ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Siri နှင့်အတူ နားလည်ရလွယ်သောအစီအစဉ်များကို သုံးခြင်း

iPhone တွင်နားလည်ရလွယ်သည့်အစီအစဉ်များသုံးခြင်းကိုစတင်ရန် ယေဘုယျအားဖြင့် Siri သည် အလွယ်ဆုံးနည်းလမ်းဖြစ်သည်။ Siri ဖြင့်ဆိုလျှင် သင်အက်ပ်စ်များကိုဖွင့်နိုင်သည်၊ ချိန်ညှိမှုများစွာကိုဖွင့်နိုင် သို့မဟုတ် ပိတ်နိုင်သည်၊ သို့မဟုတ်သင်၏ထူးချွန်သည့်လက်ထောက်အဖြစ်ဆောင်ရွက်နိုင်ရန် Siri ကိုသုံးနိုင်သည်၊

Siri ကိုမေးပါ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Turn on VoiceOver” သို့မဟုတ် “Turn off VoiceOver.” Siri အားတောင်းဆိုပုံကိုလေ့လာခြင်း

Siri သည် VoiceOver ပွင့်သည့်အချိန်ကိုသိသည်၊ ထို့ကြောင့်ဖန်သားပြင်ပေါ်တွင်ပေါ်လာသည်ထက်သင့်ထံသို့ပြန်ရောက်ရန်သတင်းအချက်အလက်မကြာခဏဖတ်ပေးလိမ့်မည်။ ဖန်သားပြင်ပေါ်တွင် Siri ပြသည်ကိုဖတ်ရန် VoiceOver ကိုသုံးနိုင်သည်။

Siri သို့စကားပြောမည့်အစားစာရိုက်ခြင်း

  1. Settings  > Accessibility > Siri သို့သွား၍ Type to Siri ကိုဖွင့်ပါ။

  2. တောင်းဆိုမှုပြုလုပ်ရန် Siri ကိုဆင့်ခေါ်ပါ ၊ ထို့နောက်ခလုတ်ခုံနှင့်စာသားနယ်ပယ်ကိုသုံးဖြင်းဖြင့် Siri နှင့်အပြန်အလှန်ပြောဆိုပါ။

Siri အတွက် အသံတုံ့ပြန်မှုကို ထိန်းချုပ်ခြင်း

  1. Settings  > Accessibility > Siri သို့သွားပါ။

  2. Don’t Speak in Silent Mode၊ Only Speak with Hey Siri သို့မဟုတ် Always Speak Responses တို့ကို ရွေးချယ်ပါ။

iPhone ကာဗာအုပ်ထားစဉ် သို့မဟုတ် ဖုန်းကို မှောက်ထားစဉ်တွင် “Hey Siri” ကို ပိတ်ထားခြင်း

iPhone ကာဗာအုပ်ထားစဉ် သို့မဟုတ် ဖုန်းကို မှောက်ထားစဉ်တွင် “Hey Siri” အတွက် iPhone မှ အသံနားထောင်ခြင်းမျိုးမဖြစ်စေရန် Settings  > Accessibility > Siri သို့သွား၍ Always Listen for “Hey Siri” ကိုပိတ်ပါ။

Siri သည် အသုံးပြုရန်အဆင်သင့်ဖြစ်နေချိန် အက်ပ်များကို ဝှက်ခြင်း

Siri ကိုဆင့်ခေါ်သည့်အခါ လက်ရှိအက်ပ်ကိုဝှက်ရန် Settings  > Accessibility > Siri သို့သွား၍ Show Apps Behind Siri ကိုပိတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.