ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone နှင့် သင်၏ကွန်ပျူတာကြားတွင် ဖိုင်များရွှေ့ပြောင်းခြင်း

သင်၏ဖိုင်များကို အချိန်နှင့်တစ်ပြေးညီဖြစ်စေရန်နှင့်Windows PC များအပါအဝင် သင်၏စက်ပစ္စည်းများအားလုံးတွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် iCloud Driveကိုအသုံးပြုနိုင်သည်။ AirDrop ကိုအသုံးပြုခြင်း နှင့်အီးမေးလ်တွဲဆက်ဖိုင်များကိုပေးပို့ခြင်းတို့ဖြင့် iPhone နှင့် တခြားစက်ပစ္စည်းများကြား ဖိုင်များရွှေ့ပြောင်းနိုင်သည်။

iPhone ကို Mac ဖြင့်လည်းကောင်း (USB ပါရှိသောအမျိုးအစားနှင့် OS X 10.9 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများ) Windows PC ဖြင့်လည်းကောင်း (USB ပါရှိသောအမျိုးအစားနှင့် Windows 7 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများ) ချိတ်ဆက်ခြင်းဖြင့် ဖိုင်မျှဝေခြင်းကို အထောက်အကူဖြစ်စေသော အက်ပ်များအတွက် ဖိုင်များကို အပြန်အလှန်ရွှေ့ပြောင်းနိုင်သည်။

iPhone နှင့် သင်၏ Mac ကြားတွင် ဖိုင်များရွှေ့ပြောင်းခြင်း

  1. သင်၏ Mac သို့ iPhone ကိုချိတ်ဆက်ခြင်း။

    USB ကိုအသုံးပြုပြီး ချိတ်ဆက်ခြင်း သို့မဟုတ် Wi-Fi ချိန်ကိုက်မှုကို စီမံထားလျှင်၊ Wi-Fi ချိတ်ဆက်မှုတစ်ခုကို အသုံးပြုနိုင်သည်။

  2. သင်၏Mac ရှိ Finder ဘေးဘက်တန်းတွင်၊ iPhone ကိုရွေးချယ်ပါ။

    မှတ်စု ဖိုင်များရွှေ့ပြောင်းရန် Finder ကိုအသုံးပြုမည်ဆိုလျှင် macOS 10.15 သို့မဟုတ် နောက်ပိုင်း လိုအပ်သည်။ အစောပိုင်း macOS အမျိုးအစားများဖြင့် ဖိုင်များရွှေ့ပြောင်းရန် iTunes ကိုအသုံးပြုပါ။

  3. Finder windowထိပ်ရှိ Files ကိုနှိပ်ကာ အောက်ပါတို့မှ တစ်ခုကိုလုပ်ဆောင်ပါ၊

    • Mac မှ iPhone သို့ရွှေ့ပြောင်းရန်၊ ဖိုင်တစ်ခု သို့မဟုတ် ရွေးချယ်ထားသောဖိုင်အစုတစ်ခုကို Finder window မှသည် စာရင်းတွင်ပြထားသော အက်ပ်အမည်တစ်ခုပေါ်သို့ ဖိဆွဲပါ။

    • iPhone မှ Mac သို့ရွှေ့ပြောင်းရန်၊ သင်၏ iPhone ပေါ်ရှိ ဖိုင်များကို ကြည့်ရှုရန် အက်ပ်အမည်တစ်ခု၏ဘေးရှိ ထုတ်ဖော်ချက်တြိဂံကို နှိပ်ကာ Finder window တစ်ခုသို့ ဖိုင်တစ်ခုကို ဖိဆွဲပါ။

iPhone မှ ဖိုင်တစ်ခုကို ဖျက်ရန် အက်ပ်အမည်တစ်ခုအောက်ရှိ ၎င်းကိုရွေးချယ်၍ Command-Delete ကိုဖိကာ Delete ကိုနှိပ်ပါ။

iPhone နှင့် သင်၏Windows PC တို့ကြားတွင် ဖိုင်များရွှေ့ပြောင်းခြင်း

  1. သင်၏ PC တွင် iTunes ၏နောက်ဆုံးထွက်ဗားရှင်းကို ထည့်သွင်းပါ သို့မဟုတ် အဆင့်မြှင့်တင်ပါ။

    Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် iTunes ၏နောက်ဆုံးထွက်ဗားရှင်းကို အဆင့်မြှင့်တင်ခြင်းကိုကြည့်ပါ။

  2. သင်၏ Windows PC သို့ iPhone ကိုချိတ်ဆက်ခြင်း။

    USB ကိုအသုံးပြုပြီး ချိတ်ဆက်ခြင်း သို့မဟုတ် Wi-Fi ချိန်ကိုက်မှုကို စီမံထားလျှင်၊ Wi-Fi ချိတ်ဆက်မှုတစ်ခုကို အသုံးပြုနိုင်သည်။

  3. သင်၏ Windows PC ရှိ iTunes အက်ပ်တွင်၊ iTunes window ၏ဘယ်ဘက်ထိပ်နားရှိ iPhone ခလုတ်ကိုနှိပ်ပါ။

  4. File Sharing ကိုနှိပ်ကာ စာရင်းထဲရှိ အက်ပ်တစ်ခုကိုရွေးချယ်၍ အောက်ပါတို့မှ တစ်ခုကိုလုပ်ဆောင်ပါ၊

    • သင်၏ iPhone မှ သင်၏ကွန်ပျူတာသို့ ဖိုင်တစ်ခုရွှေ့ပြောင်းရန်၊ ညာဘက်ရှိ စာရင်ထဲတွင် သင်ရွှေ့ပြောင်းလိုသည့် ဖိုင်ကိုရွေးချယ်ကာ “Save to” ကိုနှိပ်ပြီးနောက် သင်ဖိုင်သိမ်းဆည်းလိုသည့် နေရာကိုရွေးချယ်၍ Save To ကိုနှိပ်ပါ။

    • သင်၏ကွန်ပျူတာမှ သင်၏iPhone သို့ ဖိုင်တစ်ခုရွှေ့ပြောင်းရန်၊ Add နှိပ်ကာ သင်ရွှေ့ပြောင်းလိုသည့် ဖိုင်ကိုရွေးချယ်၍ Add ကိုနှိပ်ပါ။

iPhone မှ ဖိုင်တစ်ခုကို ဖျက်ရန် ဖိုင်ကိုရွေးချယ်ကာ Delete ခလုတ်ကိုဖိ၍ Delete ကိုနှိပ်ပါ။

ဖိုင်ရွှေ့ပြောင်းခြင်းကို ချက်ချင်းလုပ်ဆောင်ပေးသည်။ iPhone ထဲသို့ ရွှေ့ပြောင်းထားသည့် အမျိုးအစားများကိုကြည့်ရန် iPhone ရှိ Files အက်ပ်တွင် On My iPhone ကိုသွားပါ။ iPhone ရှိ Files အတွင်းမှ ဖိုင်များနှင့် ဖိုင်တွဲများကို ကြည့်ရန် ကိုကြည့်ပါ။

အရေးကြီးသော တစ်ပြိုင်နက်ချိန်ကိုက်ခြင်းသည် ဖိုင်အရွှေ့အပြောင်းကို သက်ရောက်မှုမရှိသည့်အတွက် တစ်ပြိုင်နက်ချိန်ကိုက်ခြင်းသည် iPhone တွင်းရှိ ရွှေ့ပြောင်းထားသည့်ဖိုင်များကို သင်၏ကွန်ပျူတာတွင် အချိန်နှင့်တစ်ပြေးညီ ထည့်သွင်းပေးမည်မဟုတ်ပါ။

macOS သုံးစွဲသူလမ်းညွှန်ရှိ သင်၏ Mac မှ iPhone သို့မဟုတ် iPad ထဲသို့ ဖိုင်များရွှေ့ပြောင်းခြင်း သို့မဟုတ် Window များအတွက် iTunes သုံးစွဲသူလမ်းညွှန်ရှိ သင်၏ PC နှင့် iTunes ပါရှိသည့် စက်ပစ္စည်းကြား ဖိုင်များရွှေ့ပြောင်းခြင်း တို့ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.