ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ချိန်ညှိမှုများကို ၎င်းတို့၏အလိုအလျောက်ရွေးချယ်ထားမှုများသို့ ပြန်ထားရှိခြင်း

သင်၏အကြောင်းအရာကိုမဖျက်ဘဲ ချိန်ညှိမှုများအား ၎င်းတို့၏အလိုအလျောက်ရွေးချယ်ထားမှုများသို့ ပြန်ထားရှိနိုင်သည်။

သင်၏ချိန်ညှိမှုများသိမ်းဆည်းလိုပါက ၎င်းတို့၏ပုံသေသတ်မှတ်ချက်များသို့ ပြန်မထားရှိမီ  iPhone ကို အရန်ကူးယူပါ။ ဥပမာအားဖြင့် သင်သည် ပြဿနာတစ်ခုဖြေရှင်းနေသော်လည်း ချိန်ညှိမှုများအား ၎င်းတို့ပုံသေသတ်မှတ်ချက်များသို့ ပြန်ထားခြင်းက အလုပ်မဖြစ်သည့်အခါ အရန်ကူးယူထားမှုမှနေ၍ ယခင်ချိန်ညှိမှုများအား သင်ပြန်လည်ရယူနိုင်သည်။

  1. Settings  > General > Reset သို့သွားပါ။

  2. ရွေးစရာတစ်ခုကိုရွေးချယ်ခြင်း၊

    သတိပေးချက် Erase All Content နှင့် Settings ရွေးစရာကိုရွေးချယ်ပါက၊ သင်၏အကြောင်းအရာအားလုံးကိုဖယ်ရှားပြီးဖြစ်မည်။ iPhone ဖျက်သိမ်းခြင်း ကိုကြည့်ပါ။

    • ချိန်ညှိမှုအားလုံးကိုပြန်လည်သတ်မှတ်ခြင်း၊ ကွန်ရက်ချိန်ညှိမှုများ၊ စာရိုက်ခလုတ်ခုံအဘိဓာန်၊ Home ဖန်သားပြင်အဆင်အပြင်၊ တည်နေရာချိန်ညှိမှုများ၊ သီးသန့်လုံခြုံရေးချိန်ညှိမှုများနှင့် Apple Pay ကတ်များ အစရှိသော ချိန်ညှိမှုများအားလုံးကို ဖယ်ရှားသည် သို့မဟုတ် ၎င်းတို့၏မူလသတ်မှတ်ပုံစံများသို့ပြန်လည်သတ်မှတ်သည်။ အချက်အလက်များ သို့မဟုတ် မီဒီယာများအား ဖျက်ထားခြင်းမရှိ။

    • ကွန်ရက်ချိန်ညှိမှုများကိုပြန်လည်သတ်မှတ်ခြင်း၊ ကွန်ရက်ချိန်ညှိမှုများကိုသာဖယ်ရှားထားသည်။ ထို့ပြင် Settings > General > About တွင်သတ်မှတ်ထားသည့်စက်ပစ္စည်းအမည်ကို “iPhone၊” တွင်ပြန်လည်သတ်မှတ်၍ (ဝက်ဘ်ဆိုက်များအတွက်ကဲ့သို့) ယုံကြည်ရသည့်အထောက်အထားလက်မှတ်များကို မယုံကြည်ရသည့်အထောက်အထားလက်မှတ်များအဖြစ်ကိုယ်တိုင်ပြောင်းနိုင်သည်။

      Cellular အင်တာနက်ကူးပြောင်းသုံးစွဲခြင်းကိုလည်းပိတ်နိုင်သည်။ (iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကို ကြည့်ပါ။)

      ကွန်ရက်ချိန်ညှိမှုများကိုပြန်လည်သတ်မှတ်ခြင်း၊ ကွန်ရက်ချိန်ညှိမှုများကိုသာဖယ်ရှားထားသည်။ ထို့ပြင်  > General > About တွင်သတ်မှတ်ထားသည့်စက်ပစ္စည်းအမည်ကို “iPhone၊” တွင်ပြန်လည်သတ်မှတ်၍ (ဝက်ဘ်ဆိုက်များအတွက်ကဲ့သို့) ယုံကြည်ရသည့်အထောက်အထားလက်မှတ်များကို မယုံကြည်ရသည့်အထောက်အထားလက်မှတ်များအဖြစ်ကိုယ်တိုင်ပြောင်းနိုင်သည်။

      ကွန်ရက်ချိန်ညှိမှုများကိုပြန်လည်သတ်မှတ်သည့်အခါ၊ သီးသန့်အစီအစဉ်စနစ် သို့မဟုတ် မိုဘိုင်းစက်ပစ္စည်းစီမံမှု(MDM) တို့ဖြင့်တပ်ဆင်မထားသည့် ယခင်အသုံးပြုခဲ့သော ကွန်ရက်များနှင့် VPN ချိန်ညှိမှုများကိုဖယ်ရှားထားသည်။ Wi-Fi ကိုပိတ်ပြီးနောက် ပြန်ဖွင့်လျှင် သင်ရှိနေသည့် မည်သည်ကွန်ရက်မှမဆို သင့်အားအဆက်အသွယ်ဖြတ်တောက်ပေးလိမ့်မည်။ Wi-Fi နှင့် Ask to Join Networks ချိန်ညှိမှုများသည်ဖွင့်လျက်ကျန်ရှိနေသည်။

      သီးသန့်အစီအစဉ်စနစ်ဖြင့် တပ်ဆင်ထားသည့် VPN ချိန်ညှိမှုများကို ဖယ်ရှားရန် Settings > General > Profiles & Device Management သို့သွားပါ၊ ထို့နောက် သီးသန့်ထားရှိသည့်ပုံကိုရွေးချယ်ပြီးနောက် Remove Profile ကို နှိပ်ပါ။ ထိုပုံဖြင့်စီစဉ်ထားသည့် အခြားချိန်ညှိမှုများနှင့်အကောင့်များကိုလည်း ၎င်းမှဖယ်ရှားပေးသည်။ ထိုလမ်းညွှန်ရှိiPhone သီးသန့်အစီအစဉ်စနစ်ပုံစံများအား ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ရှားခြင်း ကို ကြည့်ပါ။

      MDM ဖြင့်တပ်ဆင်ထားသည့် ကွန်ရက်ချိန်ညှိမှုများကိုဖယ်ရှားရန်၊ Settings > General > Profiles & Device Management သို့သွားပါ၊ ထိုစီမံမှုကိုရွေးချယ်ပါ၊ Remove Management ကိုနှိပ်ပါ။ MDM ဖြင့်ပံ့ပိုးပေးထားသည့် ချိန်ညှိမှုများနှင့် အထောက်အထားလက်မှတ်များကိုလည်း ၎င်းမှဖယ်ရှားပေးသွားမည်။ iOS ထိထိရောက်ရောက်အသုံးချမှုရည်ညွှန်းချက် ထဲရှိ “မိုဘိုင်းစက်ပစ္စည်းစီမံမှု (MDM)” ကိုကြည့်ပါ။

    • စာရိုက်ခလုတ်ခုံအဘိဓာန်ကိုပြန်လည်သတ်မှတ်ခြင်း၊ သင်စာရိုက်သည့်အခါ iPhone မှအကြံပေးဖော်ပြသည့်စာလုံးများကို ငြင်းပယ်ပြီး စာရိုက်ခလုတ်ခုံအဘိဓာန်အတွင်းသို့ စာလုံးများ သင်ထပ်ပေါင်းထည့်နိုင်သည်။ စာရိုက်ခလုတ်ခုံအဘိဓာန်အား ပြန်လည်သတ်မှတ်ခြင်းသည် သင်ထည့်သွင်းထားသော စာလုံးများကိုသာ ဖျက်ပေးသွားမည်ဖြစ်သည်။

    • Home ဖန်သားပြင်ပုံစံအား ပြင်ဆင်သတ်မှတ်ခြင်း၊ ဖုန်းတွင်းပါအက်ပ်များကို Home ဖန်သားပြင်ရှိ ၎င်းတို့၏ မူလအဆင်အပြင်အတိုင်း ပြန်လည်ထားရှိပါ။

    • တည်နေရာနှင့် သီးသန့်လုံခြုံမှုကို ပြင်ဆင်သတ်မှတ်ခြင်း၊ တည်နေရာပြဝန်ဆောင်မှုများနှင့် သီးသန့်လုံခြုံမှုဆိုင်ရာ ချိန်ညှိမှုများကို ၎င်းတို့၏ သတ်မှတ်ပုံစံသို့ ပြင်ဆင်သတ်မှတ်ခြင်း။

သင်၏ iPhone ကိုလုံးဝဥဿုံ ဖျက်သိမ်းလိုပါက iPhone မှအကြောင်းအရာနှင့် ချိန်ညှိမှုများအားလုံးကိုဖျက်ခြင်း ကိုကြည့်ပါ။ သင်၏ iPhone ကိုဖျက်သိမ်းရန် ကွန်ပျူတာတစ်ခုကို အသုံးပြုလိုပါက သို့မဟုတ် အသုံးပြုရန်လိုပါက iPhone မှအကြောင်းအရာနှင့် ချိန်ညှိမှုများအားလုံးကိုဖျက်သိမ်းရန် ကွန်ပျူတာတစ်လုံးကိုသုံးခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.