ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Apple ID နှင့် iCloud ချိန်ညှိမှုများအား စီမံလုပ်ဆောင်ခြင်း

Apple ID သည် App Store၊ iTunes Store၊ Apple Books၊ Apple Music၊ FaceTime၊ iCloud၊ iMessage အစရှိသည့် Apple ဝန်ဆောင်မှုများကိုဝင်ကြည့်ရန်သုံးသည့်အကောင့်ဖြစ်သည်။

သင်၏ဓာတ်ပုံများ၊ ဗီဒီယိုများ၊ စာရွက်စာတမ်းများ၊ ဂီတ၊ အက်ပ်များနှင့် အခြားအရာတို့ကို လုံခြုံစွာသိမ်းရန် iCloud ကိုအသုံးပြုပါ — သင်၏စက်ပစ္စည်းများအားလုံးတွင် ၎င်းတို့ကို နောက်ဆုံးအခြေအနေမွမ်းမံကာသိမ်းဆည်းပါ။ iCloud ကိုအသုံးပြု၍ ဓာတ်ပုံများ၊ ပြက္ခဒိန်များ၊ တည်နေရာများနှင့် အခြားအရာများကို မိတ်ဆွေနှင့် မိသားစုများနှင့် အလွယ်တကူမျှဝေနိုင်သည်။ သင်၏ iPhone ပျောက်ဆုံးသွားပါက iCloud ကိုအသုံးပြုပြီး ၎င်းကိုရှာဖွေရာတွင် အထောက်အကူရနိုင်သည်။

iCloud သည်သင်၏ mail၊ စာရွက်စာတမ်းများ၊ ဓာတ်ပုံများဗီဒီယိုများ နှင့် အရန်သိမ်းဆည်းသောဖိုင်များအတွက် သိမ်းဆည်းရန် အခမဲ့အီးမေးလ်အကောင့်တစ်ခုနှင့် နေရာလွတ် 5 GB ကိုပေးသည်။ သင်ရရှိမည့် သိမ်းဆည်းနေရာလွတ်တွင် သင်ဝယ်ယူထားသည့် ဂီတ၊ အက်ပ်များ၊ တီဗီရှိုးများနှင့် စာအုပ်များမပါဝင်ပါ။ iPhone မှ သင်၏ iCloud သိမ်းဆည်းနေရာကို အဆင့်တိုးမြှင့်နိုင်သည်။

မှတ်စု အချို့ iCloud အစီအစဉ်များတွင် အနည်းဆုံးစနစ်လိုအပ်ချက်များ ရှိသည်။ iCloud ရရှိနိုင်မှုနှင့်၎င်း၏အစီအစဉ်များသည်နိုင်ငံသို့မဟုတ်ဒေသအလိုက်အမျိုးမျိုးဖြစ်နိုင်သည်။

သင်၏ Apple ID ဖြင့် ဝင်ရောက်ခြင်း

အစပျိုးလုပ်ဆောင်စဉ် ဝင်ရောက်ထားခြင်းမရှိလျှင် အောက်ပါတို့ကို လုပ်ဆောင်ပါ၊

  1. Settings သို့သွားပါ။

  2. Sign in to your iPhone ကိုနှိပ်ပါ။

  3. သင်၏ Apple ID နှင့်စကားဝှက်ကို ရိုက်ထည့်ပါ။

    သင့်မှာ Apple ID မရှိလျှင်တစ်ခုလုပ်နိုင်ပါသည်။

  4. အထောက်အထားနှစ်ရပ်အတည်ပြုချက်နှင့် သင်၏အကောင့်ကို ကာကွယ်ထားပါက ဂဏန်းခြောက်လုံးစိစစ်ချက်ကုဒ်ကို ရိုက်ထည့်ပါ။

သင်၏ Apple ID သို့မဟုတ် စကားဝှက်ကို မေ့သွားပါက Recover your Apple ID ဝက်ဘ်ဆိုက်ကိုကြည့်ပါ။

သင်၏ Apple ID settings ကိုပြောင်းလဲချိန်ညှိခြင်း

  1. Settings  > [your name] သို့သွားပါ။

  2. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • သင်၏ဆက်သွယ်ရန်အချက်အလက်များကို ပြင်ဆင်ခြင်း

    • သင်၏လျှို့ဝှက်ကုဒ်ကိုပြောင်းလဲခြင်း

    • Family Sharing ကိုစီမံလုပ်ဆောင်ခြင်း

သင်၏ iCloud ချိန်ညှိမှုများကိုပြောင်းလဲချိန်ညှိခြင်း

  1. Settings  > [your name] > iCloud သို့သွားပါ။

    iCloud ချိန်ညှိမှုများ ဖန်သားပြင်သည် iCloud သိမ်းဆည်းမှုမီတာနှင့် iCloud နှင့် အသုံးပြုနိုင်သည့် Mail၊ Contacts၊ Messages အပါအဝင် အက်ပ်စ်များနှင့်အစီအစဉ်များစာရင်းကို ဖော်ပြထားသည်။
  2. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • သင်၏ iCloud သိမ်းဆည်းမှုအခြေအနေကိုကြည့်ပါ။

    • သင်၏ iCloud သိမ်းဆည်းမှုကိုအဆင့်မြှင့်တင်ရန်—Manage Storage > Change Storage Plan ကိုနှိပ်ပါ။

    • Photos၊ Mail၊ Contacts နှင့် Messages တို့ကဲ့သို့သော သင်အသုံးပြုလိုသည့် လုပ်ဆောင်မှုကိုဖွင့်ပါ။

iPhone တွင် iCloud သုံးရန်နည်းလမ်းများ

အောက်ပါအကြောင်းအရာကို အချိန်နှင့်တစ်ပြေးညီထည့်သွင်းပါ၊

အောက်ပါတို့ကိုလည်း လုပ်ဆောင်နိုင်သည်၊

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.