကိုသုံးပါ။ လူတစ်ယောက်၏အရပ်ကိုတိုင်းတာခြင်းပေတံမြင်ကွင်းကိုသုံးခြင်း၊ နှင့် အစွန်းဘက်လမ်းညွှန်မှုများကိုသုံးခြင်း ကိုကြည့်ပါ။

လူတစ်ယောက်၏အရပ်ကို တိုင်းတာသည့်အခါ ထိုလူ၏ခေါင်းတွင် တိုင်းတာထားသည့် အရပ်အမြင့်ကို ဖော်ပြပေးပါသည်။ ထိုတိုင်းတာမှုကို ဓာတ်ပုံတစ်ပုံ ရိုက်ရန်ညာဘက်အစွန်းရှိ Take Picture ခလုတ်သည် အသင့်ဖြစ်နေပါသည်။ Camera In Use မီးအစိမ်းရောင်သည် ညာဘက်ထိပ်တွင် ပေါ်နေမည်။

လူများကို ထောက်လှမ်းရှာဖွေခြင်း (iOS 14.2) iPhone 12 Pro နှင့် iPhone 12 Pro Max တို့တွင် လူအများကို ထောက်လှမ်းရှာဖွေနိုင်သလို ထိုသူတို့နှင့် လူချင်းခွာ၍နေထိုင်ခြင်း သို့မဟုတ် အလှမ်းခွာ၍လူမှုဆက်ဆံခြင်းတို့ ကျင့်သုံးရာတွင် အထောက်အကူရရန် Magnifier ကိုအသုံးပြုနိုင်ပါသည်။ Magnifier ကို အသုံးပြု၍ သင်အနီးရှိ လူအများကို ထောက်လှမ်းရှာဖွေခြင်းကို ကြည့်ပါ။

သတိပေးချက်များ Reminders သည် ယခင်ကသင်ဖန်တီးခဲ့သော အလားတူသတိပေးချက်များကိုအခြေခံ၍ သတိပေးချက်တစ်ခုအတွက် ရက်စွဲ၊ အချိန်နှင့် တည်နေရာတို့ကို အလိုအလျောက်အကြံပြုပေးသည်။ တာဝန်ခွဲဝေလုပ်ဆောင်ခြင်းသည် အလွယ်ကူဆုံးဖြစ်သည်ဆိုသည့်အတိုင်း မျှဝေထားသောစာရင်းတစ်ခု၏ အဖွဲ့ဝင်များသည် အပြန်အလှန်တာဝန်ခွဲဝေသတ်မှတ်နိုင်သည်။ iOS 14.5 တွင် သင်၏စာရင်းများကို အမျိုးအမည်ခွဲခြားနိုင်သလို ပုံနှိပ်ထုတ်နိုင်သည်။ သတိပေးချက်များကိုမျှဝေခြင်းနှင့် တာဝန်ခွဲဝေသတ်မှတ်ခြင်းသတိပေးချက်များကို အမျိုးအမည်ခွဲခြားခြင်း သို့မဟုတ် နေရာပြန်စဉ်ခြင်း နှင့် သတိပေးချက်များကို ပုံနှိပ်ထုတ်ခြင်းတို့ကို ကြည့်ပါ။

Reminders ရှိများစွာသောစာရင်းများကိုပြထားသည့် ဖန်သားပြင်တစ်ခု။ ယနေ့အချိန်စေ့မည့်သတိပေးချက်များ၊ အချိန်ဇယားဆွဲထားသည့်သတိပေးချက်များ၊ သတိပေးချက်အားလုံးနှင့် အလံတပ်ထားသည့်သတိပေးချက်များအတွက် ထိပ်တွင် Smart စာရင်းများပေါ်လာသည်။ Add List ခလုတ်သည်အောက်ခြေညာဘက်တွင်ဖြစ်သည်။

Siri သင်လုပ်လက်စအရာကို အာရုံစူးစိုက်ထားစဥ် Siri သည် ကျစ်လျစ်သပ်ရပ်သောဒီဇိုင်းအသစ်ဖြင့် သတင်းအချက်အလက်များကို အလျင်အမြန်အသိပေးမည်။ ယခုအခါ Siri သည် သင်ရှာဖွေလိုသောအဖြေရရန် ဝက်ဘ်စာမျက်နှာများမှ သတင်းအချက်အလက်များထိ လိုက်လံရှာဖွေပေးပြီး Messages အက်ပ်မှလည်း အသံမက်ဆေ့ချ်များပို့နိုင်သည်။ Siri လုပ်နိုင်သည့်အရာများကို လေ့လာခြင်း ကိုကြည့်ပါ။

Safari Safari သည် ယခင်ကထက် ပိုမိုဘေးကင်းစိတ်ချရပြီး အကူအညီပိုရသည်။ သင်၏သီးသန့်လုံခြုံရေးအပေါ် ဝက်ဘ်ဆိုက်များ၏ သဘောထားကို နားလည်ရန် Privacy Report ကိုကြည့်နိုင်ပြီး သင်အသုံးပြုနေသော စကားဝှက်သည် ဘေးကင်းစိတ်ချရမှုမရှိပါက Safari က သင့်ကိုသတိပေးနိုင်သည်။ အခြားဘာသာစကားတစ်ခုဖြင့်ရေးထားသော ဝက်ဘ်ဆိုက်တစ်ခုကို ဝင်ရောက်သည့်အခါ ယခုအခါ Safari သည် ဘာသာစကား ၇ မျိုးအတွက် (beta) ဘာသာပြန်ပံ့ပိုးပေးနိုင်ပြီဖြစ်သည်။ သီးသန့်တည်ရှိမှုဆိုင်ရာအစီရင်ခံချက်ကိုကြည့်ခြင်းနှင့်ဝက်ဘ်စာမျက်နှာတစ်ခုကို ဘာသာပြန်ဆိုခြင်း ကိုကြည့်ပါ။

ကျန်းမာရေး အသစ်စီစဥ်ထည့်သွင်းထားသော အိပ်စက်ခြင်းအတွေ့အကြုံသည် ရည်မှန်းအိပ်စက်ချိန်ပြည့်မီအောင် ကူညီပေးပြီး အိပ်ရာမဝင်ခင် အပန်းဖြေရာမှာလည်းကူညီပေးသည်။ Health အက်ပ်တွင် အရေးကြီးသည့်လုပ်ဆောင်ချက်များကို ဆန်းစစ်ရန်နှင့် ဖွင့်ရန် Health Checklist ကို အသုံးပြုနိုင်သည်။ အိပ်စက်ခြင်းအချိန်ဇယားများ နှင့် Health Checklist ဖြင့် ကျန်းမာရေးလုပ်ဆောင်ချက်များကို စီမံခြင်း တို့ကိုကြည့်ပါ။

Health အက်ပ်တွင် Sleep အတွက် အစီအစဥ်ချထည့်သွင်းသောဖန်သားပြင်။ ဖန်သားပြင်၏အလယ်တွင် နာရီတစ်ခုရှိကာ အိပ်စက်ချိန်ကို ည 10 နာရီဟုတ်သတ်မှတ်ထားပြီး နိုးထချိန်ကို မနက် 6 နာရီဟုသတ်မှတ်ထားသည်။ နှိုးစက်ရွေးချယ်မှုများအောက်တွင်Wake Up Alarm သည်ပွင့်နေပြီး တေးသံသည် Early Riser ဖြစ်၍ အသံသည် အမြင့်အနေအထားသတ်မှတ်ထားသည်။

ရာသီစက်ဝန်းဆိုင်ရာအချက်များကို စီမံခြင်း (iOS 14.3) ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ကျွေးခြင်းနှင့် သားဆက်ခြားနည်းအသုံးပြုခြင်းကဲ့သို့ အချက်များကို မှတ်တမ်းယူခြင်းဖြင့် Health အတွင်း ရာသီစက်ဝန်းကိုခြေရာခံသည့် ကြိုတင်ခန့်မှန်းချက်များကို စီမံပေးသည်။ ရာသီစက်ဝန်းဆိုင်ရာအချက်များကို စီမံခြင်း ကိုကြည့်ပါ။

Lossless နှင့် Dolby Atmos အသံဖိုင် (iOS 14.6) သင်သည် Apple Music သို့ စာရင်းသွင်းမှတ်ပုံတင်ထားပါက Music အက်ပ်ရှိ lossless နှင့် Dolby Atmos အသံဖိုင်များကိုနားထောင်နိုင်သည်။ iPhone တွင် lossless ဂီတကိုနားထောင်ခြင်းနှင့်iPhone တွင် Dolby Atmos ဂီတကို နားထောင်ခြင်း ကိုကြည့်ပါ။

နားကြပ်အသံထွက်အားအဆင့် (iOS 14.2) အကယ်၍ သင်နားထောင်နေသည့် အသံသည် သင့်အကြားအာရုံကို ထိခိုက်လောက်အောင် ကျယ်လောင်နေသည့်အခါ အကြောင်းကြားချက်တစ်ခုရယူပြီး ခေါင်းတပ်နားကြပ်အသံကို အလိုအလျောက် လျှော့ချစေပါ။ သင်၏ iPhone နားကြပ်များကိုအသုံးပြု၍ အသံဖွင့်ထားကာ တိကျသောအသံအဆင့်ကိုလည်း စစ်ဆေးနိုင်ပြီး အမြင့်ဆုံးအသံထွက်အားထိ သတ်မှတ်နိုင်သည်။ Health တွင် ခေါင်းတပ်နားကြပ်နှင့် ပတ်ဝန်းကျင်အသံထွက်အားအနိမ့်အမြင့်ကို ခြေရာကောက်ခြင်းControl Center အတွင်း ခေါင်းတပ်နားကြပ်နှင့် ပတ်ဝန်းကျင်အသံအနိမ့်အမြင့်ကို စစ်ဆေးခြင်း နှင့် နားကြပ်အသံထွက်နှုန်းကို ကန့်သတ်ခြင်း ကို ကြည့်ပါ။

FaceTime FaceTime သည် ယခုအခါ ဖုန်းပြောသူတစ်ဦးသည် လက်ဟန်ဘာသာစကားကို အသုံးပြုနေခြင်းရှိမရှိကို ထောက်လှမ်းနိုင်ပြီး အဖွဲ့လိုက် FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုတွင် ထိုပုဂ္ဂိုလ်ကို ဦးစားပေးပြသည်။ ဗီဒီယိုဖုန်းခေါ်ဆိုမှုသည် ကင်မရာအစား ဖန်သားပြင်ကိုကြည့်၍ ပြောသည့်အခါမှာပင် မျက်လုံးချင်းဆုံနိုင်အောင် ကူညီပေးသောကြောင့် ပိုမိုသဘာဝကျပါသည်။ အဖွဲ့လိုက် FaceTime ဖုန်းခေါ်ဆိုခြင်း ကိုကြည့်ပါ။

အိမ် အလိုအလျောက်အလင်းအားညှိခြင်းသည် တစ်နေ့တာအလင်း၏ အပူချိန်ကို ပြောင်းလဲပေးသည်။ ဗီဒီယိုကင်မရာများနှင့် လူခေါ်ခေါင်းလောင်းများသည် Photos အက်ပ်တွင် သင်အမည်တပ်ထားသော လူများကိုခွဲခြားသိရှိနိုင်ပြီး သင်သတ်မှတ်ထားသော လှုပ်ရှားမှုဇုန်များတွင် လှုပ်ရှားမှုရှိသည့်အခါ သင့်ကို သတိပေးနိုင်သည်။ Adaptive Lighting ကိုဖွင့်ခြင်းFace Recognition ကို စီမံခြင်း၊ နှင့် သတ်မှတ်နေရာများတွင်အခန်းများကိုဖွဲ့စည်းခြင်း ကို ကြည့်ပါ။

iPhone ဖန်သားပြင်ပေါ်ရှိ Home မှ အသိပေးချက်တစ်ခု။ ၎င်းက အရှေ့တံခါးရှိ လူတစ်ဦး၏ရုပ်ပုံတစ်ပုံကိုပြထားပြီး ဘယ်ဘက်တွင် Talk ခလုတ်ရှိသည်။ အရှေ့တံခါးနှင့် ဝင်လမ်းမီးအလင်းများအတွက် ဆက်စပ်ပစ္စည်းခလုတ်များက အောက်တွင်ဖြစ်သည်။ ဆက်စပ်အသုံးခလုတ်များအောက်တွင် “Ashley is ringing the doorbell” ဟူ၍စာတန်းပေါ်နေသည်။ Close ခလုတ်သည် အသိပေးချက်၏ညာဘက်ထိပ်ဆုံးတွင်ရှိသည်။

ကားသော့များ သင်၏ Wallet အက်ပ်ထဲတွင် ဒီဂျစ်တယ်ကားသော့တစ်ခုထည့်ထားပါက သင်၏လက်ဝယ်ကိုင်ရသော ကားသော့ကိုအိမ်၌ထားခဲ့နိုင်သည်။ သင်၏ iPhone ကို ကားတံခါးနားယူလာရုံဖြင့် ကားသော့ပွင့်သွားမည်။ ကားထဲရောက်သည့်အခါ သင်၏ iPhone ကို ဖတ်စက်တစ်ခု သို့မဟုတ် ကြိုးမဲ့အားသွင်းစနစ်တစ်ခုပေါ်သို့တင်လိုက်လျှင် ကားစက်နှိုးနိုင်ပြီဖြစ်သည်။ ကားသော့များကို သူငယ်ချင်းများ၊ မိသားစုဝင်များနှင့်လည်း မျှဝေနိုင်ပြီး မတူညီသော ကားမောင်းသူများအတွက် ထိန်းချုပ်မှုများကို နှစ်သက်သလိုပြင်ဆင်နိုင်သည်။ Wallet အက်ပ်ထဲရှိ ကားသော့များဖြင့် သင်၏ကားကို တံခါးဖွင့်ခြင်းနှင့် ကားစက်နှိုးခြင်း ကိုကြည့်ပါ။

CarPlay နှစ်သက်ဖွယ် wallpapers အစုမှ ရွေးချယ်ပါ။ CarPlay သည် ကားရပ်နားခြင်း၊ လျှပ်စစ်ယာဥ်အားဖြည့်ခြင်းနှင့် အသင့်စားအစားအသောက်မှာယူခြင်းကဲ့သို့သော—အက်ပ်အမျိုးအစားသစ်များကို ထောက်ပံ့ပေးသည်။ CarPlay တွင် wallpaper ကိုပြောင်းလဲခြင်းနှင့်CarPlay နှင့်အတူအခြားအက်ပ်စ်များကိုအသုံးပြုခြင်း ကိုကြည့်ပါ။

သီးသန့်တည်ရှိမှု ချိန်ညှိမှုအသစ်သည် အက်ပ်တစ်ခုတွင် သင်၏ ခန့်မှန်းခြေတည်နေရာကိုသာ ပေးသိရန် ခွင့်ပြုပြီး အက်ပ်တစ်ခုမှ သင်၏ကင်မရာ သို့မဟုတ် မိုက်ခရိုဖုန်းကို အသုံးပြုနေပါက သင်၏iPhone ဖန်သားပြင်ထိပ်ရှိ အချက်ပြမီးကပြပေးမည်။ အက်များအားလုံးသည် သင်အသုံးပြုသည့်အက်ပ်များနှင့် အခြားကုမ္ပဏီများပိုင်ဆိုင်သော ဝက်ဘ်ဆိုက်များအထိ မှတ်တမ်းလိုက်လံမကောက်ယူမီ သင်၏ခွင့်ပြုချက်ကို တောင်းဆိုရန်လိုအပ်သည် (iOS 14.5)။ iPhone တွင် သင်မျှဝေသည့် တည်နေရာအချက်အလက်များကို ထိန်းချုပ်ခြင်းကင်မရာ၊ မိုက်ခရိုဖုန်းနှင့်အခြားဟာ့ဒ်ဝဲလ်လုပ်ဆောင်ချက်များသို့ ဝင်ရောက်ခွင့်ဆန်းစစ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ နှင့် ခွင့်ပြုချက်များခြေရာခံမည့်အက်ပ်ကိုထိန်းချုပ်ခြင်း ကိုကြည့်ပါ။

App Store (iOS 14.3) သင်ဒေါင်းလုတ်မရယူမီ အက်ပ်များ၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများကို အခု သင်ကြည့်ရှုနိုင်သည်။ အက်ပ်တိုင်း၏ထုတ်ကုန်စာမျက်နှာသည် စုဆောင်းထားသည့်အချက်အလက်များအပါအဝင် ၎င်း၏ကိုယ်ရေးလုံခြုံမှုကြိုတင်ကာကွယ်မှုများမှ ဖန်တီးရေးဆွဲသူတင်ပြသည့် အကျဉ်းချုပ်တစ်ခုကို ပြသသည်။

iOS 14 အတွက်လှည့်ကွက်များကိုလေ့လာခြင်း Tips အက်ပ်သည်အကြံပြုချက်အသစ်များကို မကြာခဏဖြည့်ပေးသောကြောင့်သင်၏ iPhone မှအများဆုံးရရှိနိုင်သည်။ အကြံပြုချက်များရယူခြင်း ကို ကြည်ပါ။

မှတ်စု အင်္ဂါရပ်အသစ်များနှင့်အက်ပ်စ်များသည် သင့် iPhone အမျိုးအစား၊ ဒေသ၊ ဘာသာစကားနှင့်သင့်ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီပေါ်မူတည်ပြီးပြောင်းလဲနိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.