ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် iCloud Drive တွင် ဖိုင်များနှင့် ဖိုင်တွဲများကိုမျှဝေခြင်း

iCloud Drive ကို စီမံခြင်း ပြီးသည်နှင့် Files app ကို အသုံးပြုပြီး ဖိုင်တွဲများ နှင့် သီးခြားဖိုင်များကို သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဘက်များထံ မျှဝေနိုင်သည်။ မျှဝေထားသော ဖိုင်တစ်ခု သို့မဟုတ် ဖိုင်တွဲတစ်ခုသို့ ပြောင်းလဲမှုများပြုလုပ်သည့်အခါ သင့်အပြောင်းအလဲများကို အခြားသူများလည်း အလိုအလျောက်မြင်နိုင်သည်။ အခြားသူများကို ပြင်ဆင်ခွင့် ပြုပေးထားလျှင် ၄င်းတို့လုပ်ထားသည့် အပြောင်းအလဲများသည်လည်း အလိုအလျောက် ပေါ်လာမည်ဖြစ်သည်။

iCloud Drive တွင် မျှဝေထားသော ဖိုင်များနှင့်ဖိုင်တွဲများတွင် အရေးကြီးသော ဤလက္ခဏာရပ်များရှိသည်၊

  • ဖိုင်တွဲတစ်ခုကို မျှဝေသည့်အခါ ထိုဖိုင်တွဲထဲတွင် သင် သို့မဟုတ် တခြားပါဝင်ပြုပြင်ခွင့်ရှိသူများမှ ထည့်သွင်းထားသော ဖိုင်ငယ်များအားလုံးကိုလည်း အလိုအလျောက် မျှဝေသွားသည်။

  • နာမည်ပါဝင်သည့် မျှဝေထားသောဖိုင်သို့ ချိတ်ဆက်ထားသည့် လင့်ခ်။ အမည် သို့မဟုတ် အကြောင်းအရာသည်လျှို့ဝှက်ထားရန်ဖြစ်ပါက၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှထိုလင့်ခ်ကိုမပေးပို့ဖို့လက်ခံသူများကိုသေချာစွာတောင်းဆိုပါ။

  • အခြားဖိုင်များ သို့မဟုတ် တည်နေရာများသို့မျှဝေထားသည့်ဖိုင်များကိုရွှေ့ပါက၊ ထိုဖိုင်များသို့သွားသည့်လင့်ခ်များသည်အလုပ်လုပ်တော့မည်မဟုတ်ဘဲလူများသည်ထိုဖိုင်များသို့ဝင်ကြည့်ခွင့်ဆုံးရှုံးမည်ဖြစ်သည်။

  • အက်ပ်အပေါ်မူတည်၍ နောက်ဆုံးပြောင်းလဲမှုများကို ကြည့်ရှုရန် ထိုဖိုင်များကို ပြန်လည်ဖွင့်ရန် သို့မဟုတ် မူရင်းလင့်ခ်ကို နှိပ်ရန် လိုအပ်နိုင်သည်။

ဖိုင်တွဲတစ်ခု သို့မဟုတ် ဖိုင်တစ်ခုကို မျှဝေခြင်း

iCloud Drive တွင် ဖိုင်တွဲ သို့မဟုတ် ဖိုင်တစ်ဖိုင် ပိုင်ဆိုင်လျှင် ပါဝင်မှုများကို ကြည့်ရှုရန်နှင့် ပြင်ဆင်ရန် အခြားသူများကို ဖိတ်ခေါ်နိုင်သည်။

သင်ဖိတ်ခေါ်ထားသည့် သူများသာ ဖွင့်ကြည့်နိုင်ရန် ဖိုင်တွဲတစ်တွဲနှင့် ဖိုင်တစ်ဖိုင်ကို သင်မျှဝေနိုင်သည်၊ သို့မဟုတ် အဆိုပါဖိုင်ကိုဖွင့်နိုင်သည့် လင့်ခ်ကို မျှဝေထားသည့် မည်သူကိုမဆို မျှဝေနိုင်သည်။

ဖိုင်တွဲတစ်ခု သို့မဟုတ် ဖိုင်တစ်ခု၏ပါဝင်မှုများကို ပြောင်းလဲရန်ခွင့်ပြုနိုင်သည် သို့မဟုတ် ပါဝင်မှုများကို ကြည့်ရှုရုံသာလုပ်နိုင်ခွင့်ကို သင်ကန့်သတ်နိုင်သည်။

သင် ဖိုင်တွဲတစ်ခုကို မျှဝေသည့်အခါ ပုံသေအားဖြင့် မျှဝေထားသည့် ထိုဖိုင်တွဲထဲရှိ ဖိုင်များကို သင် ဖိတ်ကြားခံရသူများသာကြည့်ရှုနိုင်သည်။ ဖိုင်များကို ဝင်ရောက်ကြည့်ရှုရန် လူများထပ်မံဖိတ်ကြားမည်ဆိုပါက ပါဝင်ကြည့်ရှုနိုင်သူများထပ်မံထည့်သွင်းရန် မျှဝေထားသည့် ထိုဖိုင်တွဲ၏ ချိန်ညှိခြင်းများတွင် ပြောင်းလဲရမည်။ မျှဝေထားသည့် ဖိုင်တွဲတွင်းရှိ တစ်ဖိုင်ချင်းစီကိုရွေးချယ်၍ ထိုဖိုင်ကို ပါဝင်ကြည့်ရှုနိုင်သူများကို ထည့်သွင်းခြင်းမျိုးလုပ်မရပါ။

  1. ဖိုင်တွဲ သို့မဟုတ် ဖိုင် ကိုထိ၍ထိန်းထားပါ။

  2. Share ရှိ Share ခလုတ်ကိုနှိပ်၍ Share Folder in iCloud သို့မဟုတ် Share File in iCloud ကိုနှိပ်ပါ။

  3. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • ပါဝင်မှုများကို ကြည့်ရှုရန်နှင့် ပြင်ဆင်ရန် ဖိတ်ကြားခံရသူများကိုသာ ခွင့်ပြုပါ၊ Share Options ကို နှိပ်ပါ၊ “Only people you invite ” ကို နှိပ်ပါ၊ “Can make changes,” ကို နှိပ်ပါ၊ ထို့နောက် Messages သို့မဟုတ် Mail ကဲ့သို့သော နည်းလမ်းတစ်ခုကို ရွေးချယ်ပြီး ဖိုင်တွဲတစ်တွဲ သို့မဟုတ် ဖိုင်တစ်ဖိုင်ကိုမျှဝေရန် လင့်ခ်တစ်ခုကို ထိုလူများထံသို့ ပေးပို့ပါ။

    • ပါဝင်မှုများကို ကြည့်ရှုရန် ဖိတ်ကြားခံရသူများကိုသာ ခွင့်ပြုခြင်း၊ Share Options ကို နှိပ်ပါ၊ “Only people you invite,” ကို နှိပ်ပါ၊ “View only,” ကို နှိပ်ပါ၊ ထို့နောက် အဆိုပါလင့်ခ်ပို့ရန် နည်းလမ်းတစ်ခုကို ရွေးပါ။

    • ပါဝင်မှုများကို ကြည့်ရှုရန်နှင့် ပြင်ဆင်ရန် မည်သူ့ကိုမဆို ခွင့်ပြုခြင်း၊ Share Options ကိုနှိပ်ပါ၊“Anyone with the link”ကိုနှိပ်ပါ၊“Can make changes” ကိုနှိပ်ပါ၊ ပြီးလျှင် ထိုဖိုင်အတွက် လင့်ခ်တစ်ခု ပေးပို့သည့်နည်းလမ်းတစ်ခုကို ရွေးချယ်ပါ။

    • ပါဝင်မှုများကို ကြည့်ရှုရန် မည်သူ့ကိုမဆို ခွင့်ပြုခြင်း၊ Share Options ကိုနှိပ်ပါ၊ “Anyone with the link”ကိုနှိပ်ပါ၊ “View only” ကိုနှိပ်ပါ၊ ပြီးလျှင် ထိုဖိုင်အတွက် လင့်ခ်တစ်ခု ပေးပို့သည့်နည်းစနစ်ကို ရွေးချယ်ပါ။

  4. သင့်ဖိတ်ခေါ်မှုကိုပေးပို့လိုသည့်နည်းလမ်းကို ရွေး၍ Send ကိုနှိပ်ပါ။

ဖိုင်တွဲတစ်တွဲ သို့မဟုတ် ဖိုင်တစ်ခုကိုမျှဝေရန် လူများပိုမိုဖိတ်ခေါ်ခြင်း

ဖိုင်တွဲ သို့မဟုတ် ဖိုင်တစ်ခုကို သင်မျှဝေထားပြီး ၎င်းကိုဝင်ရောက်ခွင့်ကို Only people you invite ဟုသာ သတ်မှတ်ထားလျှင် ၎င်းဖိုင်ကို နောက်ထပ်လူများထံသို့ သင်မျှဝေနိုင်သည်။

  1. ဖိုင်တွဲ သို့မဟုတ် ဖိုင် ကိုထိ၍ထိန်းထားပါ။

  2. Share ရှိ Share ခလုတ်ကိုနှိပ်၍ Manage Shared Folder သို့မဟုတ် Manage Shared File ကိုနှိပ်ပါ။

  3. Add People ကိုနှိပ်၍ လင့်ခ်ပေးပို့ခြင်းအတွက် နည်းလမ်းတစ်ခုရွေးချယ်ပါ။

  4. အခြားတောင်းဆိုထားသည့်အချက်အလက်များကို ထည့်သွင်း၍ ဖိတ်ကြားခြင်းကို ပို့ပါ သို့မဟုတ် တင်ပါ။

လင့်ခ်တစ်ခုကို အသုံးပြု၍ ပိုမိုများပြားသည့်လူများနှင့် ဖိုင်တွဲတစ်တွဲ သို့မဟုတ် ဖိုင်တစ်ခုကို မျှဝေခြင်း

မျှဝေထားသည့် ဖိုင်တွဲတစ်တွဲ သို့မဟုတ် ဖိုင်တစ်ခုကို ဝင်ရောက်ကြည့်ရှုခွင့်ကို “Anyone with the link” ဟုသတ်မှတ်ထားလျှင် လင့်ခ်ရှိထားသူတိုင်းက ၎င်းဖိုင်ကို အခြားလူများနှင့် မျှဝေနိုင်သည်။

  1. ဖိုင်တွဲ သို့မဟုတ် ဖိုင် ကိုထိ၍ထိန်းထားပါ။

  2. Share ရှိ Share ခလုတ်ကိုနှိပ်၍ Manage Shared Folder သို့မဟုတ် Manage Shared File ကိုနှိပ်ပြီးနောက် Send Link ကိုနှိပ်ပါ။

  3. လင့်ခ်ပေးပို့သည့်နည်းလမ်းတစ်ခုကို ရွေးပါ၊ အခြားတောင်းဆိုထားသည့်သတင်းအချက်အလက်များကို ရိုက်ထည့်ပါ၊ ထို့နောက် အဆိုပါ ဖိတ်ကြားချက်အား ပေးပို့ခြင်း သို့မဟုတ် ပို့စ်တင်ခြင်းလုပ်ပါ။

လူတိုင်းအတွက် ဝင်ရောက်ခွင့်နှင့် ခွင့်ပြုချက်ချိန်ညှိမှုများကို ပြောင်းလဲခြင်း

မျှဝေထားသော ဖိုင်တွဲ သို့မဟုတ် ဖိုင်တစ်ခု၏ ပိုင်ရှင်သည် သင်ဖြစ်လျှင် ဖိုင်ဝင်ရောက်ခွင့်ကို အချိန်မရွေး ပြောင်းလဲနိုင်သည်။ သို့သော်လည်း သင်လင့်ခ်မျှဝေပေးထားသော လူတိုင်းကို သက်ရောက်စေမည်။

  1. ဖိုင်တွဲ သို့မဟုတ် ဖိုင် ကိုထိ၍ထိန်းထားပါ။

  2. Share ရှိ Share ခလုတ်ကိုနှိပ်၍ Manage Shared Folder သို့မဟုတ် Manage Shared File ကိုနှိပ်ပြီးနောက် Share Options ကိုနှိပ်ပါ။

  3. ရွေးချယ်စရာတစ်မျိုး သို့မဟုတ် နှစ်မျိုးလုံးကိုပြောင်းလဲခြင်း။

    • ဝင်ရောက်ကြည့်ရှုခွင့်ရွေးချယ်မှု၊ ဝင်ရောက်ခွင့်ရွေးချယ်မှုကို 'Anyone with the linkး' မှ 'Only people you invite' သို့ ပြောင်းလဲလိုက်လျှင် မူရင်းလင့်ခ်ကို လူတိုင်းဝင်ခွင့်မရတော့ဘဲ သင်ဖိတ်ခေါ်မှုကို လက်ခံရရှိထားသူတို့သာ ထိုင်ဖိုင်တွဲ သို့မဟုတ် ဖိုင်ကို ဖွင့်၍ရမည်။

    • ခွင့်ပြုမှုရွေးချယ်ခြင်း၊ ခွင့်ပြုမှုရွေးချယ်ခြင်းကို ပြောင်းလဲသည့်အခါ သင်ပြောင်းလဲနေချိန် ဖိုင်ဖွင့်ကြည့်နေသူတိုင်းသည် သတိပေးချက်မြင်ရမည်။ သတိပေးချက်ကို ပယ်ချသည့်အခါ ထိုချိန်ညှိချက်အသစ်များက စတင်အကျိုးသက်ရောက်မည်။

တစ်ဦးတစ်ယောက်အတွက် ဝင်ရောက်ခွင့်နှင့် ခွင့်ပြုချက်ချိန်ညှိမှုများကို ပြောင်းလဲခြင်း

မျှဝေထားသောဖိုင်တွဲတစ်တွဲ သို့မဟုတ် ဖိုင်တစ်ခု၏ပိုင်ရှင်သည် သင်ဖြစ်ပြီး ဖိုင်ဝင်ရောက်ခွင့်ကို “Only people you invite” ရွေးချယ်သတ်မှတ်ထားလျှင် ခွင့်ပြုထားသည့်အခြားလူများကို မထိရောက်စေဘဲ တစ်ဦးတစ်ယောက်အတွက် ဖိုင်ခွင့်ပြုမှုကိုပြောင်းလဲနိုင်သည်။ ထိုပုဂ္ဂိုလ်အတွက် ဖိုင်ဝင်ရောက်ခွင့်ကို သင်ဖယ်ရှားနိုင်သည်။

  1. ဖိုင်တွဲ သို့မဟုတ် ဖိုင် ကိုထိ၍ထိန်းထားပါ။

  2. Share ရှိ Share ခလုတ်ကိုနှိပ်၍ Manage Shared Folder in iCloud သို့မဟုတ် Manage Shared File in iCloud ကိုနှိပ်ပါ။

  3. လူတစ်ယောက်၏အမည်နှိပ်ကာ နည်းလမ်းတစ်ခုကိုရွေးချယ်ပါ။

ဖိုင်တွဲတစ်ခု သို့မဟုတ် ဖိုင်တစ်ခုကို မျှဝေမှုရပ်ဆိုင်းခြင်း

သင်သည် မျှဝေထားသည့်ဖိုင်တွဲ သို့မဟုတ် ဖိုင်၏ပိုင်ရှင်ဖြစ်ပါက ၎င်းကိုမျှဝေခြင်းကိုရပ်ဆိုင်းနိုင်သည်။

  1. ဖိုင်တွဲ သို့မဟုတ် ဖိုင် ကိုထိ၍ထိန်းထားပါ။

  2. Share ရှိ Share ခလုတ်ကိုနှိပ်၍ Manage Shared Folder in iCloud သို့မဟုတ် Manage Shared File in iCloud ကိုနှိပ်ပါ။

  3. Stop Sharing ကိုနှိပ်ပါ။

မျှဝေခြင်းကိုရပ်ဆိုင်းလိုက်သည့်အခါထိုဖိုင်ကိုဖွင့်သူမည်သူမဆိုသည်သတိပေးချက်တစ်ချက်မြင်ရမည်ဖြစ်သည်။ သတိပေးချက်ကိုဖယ်ရှားလိုက်သည့်အခါထိုဖိုင်ပိတ်သွားခြင်းသည်ထိုဖိုင်ကို ထိုပုဂ္ဂိုလ်၏ iCloud Drive မှဖယ်ရှားလိုက်ခြင်းဖြစ်ကာ လင့်ခ်သည်လည်းအလုပ်လုပ်တော့မည်မဟုတ်ပါ။ နောက်ပိုင်းထိုအမျိုးအစားကိုထပ်မံမျှဝေ၍ “Anyone with the link”သို့ ဝင်ရောက်ခွင့်ရွေးချယ်သတ်မှတ်ထားလျှင် မူလလင့်ခ်သည်အလုပ်လုပ်သည်။ ထိုဝင်ရောက်ခွင့်ကို “Only people you invite” သို့သတ်မှတ်ထားပါက၊ မူလလင့်ခ်သည်ထိုအမျိုးအစားကိုမျှဝေမည့် သင်ပြန်လည်ဖိတ်ခေါ်ထားသည့်လူများအတွက်သာ ထပ်မံအလုပ်လုပ်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.