ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ကင်မရာအခြေခံ

သင့် iPhone ရှိ Camera ဖြင့် ဓာတ်ပုံများရိုက်ကူးနည်းကို လေ့လာပါ။ Photo၊ Video၊ Pano သို့မဟုတ် Portrait ကဲ့သို့သော ကင်မရာမုဒ်များကိုရွေးချယ်ကာ ဓာတ်ပုံရိုက်ကူးချိန်ဆရန် ပုံချုံ့ခြင်း ချဲ့ခြင်းလုပ်ဆောင်ပါ။

Siri ကိုမေးပါ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Open Camera ” Siri အားတောင်းဆိုပုံကိုလေ့လာခြင်း

Photo စနစ်ထဲရှိ Camera နှင့် ကင်မရာရိုက်ကွက်ပြကိရိယာ၏အောက်ခြေ ဘယ်နှင့်ညာတွင် အခြားစနစ်နှစ်ခုကို ပြထားသည်။ ဓာတ်မီး၊ Camera Controls နှင့် Live Photo များအတွက် ခလုတ်များသည် ဖန်သားပြင်ထိပ်ဆုံးတွင် ရှိသည်။ Photo နှင့် Video Viewer ခလုတ်သည် ဘယ်ဘက်အောက်ခြေထောင့်တွင်ရှိသည်။ Take Picture ခလုတ်သည် အောက်ခြေအလယ်တွင်ရှိပြီး Camera Chooser Back-Facing ခလုတ်သည် အောက်ခြေညာဘက်ထောင့်တွင် ရှိသည်။

Camera ကိုဖွင့်ပါ၊

Camera ကိုဖွင့်ရန် iPhone Lock ဖန်သားပြင်ရှိ ဘယ်သို့ပွတ်ဆွဲပါ သို့မဟုတ် iPhone ၏ Home Screen ရှိ Camera သင်္ကေတကို နှိပ်ပါ။

မှတ်စု သင်၏လုံခြုံရေးအတွက် ကင်မရာအသုံးပြုနေသည့်အချိန်တွင် ဖန်သားပြင်၏ ညာဘက်ထိပ်တွင် အစိမ်းရောင်အစက်လေးပေါ်နေမည်။ ဟာ့ဒ်ဝဲလ်အစီအစဥ်များသို့ဝင်ရောက်မ၍ကို ထိန်းချုပ်ခြင်းကိုကြည့်ပါ။

ကင်မရာမုဒ်များတစ်ခုမှတစ်ခုသို့ ကူးပြောင်းခြင်း

Photo သည် Camera ကိုဖွင့်သည့်အခါ သင်မြင်ရသည့် စံထားစရာနည်းစနစ်ဖြစ်သည်။ အငြိမ်ဓာတ်ပုံများနှင့် Live Photos ကိုရိုက်ရန် Photo မုဒ်ကို သုံးပါ။ အောက်ပါကင်မရာမုဒ်များထဲမှ တစ်ခုကိုရွေးချယ်ရန် ဘယ်သို့ သို့မဟုတ် ညာသို့ ပွတ်ဆွဲပါ၊

  • ဗီဒီယိုမုဒ်၊ ဗီဒီယိုတစ်ခုရိုက်ကူးပါ။

  • လှုပ်ရှားမှုအမြန်ပြကွက်ရိုက်ကူးမုဒ်၊ အချိန်တစ်ခုထိကြာမြင့်သည့် လှုပ်ရှားမှုအမြန်ပြကွက်‑ဗီဒီယိုတစ်ခုကို ဖန်တီးပါ။

  • အနှေးပြကွက်ရိုက်ကူးမုဒ်၊ ဗီဒီယိုတစ်ခုကို အနှေးပြကွက်ပြင်ဆင်ချက်ဖြင့် ရိုက်ကူးပါ။

  • မြင်ကွင်းကျယ် ရိုက်ကူးမုဒ်၊ မြင်ကွင်းကျယ်ရှုခင်းတစ်ခု သို့မဟုတ် အခြားမြင်ကွင်းတစ်ခုကို ရိုက်ကူးပါ။

  • Portrait မုဒ်၊ သင်၏ဓာတ်ပုံများကို နက်ရှိုင်းသည့်ရိုက်ကူးချက်ပြင်ဆင်ချက်တစ်ခုကို ထည့်သွင်းနိုင်သည် (ထောက်ပံ့ပေးသော အမျိုးအစားများတွင်သာ)။

  • စတုရန်းပုံရိုက်ကူးမုဒ်၊ သင်၏ကင်မရာဖန်သားပြင်ကို စတုရန်းပုံသဏ္ဍာန်ဘောင်ကွပ်ပါ။

    iPhone 12၊ iPhone 12 mini၊ iPhone 12 Pro၊ iPhone 12 Pro Max၊ iPhone SE (2nd generation)၊ iPhone 11 သို့မဟုတ် iPhone 11 Pro တို့တွင် Camera Controls ခလုတ်ကိုနှိပ်၍ စတုရန်းဘောင်ကွက်အချိုး 4:3 သို့မဟုတ် 16:9 တို့ကြားရွေးချယ်ရန် 4:3 ကိုနှိပ်ပါ။

ချုံ့ရန် သို့မဟုတ် ချဲ့ရန်

  • အမျိုးအစားများအားလုံးတွင် Camera ကိုဖွင့်၍ ဖန်သားပြင်ကို ချုံ့ရန် သို့မဟုတ် ချဲ့ရန် လက်ချောင်းထိပ်ဖြင့် ချုံ့ချဲ့ပါ။

  • ကင်မရာနှစ်လုံးနှင့် သုံးလုံးစနစ်ပါရှိသော iPhone အမျိုးအစားများတွင် အမြန်ပုံချုံ့ချဲ့ပြုလုပ်ရန်1x၊ 2x၊ 2.5x နှင့် 5x တို့ကြား အလွယ်ကူးပြောင်းပါ (သင်၏ဖုန်းအမျိုးအစားပေါ်မူတည်သည်)။ ပိုမိုတိကျစွာ ပုံချုံ့ချဲ့ပြုလုပ်ရန်အတွက် ပုံအချုံ့အချဲ့ထိန်းချုပ်ခလုတ်များကို ထိ၍ထိန်းထားကာ ဆလိုက်ဒါကို ဘယ် သို့မဟုတ် ညာသို့ ဆွဲပါ။

ဓာတ်ပုံတစ်ခု သို့မဟုတ် ဗီဒီယိုတစ်ခုကို ရိုက်ကူးခြင်း

ဓာတ်ပုံတစ်ပုံရိုက်ရန် Shutter ခလုတ် သို့မဟုတ် အသံအတိုးအကျယ်ခလုတ်တစ်ခုခုကို နှိပ်ပါ။

အကြံပြုချက် Photo မုဒ်ကိုအသုံးပြုနေစဉ် ဗီဒီယိုတစ်ခုရိုက်ကူးလိုပါက Shutter ခလုတ်ကိုထိ၍ထိန်းထားခြင်းဖြင့် QuickTake ဗီဒီတစ်ခု ကို ရိုက်ကူးပါ (iPhone 11 နှင့် နောက်ပိုင်းအမျိုးအစားများ)။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.