ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ကိုပြန်လည်စတင်ရန် အားထည့်လုပ်ဆောင်ခြင်း

iPhone သည်အလုပ်လုပ်ဆောင်ခြင်းရပ်တန့်သွားပြီး ပိတ်၍ဖွင့်၍မရနိုင်ပါက တွန်းအားပေးကာ ပြန်လည်စတင်ရန်ကြိုးစားကြည့်ပါ။

မှတ်စု iPhone ကို ပြန်လည်စတင်ရန်အားထည့်လုပ်ဆောင်ရမည့်အဆင့်များသည် အမျိုးအစားကို မူတည်သည်။ သင့်တွင်ရှိသော မော်ဒယ်အမျိုးအစားကို သိရှိနိုင်ရန် Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့်သင့် iPhone အမျိုးအစားကို ဖော်ထုတ်ခြင်းကို ကြည့်ပါ။

ထိုအဆင့်များကို လုပ်ကြည့်ပြီးသည့်နောက် သင့် iPhone စက်ပြန်မပွင့်လျှင် Apple အထောက်အကူပြု ဆောင်းပါးဖြစ်သည့် သင့် iPhone၊ iPad၊ သို့မဟုတ် iPod touch မပွင့်လျှင် သို့မဟုတ် ရပ်တန့်နေလျှင် ကို ကြည့်ပါ။ သို့မဟုတ် ပြန်လည်စတင်ပြီးနောက် သင့် iPhone က မှန်ကန်စွာအလုပ်မလုပ်ပါက iPhone အထောက်အကူပြုဝက်ဘ်ဆိုက် ကို ကြည့်ပါ။

iPhone X၊ iPhone XS၊ iPhone XR၊ iPhone 11 သို့မဟုတ် iPhone 12 ကို ပြန်လည်စတင်ရန်အားထည့်လုပ်ဆောင်ခြင်း

အသံကျယ်သည့်ခလုတ်ကို ဖိပြီးနောက် အမြန်လွှတ်လိုက်ပါ။ အသံတိုးသည့်ခလုတ်ကို ဖိပြီးနောက် အမြန်လွှတ်လိုက်ပါ။ ထို့နောက် ဘေးဘက်ခလုတ်အား ဖိ၍ထိန်းထားပါ။ Apple အမှတ်တံဆိပ်ပေါ်လာသည့်အခါ၊ ထိုခလုတ်ကိုလွှတ်လိုက်ပါ။

Home ခလုတ်တစ်ခုမပါရှိသော ပက်လက်ထားထားသည့် iPhone အမျိုးအစား၏ သရုပ်ပြပုံတစ်ခု။ အသံအတိုးအကျယ်ခလုတ်များကို ထိုဖုန်း၏ ဘယ်ဘက်တွင်ပြထား၍ ဘေးခလုတ်တစ်ခုကို ညာဘက်တွင်ပြထားသည်။

iPhone 8 သို့မဟုတ် iPhone SE (2nd generation) တို့ကိုပြန်လည်စတင်ရန် အားထည့်လုပ်ဆောင်ခြင်း

အသံကျယ်သည့်ခလုတ်ကို ဖိပြီးနောက် အမြန်လွှတ်လိုက်ပါ။ အသံတိုးသည့်ခလုတ်ကို ဖိပြီးနောက် အမြန်လွှတ်လိုက်ပါ။ ထို့နောက် ဘေးဘက်ခလုတ်အား ဖိ၍ထိန်းထားပါ။ Apple အမှတ်တံဆိပ်ပေါ်လာသည့်အခါ၊ ထိုခလုတ်ကိုလွှတ်လိုက်ပါ။

Home ခလုတ်တစ်ခုပါရှိသော ပက်လက်ထားထားသည့် iPhone အမျိုးအစား၏ သရုပ်ပြပုံတစ်ခု။ အသံအတိုးအကျယ်ခလုတ်များကို ထိုဖုန်း၏ ဘယ်ဘက်တွင်ပြထား၍ ဘေးခလုတ်တစ်ခုကို ညာဘက်တွင်ပြထားသည်။

iPhone 7 ကိုပြန်လည်စတင်ရန် အားထည့်လုပ်ဆောင်ခြင်း

အသံတိုးသည့်ခလုတ်နှင့် Sleep/Wake ခလုတ်ကို တစ်ချိန်တည်း ဖိ၍နှိပ်ထားပါ။ Apple အမှတ်တံဆိပ်ပေါ်လာသည့်အခါ၊ ခလုတ်နှစ်ခုလုံးကို လွှတ်လိုက်ပါ။

ဖုန်းမျက်နှာပြင်ဖော်ပြထားသည့် iPhone 7 ၏ နမူနာပြသချက်တစ်ရပ်။ အသံတိုးသည့်ခလုတ်အား ထိုဖုန်း၏ဘယ်ဘက်တွင် ပြသထားပြီး Sleep/Wake ခလုတ်အား ညာဘက်တွင်ပြသထားသည်။

iPhone 6s သို့မဟုတ် iPhone SE (1st generation) တို့ကိုပြန်လည်စတင်ရန်အားထည့်လုပ်ဆောင်ခြင်း

Sleep/Wake ခလုတ်နှင့် Home ခလုတ်နှစ်မျိုးစလုံးကို တစ်ချိန်တည်းဖိ၍နှိပ်ထားပါ။ Apple အမှတ်တံဆိပ်ပေါ်လာသည့်အခါ၊ ခလုတ်နှစ်ခုလုံးကို လွှတ်လိုက်ပါ။

ဖုန်းမျက်နှာပြင်ဖော်ပြထားသည့် iPhone အမျိုးအစားများ၏ နမူနာပုံစံနှစ်မျိုးအား ပြသထားခြင်း။ နှစ်မျိုးလုံးတွင်ပင်မခလုတ်များသည် ထိုဖုန်းများ၏အောက်ခြေအနီးတွင်ရှိသည်။ ဘယ်ဘက်အရောက်ဆုံးအမျိုးအစားတွင် ထိုဖုန်းထိပ်ရှိညာဘက်အစွန်းတွင် Sleep/Wake ခလုတ်တစ်ခုရှိပြီး၊ ညာဘက်အရောက်ဆုံးအမျိုးအစားတွင် ထိုဖုန်း၏ ထိပ် ညာဘက်အစွန်းတွင် Sleep/Wake ခလုတ်တစ်ခုရှိသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.