ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Safari တွင်ဖတ်ရှုစာရင်းတစ်ခုထဲသို့ စာမျက်နှာများသိမ်းဆည်းခြင်း

Safari အက်ပ် တွင် စိတ်ဝင်စားဖွယ်အချက်များကို သင်၏ဖတ်ရှုစာရင်းထဲသို့ သိမ်းဆည်းခြင်းဖြင့် နောင်အခါ ပြန်လည်သွားရောက်ဖတ်ရှုနိုင်သည်။ သင်၏ဖတ်ရှုစာရင်းထဲမှ အချက်များကို iCloud တွင်လည်း သိမ်းဆည်းနိုင်သလို နောင်တစ်ချိန် အင်တာနက်နှင့်ချိတ်ဆက်ထားသည့်အခါ ဖတ်ရှုနိုင်သည်။

လက်ရှိစာမျက်နှာကို ဖတ်ရှုစာရင်းထဲသို့ထည့်သွင်းခြင်း

Share ခလုတ် ကို နှိပ်ပြီးနောက် Add to Reading List ကိုနှိပ်ပါ။

အကြံပြုချက် လင့်ချိတ်ထားသော စာမျက်နှာတစ်ခုကို ဖွင့်မကြည့်ဘဲထည့်သွင်းရန် ထိုလင့်ကိုထိ၍ ထိန်းထားပြီးသည့်အခါ Add to Reading List ကိုနှိပ်ပါ။

သင်၏ဖတ်ရှုစာရင်းကိုကြည့်ခြင်း

Bookmarks ခလုတ် ကိုနှိပ်ပြီးနောက် Reading List ခလုတ် ကိုနှိပ်ပါ။

သင်၏ဖတ်ရှုစာရင်းထဲမှ အချက်တစ်ခုကိုဖျက်သိမ်းရန် ထိုအချက်ကို လက်ဝဲသို့ပွတ်ဆွဲပါ။

အင်တာနက်မရှိချိန် ဖတ်ရှုရန်အတွက် ဖတ်ရှုစာရင်းဝင်အချက်အားလုံးကို အလိုအလျောက် iCloud ထဲသို့ သိမ်းဆည်းခြင်း

Settings  > Safari သို့သွားကာ (ဖတ်ရှုစာရင်းအောက်ရှိ) Automatically Save Offline ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.