ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ကို အင်တာနက်နှင့်ချိတ်ဆက်ခြင်း

ရရှိနိုင်သည့် Wi-Fi သို့မဟုတ် cellular ကွန်ရက်ကို အသုံးပြု၍ သင်၏ iPhone ကို အင်တာနက်နှင့် ချိတ်ဆက်ပါ။

သင်၏ iPhone ကို Wi-Fi ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်ခြင်း

  1. Settings  > Wi-Fi သို့သွားကာ Wi-Fi ကိုဖွင့်ပါ။

  2. အောက်ပါတို့မှ တစ်ခုကိုနှိပ်ပါ၊

    • ကွန်ရက်တစ်ခု၊ လိုအပ်ပါက လျို့ဝှက်ကုဒ်ကို ရိုက်ထည့်ပါ။

    • အခြား၊ ဝှက်ထားသည့်ကွန်ရက်တစ်ခုကို ချိတ်ဆက်ပါ။ ဝှက်ထားသည့်ကွန်ရက်အမည်၊ လုံခြုံမှုအမျိုးအစားနှင့် လျှို့ဝှက်ကုဒ်ကို ရိုက်ထည့်ပါ။

ဖန်သားပြင်ထိပ်တွင် Wi-Fi သင်္ကေတ ပေါ်လာပါက iPhone သည် Wi-Fi ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်ထားသည်။ (၎င်းကိုအတည်ပြုရန် ဝက်ဘ်စာမျက်နှာတစ်ခုကိုကြည့်ရန် Safari ကိုဖွင့်ပါ။) ထိုနေရာတစ်ခုတည်းသို့ သင်ပြန်ရောက်လာသည့်အခါ iPhone မှ ပြန်လည်ချိတ်ဆက်ပေးသည်။

Personal Hotspot ကိုချိတ်ဆက်ခြင်း

iPad (Wi-Fi + Cellular) သို့မဟုတ် အခြား iPhone သည် ၎င်းတို့၏ Personal Hotspot ကိုမျှဝေနေလျှင် သင်သည် ထို cellular Internet ချိတ်ဆက်မှုကို အသုံးပြုနိုင်သည်။

Settings  > Wi-Fi သို့သွားပါ၊ ထို့နောက် Personal Hotspot မျှဝေမည့်စက်ပစ္စည်း၏အမည်ကိုရွေးချယ်ပါ။

iPhone တွင် လျှို့ဝှက်နံပါတ်တစ်ခုတောင်းဆိုလာလျှင် Personal Hotspot တွင်မျှဝေထားသည့်စက်ပစ္စည်းရှိ Settings > Cellular > Personal Hotspot တွင်ပြထားသော လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပါ။

iPhone ကို cellular ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်ခြင်း

Wi-Fi ကွန်ရက်မရနိုင်ပါက သင်၏ iPhone သည် ဖုန်းဝန်ဆောင်မှုကုမ္ပဏီ၏ cellular အင်တာနက်ကွန်ရက်ဖြင့် အလိုအလျောက်ချိတ်ဆက်သည်။ iPhone က မချိတ်ဆက်ပေးလျှင် အောက်ပါတို့ကိုစစ်ဆေးပါ၊

  1. သင်၏ဆင်းမ်ကတ်အား အသက်သွင်းပြီး သော့ဖြည်ထားကြောင်း အတည်ပြုစစ်ဆေးပါ။ iPhone ရှိ cellular ဝန်ဆောင်မှုကို စီမံလုပ်ဆောင်ခြင်း ကိုကြည့်ပါ။

  2. Settings  > Cellular သို့သွားပါ။

  3. Cellular Data သည် ဖွင့်လျက်ရှိမရှိ အတည်ပြုစစ်ဆေးပါ။ ဆင်းမ်ကတ်နှစ်ကတ်သုံး မော်ဒယ်များ တွင် Cellular Data ကိုနှိပ်၍ ရွေးချယ်ထားသောလိုင်းကို အတည်ပြုစစ်ဆေးပါ။ (cellular အင်တာနက်အတွက် လိုင်းတစ်လိုင်းတည်းကိုသာ ရွေးချယ်နိုင်သည်။)

အင်တာနက်ချိတ်ဆက်မှုတစ်ခုကို လိုအပ်သည့်အခါ iPhone သည် အင်တာနက်ချိတ်ဆက်မိသည်အထိ အောက်ပါတို့ကို အစဉ်အတိုင်းလုပ်ဆောင်သွားသည်။

  • လတ်တစ်လောအသုံးပြုထားသောရနိုင်သည့် Wi-Fi ကွန်ရက်သို့ ချိတ်ဆက်နိုင်ရန် ကြိုးပမ်းခြင်း

  • Wi-Fi ကွန်ရက်များစာရင်းကို အစဉ်လိုက်ပြ၍ သင်ရွေးချယ်သည့် ကွန်ရက်နှင့် ချိတ်ဆက်ခြင်း

  • သင့်ဖုန်းဝန်ဆောင်မှုပေးသည့်ကုမ္ပဏီ၏ အင်တာနက်ကွန်ရက်သို့ ချိတ်ဆက်ခြင်း

    မှတ်စု အင်တာနက်ချိတ်ဆက်နိုင်သည့် Wi-Fi ချိတ်ဆက်မှုတစ်ခုမရလျှင် အက်ပ်စ်များနှင့် ဝန်ဆောင်မှုများသည် သင့်ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ၏ cellular ကွန်ရက်မှ တစ်ဆင့်ပေးပို့မှာဖြစ်ပြီး ယင်းသည် ထပ်ဆောင်းကုန်ကျမှုကိုဖြစ်စေနိုင်သည်။ သင့်cellular အင်တာနက် အစီအစဉ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်အတွက် သင့်ဖုန်းဝန်ဆောင်မှုပေးသည့်ကုမ္ပဏီနှင့် ဆက်သွယ်ပါ။ cellular အင်တာနက်အသုံးပြုပုံကို စီမံလုပ်ဆောင်ရန်၊ iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.