ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Calendar တွင်ပွဲစဉ်များအားလုံးကိုမျက်ခြည်မပြတ်စေခြင်း

Calendarအက်ပ် တွင် လာမည့်Calendar ပွဲရက်များ၊ ဖိတ်ကြားမှုများစသည်တို့ကိုသင့်အားအသိပေးမည့် အကြောင်းကြားချက်များကိုစိတ်ကြိုက်စီမံထားနိုင်သည်။ သင်၏ပွဲစဉ်များနှင့်အခြားပြက္ခဒိန်အချက်အလက်များကို သင်၏စက်ပစ္စည်းများအားလုံးတွင် အချိန်နှင့်တစ်ပြေးညီသေချာစွာ ထားရှိပါ။

Calendar အကြောင်းကြားချက်များကို စိတ်ကြိုက်ပြုလုပ်ခြင်း

  1. Settings  > Notifications > Calendar သို့ သွားပါ။

  2. Allow Notifications ကိုဖွင့်ပါ။

  3. ပွဲရက်အမျိုးအစားတစ်ခုကို (ဥပမာ Upcoming Events) ကိုနှိပ်ကာ၊ ထိုပွဲရက်များအတွက် သတိပေးချက်များပေါ်လာစေလိုသော ပုံစံနှင့်နေရာကို ရွေးချယ်ပါ— ဥပမာ Notification Center ရှိ Lock Screen တွင် ဖန်သားပြင်ထိပ်ဆုံးရှိ ခေါင်းစီးတန်းများပေါ်တွင် အသိပေးချက်အသံတစ်ခုဖြင့် စသည်။

သင်၏စက်ပစ္စည်းအားလုံးတွင် သင့် Calendar ကို အချိန်နှင့်တစ်ပြေးညီ ထားရှိပါ

Apple ID တစ်ခုတည်းဖြင့် အကောင့်ဝင်ရောက်ထားသည့် သင့်စက်အားလုံးတွင် သင့်Calendarအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီထားရှိရန် iCloud ကို အသုံးပြုနိုင်သည်။

Settings  > [your name] > iCloud သို့သွားကာ Calendar ကိုဖွင့်ပါ။

Calendar အတွက် iCloud ကိုအသုံးမပြုလိုပါက၊ သင်၏iPhone နှင့် ကွန်ပပျူတာကြား Calendar အချက်အလက်ကိုချိန်ကိုက်နိုင်သည်။ သင့်ကွန်ပျူတာနှင့် iPhone ကိုချိတ်ကိုက်ခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.