ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ သတိပေးချက်များကို မျှဝေခြင်းနှင့် သတ်မှတ်ခွဲဝေခြင်း

Reminders အက်ပ် တွင် လုပ်ဆောင်ရန်စာရင်းများကို မျှဝေရန် iCloud ကိုအသုံးပြုပါ။ iCloud အသုံးပြုသော အခြားလူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သလို လုပ်ငန်းဆောင်တာများ သတ်မှတ်ခွဲဝေနိုင်သည်။

မှတ်စု အခုလမ်းညွှန်းထဲတွင်ဖော်ပြထားသော Reminders အင်္ဂါရပ်များအားလုံးကို အဆင့်မြှင့်ပြီးသတိပေးချက်များကိုသုံးမှသာ အသုံးပြုနိုင်ပါသည်။ အခြားအကောင့်များကိုအသုံးပြုနေချိန်တွင် တချို့အင်္ဂါရပ်များကို အသုံးမပြုနိုင်ပါ။

iCloud အားအသုံးပြု၍ စာရင်းတစ်ခုအား မျှဝေခြင်း

iCloud ကိုအသုံးပြုထားသည့် လူများနှင့် စာရင်းတစ်ခု အား သင်မျှဝေ၍ပူးပေါင်းဆောင်ရွက်နိုင်သည်။ ထိုဖိတ်ခေါ်မှုကိုလက်ခံသောသူများသည် အသိပေးချက်များကို ထပ်ပေါင်းနိုင်ခြင်း၊ ပြင်ဆင်နိုင်ခြင်းနှင့် ပြီးမြောက်မှုအဖြစ် မှတ်ယူနိုင်ခြင်းများ ပြုလုပ်နိုင်သည်။

  1. စာရင်းတစ်ခုကို ကြည့်နေစဉ် More ခလုတ် ကိုနှိပ်ပြီးနောက် Share List ကိုနှိပ်ပါ။

  2. သင်၏ဖိတ်ခေါ်မှုပေးပို့ပုံကို ရွေးချယ်ပါ (ဥပမာ-Mail သို့မဟုတ် Messagesကိုအသုံးပြုခြင်း)။

မျှဝေမှုစာရင်းတစ်ခုတွင် သတိပေးချက်များသတ်မှတ်ခြင်း

စာရင်းတွင်ပါရှိသော သင်အပါအဝင် မည်သူ့မဆို သတိပေးချက်တစ်ခုသတ်မှတ်နိုင်သည်။

  1. သင်သတ်မှတ်လိုသော သတိပေးချက်ကိုနှိပ်၍ Person ခလုတ် ကိုနှိပ်ပါ။

  2. မျှဝေမှုစာရင်းရှိ ပုဂ္ဂိုလ်တစ်ဦးကိုရွေးချယ်ပါ။

အကြံပြုချက် သင့်အတွက် သတ်မှတ်ခွဲဝေထားသော သတိပေးချက်အားလုံးကို အမြန်ကြည့်ရှုရန်သင့်အတွက် သတ်မှတ်ထားသော သတိပေးချက်အားလုံးကို အမြန်ကြည့်ရှုရန် Assigned to Me Smart List ကို အသုံးပြုပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.