ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ iTunes Store တွင် ဖုန်းခေါ်ဆိုမှုတေးသံများ၊ စာရိုက်သံများနှင့် အသိပေးချက်တေးသံများကို ရယူပါ

iTunes Store အက်ပ် တွင် ဖုန်းခေါ်ဆိုမှုတေးသံများ၊ စာရိုက်သံများနှင့် နာရီနှိုးစက် အစရှိသည်တို့အတွက် အသိပေးချက်တေးသံများကို ဝယ်ယူနိုင်သည်။

တေးသံသစ်များဝယ်ယူခြင်း

  1. iTunes Store ကိုဖွင့်ပါ၊ More ကိုနှိပ်ပါ၊ ထို့နောက် Tones ကိုနှိပ်ပါ။

  2. အမျိုးအစားအလိုက် လှန်လှောရှာဖွေပါ သို့မဟုတ် သီချင်းအတိအကျ သို့မဟုတ် တေးသံရှင်တစ်ဦးကို ရှာဖွေရန် Search ကိုနှိပ်ပါ။

  3. သတင်းအချက်အလက်များ ပိုမိုကြည့်ရှုရန် သို့မဟုတ် နမူနာတစ်ခုဖွင့်ရန် တေးသံတစ်ခုကိုနှိပ်ပါ။

  4. တေးသံတစ်ခုကို ဝယ်ယူရန် ဈေးနှုန်းကို နှိပ်ပါ။

သင်၏ Apple ID ဖြင့် ဝယ်ယူထားသော တေးသံများကို ပြန်လည်ဒေါင်းလုတ်လုပ်ခြင်း

အခြားစက်ပစ္စည်းတွင် တေးသံများဝယ်ယူထားပြီးသားဖြစ်လျှင် ၎င်းတို့ကို ပြန်လည်ဒေါင်းလုတ်လုပ်နိုင်သည်။

  1. Settings  > Sounds & Haptics (အထောက်အကူပြုသည့် အမျိုးအစားများတွင်) သို့မဟုတ် Sounds (အခြား iPhone အမျိုးအစားများတွင်) သို့သွားပါ။

  2. Sounds နှင့် Vibration Patterns အောက်ရှိ မည်သည့်အသံကိုမဆို နှိပ်ပါ။

  3. Download All Purchased Tones ကိုနှိပ်ပါ။ သင်ဝယ်ယူထားသော တေးသံအားလုံးကို ဒေါင်းလုတ်ရယူပြီးပါက သို့မဟုတ် တေးသံတစ်ခုမှ မဝယ်ယူရသေးပါက ထိုးရွေးချယ်မှုကို မြင်ရမည်မဟုတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.