ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Mail တွင် email တစ်စောင်ကြည့်ခြင်း

Mail အက်ပ်တွင် email တစ်စောင်ကို ဖွင့်မကြည့်ဘဲ ၎င်းတွင်ပါရှိသည့်အကြောင်းအရာကို အမြည်းကြည့်နိုင်သည်။

Inbox အတွင်းရှိ email တစ်စောင်၏အမြည်းတွင် ပို့သူအမည်အပြင် email ပို့သည့်အချိန်၊ ခေါင်းစဉ်နှင့် email ထဲမှ ပထမစာနှစ်ကြောင်းကို ပြထားမည်။

အီးမေးလ်တစ်စောင်နှင့် ရွေးချယ်စရာများစာရင်းကို နမူနာကြည့်ခြင်း

စာတိုက်ပုံးစာရင်းအတွင်း ပါဝင်သည့်အရာများကို နမူနာကြည့်ရန်နှင့် စာပြန်ခြင်း၊ စာဖိုင်တွဲခြင်း စသည်တို့အတွက် ရွေးချယ်စရာများစာရင်းကိုကြည့်ရှုရန် အီးမေးလ်ကို ထိနှိပ်ထားပါ။ iPhone တွင် လျင်မြန်သည့်လုပ်ဆောင်ချက်များကိုပြုလုပ်ခြင်း ကိုကြည့်ပါ။

အမြည်းစာကို ရှည်ရှည်ပြခြင်း

သင့်၏စာတိုက်ပုံးစာရင်းတွင် emailတစ်ခုချင်းစီအတွက် ပုံသေအားဖြင့်စာသားနှစ်ကြောင်းကိုMail ကဖော်ပြသည်။ သင့်အနေဖြင့် emailကို ဖွင့်စရာမလိုဘဲ စာကြောင်းများကိုထပ်မံကြည့်ရှုရန်ရွေးချယ်နိုင်သည်။

Settings  > Mail > Preview သို့သွား၍ စာငါးကြောင်းထိရွေးချယ်ပါ။

Email တစ်စောင်လုံးပြခြင်း

Emails စာရင်းတွင် ဖတ်လိုသည့်တစ်ခုကို နှိပ်ပါ။

အပြန်အလှန်ပြောဆိုထားခြင်း အားလုံးကိုပြခြင်း

Settings  > Mail သို့သွား၍ Organize by Thread ကိုဖွင့်ပါ။

စီစဉ်ထားရှိပုံကိုပြောင်းလဲလိုလျှင် Settings > Mail ထဲတွင် ထိပ်ဆုံးမှာ Collapse Read Messages သို့မဟုတ် Most Recent Message ထားခြင်း ကဲ့သို့သော—အခြားချိန်ညှိမှုများကို ပြောင်းလဲနိုင်သည်။

Inbox ထဲတွင် To နှင့် Cc အညွှန်းတို့ကိုပြခြင်း

Settings  > Mail သို့သွားပြီးနောက် Show To/Cc Labels ကိုဖွင့်ပါ။

သင့်ထံလိပ်မူလာသော လိပ်စာရှင်အားလုံးကို စုမှတ်ထားသော To/Cc စာတိုက်ပုံးကိုလည်း အသုံးပြုနိုင်သည်။ ၎င်းကို ပြသရန် သို့မဟုတ် ဝှက်ထားရန် Mailboxes ကို နှိပ်ပါ၊ Edit ကိုနှိပ်ပါ၊ ထို့နောက် To or Cc ကို ရွေးပါ။

တစ်ယောက်ယောက်ကို သင့်ဆက်သွယ်မှုစာရင်းထဲသို့ထည့်သွင်းခြင်း သို့မဟုတ် VIP တစ်ယောက်အဖြစ် သတ်မှတ်ခြင်း

Email တွင် လူတစ်ဦး၏အမည် သို့မဟုတ် email လိပ်စာကိုနှိပ်ပါ၊ ပြီးလျှင် အောက်ပါတို့အနက်တစ်ခုခုကိုလုပ်ပါ၊

  • ၎င်းတို့ကိုသင့်အဆက်အသွယ်အဖြစ်ထည့်သွင်းရန် Create New Contact သို့မဟုတ် Add to Existing Contact ကိုနှိပ်ပါ။

    ဖုန်းနံပါတ်၊ အခြား email လိပ်စာများ၊ စသည်တို့ကို ထည့်သွင်းနိုင်သည်။

  • ၎င်းတို့ကို သင့် VIP စာရင်းတွင်ထည့်သွင်းရန် Add to VIP ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.