ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Siri Shortcuts ကိုထည့်သွင်းခြင်း

တချို့အက်ပ်များက သင်မကြာခဏလုပ်သည့်အရာများအတွက် shortcut များသုံးခွင့်ပြုသောကြောင့် ၎င်းအရာတို့ကို လုပ်ဆောင်ရန် Siri ကိုတောင်းဆိုနိုင်သည်။ ဥမာအားဖြင့် Siri ကို သင်က “Where am I going next?” ဟုမေးမြန်းသည့်အခါ ခရီးသွားအက်ပ်တစ်ခုက သင်အတွက် နောက်လာမည့် ခရီးစဉ်အကြောင်း ကြည့်ခွင့်ပေးမည်။

အကြံပြုထားသည့် အလွယ်သုံးပုံစံတစ်ခုပေါင်းထည့်ခြင်း

အလွယ်သုံးပုံစံတစ်ခုသုံးရန် အကြံပြုချက်ကိုတွေ့ရသည့်အခါ Add to Siri နှိပ်၍ ဖန်သားပြင်တွင် ပေါ်လာသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကာ အလွယ်သုံးပုံစံကိုဆောင်ရွက်စေရန် စကားစုတစ်ခုကို ရွေးချယ်အသံသွင်းပါ။

Siri ကိုအသုံးပြုထားသည့် အလွယ်သုံးပုံစံအသစ်တစ်ခုဖန်တီးရန်၊ သို့မဟုတ် Siri အလွယ်သုံးပုံစံများကို စီမံရန်၊ မှတ်တမ်းယူရန်သို့မဟုတ် ဖျက်ရန်လည်း Shortcuts အက်ပ်ကို အသုံးပြုနိုင်သည်။ Shortcuts သုံးစွဲသူလမ်းညွှန် ကိုကြည့်ပါ။

အလွယ်သုံးပုံစံတစ်ခုကိုအသုံးပြုခြင်း၊

Siri ကိုဆင့်ခေါ်ကာ shortcut အတွက် စကားစုတစ်ခုကို နှုတ်မှထုတ်ပြောပါ။ iPhone ရှိ Siri ကိုတောင်းဆိုခြင်း ကိုကြည့်ပါ။

Siri သည် သင်၏နေ့စဉ်လှုပ်ရှားမှုနှင့် အက်ပ်များကို သင်အသုံးပြုပုံတို့ကို အခြေခံ၍လည်းကောင်း သင်ရှာဖွေမှုတစ်ခုပြုလုပ်သည့်အခါတွင်လည်းကောင်း အလွယ်သုံးပုံစံများကို Home ဖန်သားပြင်၊ ပိတ်ထားသည့်ဖန်သားပြင်တွင် ဖော်ပြအကြံပြုသည်။ Home ဖန်သားပြင်၊ ပိတ်ထားသည့်ဖန်သားပြင် သို့မဟုတ် နှစ်ခုလုံးအတွက်အက်ပ်တစ်ခုအတွက် Shortcut အကြံပြုချက်များကို ပိတ်ရန် Settings  > Siri & Search သို့သွား၍ Suggest Shortcuts for App for the Home Screen၊ Lock screen သို့မဟုတ် နှစ်ခုလုံးအတွက် Suggest Shortcuts ကိုပိတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.