ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Do Not Disturb While Driving ကိုဖွင့်ပါ

Do Not Disturb While Driving ကိုဖွင့်ထားသည့်အခါ ၎င်းသည် သင် လမ်းပေါ်တွင်ဆက်လက်အာရုံစူးစိုက်ရန်ကူညီပေးသည်။ ၎င်းကိုဖွင့်ထားလျှင် စာသားမက်ဆေ့ချ်များနှင့်အခြားအကြောင်းကြားချက်များကို အသံပိတ်ထားသည် သို့မဟုတ် ကန့်သတ်ထားသည်။ သင့်ထံသို့ ပြန်စာများကိုဖတ်ပြရန် Siri ကိုစေခိုင်းနိုင်သည့်အတွက် သင့် iPhone သို့ကြည့်ရန်မလိုပါ။ ကား Bluetooth စနစ်ဖြစ်သည့်—CarPlay—သို့မဟုတ် လက်ဖြင့်ကိုင်ရန်မလိုသည့်ဆက်စပ်ပစ္စည်းနှင့် iPhone ချိတ်ဆက်သည့်အခါ သို့မဟုတ် Do Not Disturb ချိန်ညှိမှုများကိုသုံးသည့်အခါတွင်သာ အဝင်ခေါ်ဆိုမှုများကို ခွင့်ပြုထားသည်။

သတိပေးချက် အန္တရာယ်ဖြစ်စေနိုင်သည့်အခြေအနေများသို့ဦးတည်နိုင်သည့် အနှောင့်အယှက်များမဖြစ်စေရန်နှင့် လမ်းညွှန်နည်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအတွက်iPhone အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ ကိုကြည့်ပါ။ Do Not Disturb while Driving သည် ကားမောင်းနှင်မှုကို အနှောင့်အယှက်ပေးသည့် တားမြစ်သည့် အောက်ပါစည်းမျဉ်းများအားလုံး အတွက် အစားထိုးမှုတစ်ခုမဟုတ်ပါ။

Do Not Disturb While Driving ကိုဖွင့်ခြင်း

iPhone သည် သင်ကားမောင်းနေခြင်းဖြစ်နိုင်သည်ဟု အာရုံခံမိပြီး Do Not Disturb While Driving ကိုလည်း လုပ်ဆောင်မထားကြောင်း သိရှိသွားလျှင် ၎င်းကိုဖွင့်ချင်လားဟု မေးမည်။ တစ်နည်းအားဖြင့် ၎င်းကို သင်ကိုယ်တိုင်ဖွင့်နိုင်သည်။

  1. Settings  > Do Not Disturb သို့သွားပါ။

  2. အောက်သို့ဆွဲချပါ၊ ထို့နောက် Activate ကိုနှိပ်ပါ။

  3. Do Not Disturb While Drivingကို ဖွင့်လိုသည့်အချိန်ကို ရွေးချယ်ပါ။

    • အလိုအလျောက်သတ်မှတ်ခြင်း၊ iPhone သည် သင်ကားမောင်းနေခြင်းဖြစ်နိုင်သည်ဟု အာရုံခံမိသည့်အခါ။

    • ကား Bluetooth နှင့် ချိတ်ဆက်သည့်အခါ၊ သင့် iPhone သည် ကား Bluetooth စနစ်နှင့် ချိတ်ဆက်ထားသည့်အခါ။

    • ကိုယ်တိုင်အားဖြင့်၊ Control Center တွင် ၎င်းကိုဖွင့်ထားသည့်အခါ။

    • CarPlay ဖြင့်စတင်လုပ်ဆောင်စေခြင်း၊ iPhone ကို CarPlay သို့ချိတ်ဆက်သည့်အခါ အလိုအလျောက်။

Do Not Disturb While Driving ကို Control Center သို့ ထပ်ပေါင်းထည့်ရန် Settings > Control Center သို့သွားပြီးနောက် Do Not Disturb While Driving နှင့် ကပ်လျက်ရှိ Insert ခလုတ် ကိုနှိပ်ပါ။

သင်သည်ခရီးသည်ဖြစ်သည့်အခါ ဖုန်းခေါ်ဆိုမှုများ၊ မက်ဆေ့ချ်များ၊ နှင့်အကြောင်းကြားချက်များ ရရှိခြင်း

သင်ကားမမောင်းသည့်အခါ Do Not Disturb While Driving သည် ပွင့်လာလျှင် (ဥပမာ၊ ခရီးသည်တစ်ဦးဖြစ်သည့်အခါ) ၎င်းကိုပိတ်နိုင်သည်။

  1. ပိတ်ထားသည့်ဖန်သားပြင်ရှိ Do Not Disturb While Driving ကို နှိပ်ပါ။

    ပိတ်ထားသည့်ဖန်သားပြင်ရှိ Do Not Disturb While Driving အသိပေးချက်။
  2. I’m Not Driving ကိုနှိပ်ပါ။

ဖန်သားပြင်အောက်ခြေမှအပေါ်သို့လည်းရွှေ့နိုင်သည် (Face ID ပါသည့် iPhone) သို့မဟုတ် Home ခလုတ်ကိုနှိပ်ပါ (အခြား iPhone အမျိုးအစားများ) ၊ ထို့နောက် I’m Not Driving ကိုနှိပ်ပါ။

သင်ကားမောင်းနေကြောင်း အလိုအလျောက်ပြန်ဆိုသည့် စာသားမက်ဆေ့ချ်ကိုပို့ခြင်း

Do Not Disturb While Drivingသည်ပွင့်နေသည့်အခါ၊ ပုံမှန်အားဖြင့်၊ အလိုအလျောက်စာပြန်ပို့မှုသည် သင့်အနှစ်သက်ဆုံးအုပ်စုထဲရှိ မည်သူထံကိုမဆို ပေးပို့သည်။ အလိုအလျောက်စာပြန်ပို့မှုအား လက်ခံရရှိသူကို သင်ပြောင်းလဲထားနိုင်သည်။

  1. Settings  >Do Not Disturb > Auto-Reply To သို့သွားပါ။

  2. အောက်ပါတို့မှနှစ်သက်ရာကိုရွေးချယ်နိုင်သည်၊

    • မည်သူမှ၊ အလိုအလျောက်စာပြန်ပို့မှုအား ပိတ်ခြင်း။

    • လတ်တလောကာလ၊ အလိုအလျောက်စာပြန်ပို့မှုအား သင့် Contacts ထဲတွင်မရှိသော်လည်း လွန်ခဲ့သည့်နှစ်ရက်က သင်မက်ဆေ့ချ်ပို့ထားသည့် သူများထံသို့ ပေးပို့ခြင်း။

    • စိတ်ကြိုက်များ၊ Phone ထဲရှိ သင်အနှစ်သက်ဆုံးအုပ်စုထဲမှ မည်သူထံမဆို အလိုအလျောက်စာပြန်ပို့မှုအား ပေးပို့ခြင်း။

    • Contacts အားလုံး၊ အဆက်အသွယ်များထဲရှိလူတိုင်းသို့အလိုအလျောက်စာပြန်ပို့မှုတစ်ခုအား ပေးပို့ခြင်း။

တစ်စုံတစ်ယောက်မှ သင်၏အလိုအလျောက်စာပြန်ပို့မှုအား "Urgent" ဆိုသည့်မက်ဆေ့ချ်တစ်စောင်ပေးပို့လာပါက ၎င်း၏နောက်ဆက်တွဲ စာသားမက်ဆေ့ချ်များအားလုံးသည် သင်ကားမောင်းမှုအား သတိပေး တားမြစ်ချက်များကိုဖြတ်၍ ဝင်လာမည်။

အလိုအလျောက်စာပြန်ပို့မှုမက်ဆေ့တစ်စောင်အား စိတ်ကြိုက်ဖန်တီးခြင်း

  1. Settings သို့သွားပါ၊ ထို့နောက် Do Not Disturb > Auto-Reply ကိုနှိပ်ပါ။

  2. စာရိုက်ခလုတ်ခုံပေါ်လာစေရန် မက်ဆေ့ချ်ကို နှိပ်ပါ၊ ထို့နောက် မက်ဆေ့ချ် အသစ်တစ်စောင်ကို ရေးပါ။

အချို့ခေါ်ဆိုမှုများကိုခွင့်ပြုခြင်း

သင့်ကားတွင် Bluetooth မရှိလျှင် သို့မဟုတ် CarPlay အတွက် မပံ့ပိုးပေးနိုင်လျှင် ဝင်လာသည့် အချို့ဖုန်းခေါ်ဆိုမှုများကို ခွင့်ပြုနိုင်သည်။

  • 3 မိနစ်အတွင်း ထိုပုဂ္ဂိုလ်ထံမှ ဒုတိယခေါ်ဆိုမှုကိုခွင့်ပြုခြင်း၊ Settings  > Do Not Disturb သို့သွားပါ၊ ထို့နောက် Repeated Calls ကိုဖွင့်ပါ။

  • သင်၏အနှစ်သက်ဆုံးလူများ သို့မဟုတ် လူတိုင်းဆီမှ ဖုန်ခေါ်ဆိုမှုများကို ခွင့်ပြုပေးရန်၊ Settings > Do Not Disturb > Allow Calls From သို့သွားပါ။

မှတ်စု Do Not Disturb While Driving သည် သင်ကားမောင်းနေလား သို့မဟုတ် အိမ်အနီးမှာလား၊ အလုပ်အနီးမှာလား၊ သို့မဟုတ် ကြိုတင်ခန့်မှန်းထားသည့် ခရီးလားဆိုသည်ကို ဆုံးဖြတ်ရန် တည်နေရာဝန်ဆောင်မှုများကို အသုံးပြုသည်။ အဆိုပါရည်ရွယ်ချက်များအတွက် Apple မှာ ရယူထားသည့် တည်နေရာအချက်အလက်များတွင် သင့်အား ပုဂ္ဂိုလ်ရေးဆိုင်ရာဖော်ပြထားခြင်းမရှိချေ။ ကားမောင်းနေစဉ် Do Not Disturb အတွက် Location Services ကိုပိတ်ရန်၊ Settings > Privacy > Location Services > System Services သို့သွားပါ၊ ထို့နောက် Location-Based Alerts ကိုပိတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.