ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်ဖုန်းခေါ်ဆိုခြင်း

သင့် iPhone တွင်ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်နိုင်သည့် နည်းလမ်းများစွာရှိသည်၊ခေါ်ဆိုမှုအများဆုံး သို့မဟုတ် လတ်တစ်လော ဖုန်းအဝင်အထွက်၊ သို့မဟုတ် သင်၏ အဆက်အသွယ်စာရင်းထဲမှ နံပါတ်တစ်ခုကိုရွေးချယ်ပါ။

Phone အက်ပ်ထဲရှိ Unified အသွင်အပြင်ဖြင့် Calls တက်ဘ်။ ထိပ်တွင် အနှစ်သက်ဆုံးအဆက်အသွယ်များ ပေါ်လာသည်။ Favorites အောက်တွင် လတ်တလောဖုန်းခေါ်ဆိုမှုများနှင့် voicemail စာရင်းတစ်ခုရှိသည်။ Calls၊ Contacts နှင့် Keypad တက်ဘ်များကိုကြည့်ရန် ခလုတ်များသည် အောက်ခြေတွင်ပေါ်လာသည်။ အောက်ခြေညာဘက်ထောင့်တွင် Search ခလုတ်ရှိသည်။

နံပါတ်တစ်ခုကို နှိပ်ခြင်း

Siri၊ နံပါတ်တစ်ခုကို ခေါ်ရန် သို့မဟုတ် နှိပ်ပေးရန် Siri ကိုမေးပါ။ ဂဏန်းတစ်လုံးစီကို ခွဲ၍ရွတ်ဆိုပါ၊ ဥပမာ “four one five, five five five....” အမေရိကန်ပြည်ထောင်စုတွင်ဒေသကုဒ်နံပါတ် 800 ကို “eight hundred” ဟုရွတ်ဆိုနိုင်သည်။ Siri အားအသုံးပြုပုံကိုလေ့လာခြင်း

သို့မဟုတ် Siri ကို မသုံးဘဲ၊

  1. သင့် iPhone ရှိ Phone အက်ပ် ကိုသွားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ Keypad ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှတစ်ခုခုကို လုပ်ဆောင်ပါ၊

    • အခြားဖုန်းလိုင်းတစ်ခုကို အသုံးပြုခြင်း၊ Dual SIM ပါရှိသော အမျိုးအစားများတွင် ထိပ်တွင်ရှိသော ဖုန်းလိုင်းကိုနှိပ်ပြီးနောက် ဖုန်းလိုင်းတစ်ခုကိုရွေးချယ်ပါ။

    • နံပါတ်ရိုက်ခလုတ်ကိုအသုံးပြုကာ နံပါတ်ရိုက်ခြင်း၊ မှားရိုက်မိပါက၊ Delete ခလုတ် ကိုနှိပ်ပါ။

    • နောက်ဆုံးခေါ်ဆိုသော ဖုန်းနံပါတ်ကိုပြန်လည်ခေါ်ဆိုခြင်း၊ နောက်ဆုံးခေါ်ဆိုထားသော ဖုန်းနံပါတ်ကိုမြင်ရရန် Call ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် ၎င်းနံပါတ်ကို ခေါ်ဆိုရန် Call ခလုတ် ကိုနှိပ်ပါ။

    • သင် မိတ္တူကူးယူထားသော နံပါတ်တစ်ခုကို ပြန်ပေါ်စေခြင်း၊ နံပါတ်ရိုက်ကွက်အပေါ်ရှိ နံပါတ်ထည့်အကွက်ကို နှိပ်ပြီးနောက် Paste ကိုနှိပ်ပါ။

    • ခဏတာဆိုင်းငံ့ခြင်း(2 စက္ကန့်) ထည့်သွင်းရန်၊ ကော်မာပေါ်လာသည်ထိ ခရေပွင့်ကို (*) ထိ၍ထိန်းထားပါ။

    • စောင့်ဆိုင်းခြင်းကိုထည့်သွင်းရန် (Dial ခလုတ်ကို နှိပ်သည်အထိ ခေါ်ဆိုခြင်းကိုဆိုင်းငံ့ထားရန်)၊ ဆီမီးကော်လံ တစ်ခုပေါ်လာသည်ထိ(#) ခလုတ်ကို ထိ၍ထိန်းထားပါ။

    • နိုင်ငံတကာဖုန်းခေါ်ဆိုမှုများအတွက် “+” ကိုထည့်သွင်းရန်၊ “+” ပေါ်လာသည်ထိ “0” ခလုတ်ကို ထိ၍ထိန်းထားပါ။

  3. ဖုန်းခေါ်ဆိုမှုကို စတင်ရန် Call ခလုတ် ကိုနှိပ်ပါ။

ဖုန်းခေါ်ဆိုမှုကို ရပ်တန့်ရန်၊ End Call ခလုတ်ကိုနှိပ်ပါ။

သင်၏ Favorites ထဲမှ အဆက်အသွယ်များကို ပေါင်းထည့်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း

  1. သင့် iPhone ရှိ Phone အက်ပ် ကိုသွားပါ။

  2. သင် အသုံးပြုနေသည့် Phone အက်ပ်အသွင်အပြင် ပေါ်မူတည်၍ အောက်ပါတို့မှ တစ်ခုကိုလုပ်ဆောင်ပါ၊

    • Unified အသွင်အပြင်၊ ဖန်သားပြင်အောက်ခြေရှိ Calls ကိုနှိပ်ပါ၊ Edit ကိုနှိပ်ပါ၊ ထို့နောက် Add Favorite ကိုနှိပ်ပါ။ Favorite တစ်ခုကို သင်ပေါင်းထည့်ထားပြီးဖြစ်လျှင် Edit ကိုနှိပ်ပါ၊ Edit Favorites ကိုနှိပ်ပါ၊ ထို့နောက် Add ခလုတ်ကိုနှိပ်ပါ။

    • Classic အသွင်အပြင်၊ ဖန်သားပြင်အောက်ခြေရှိ Favorites ကိုနှိပ်ပါ၊ ထို့နောက် Add ခလုတ်ကိုနှိပ်ပါ။

  3. အဆက်အသွယ်တစ်ခုကိုနှိပ်ပါ၊ ထို့နောက် ဆက်သွယ်မှုပုံသေနည်းတစ်ခုနှင့် (ဥပမာ၊ မက်ဆေ့ချ်၊ ဖုန်းခေါ်ခြင်း သို့မဟုတ် ဗီဒီယို) နှင့် ဦးစားပေး နံပါတ်တစ်ခုကို ရွေးချယ်ပါ၊ ထို့နောက် Done ခလုတ်ကိုနှိပ်ပါ။

  4. သင်၏ Favorites ထဲမှ အဆက်အသွယ်တစ်ခုကိုဖယ်ရှားရန် အောက်ပါတို့မှ တစ်ခုကိုလုပ်ဆောင်ပါ၊

    • Unified အသွင်အပြင်၊ ဖန်သားပြင်အောက်ခြေရှိ Calls ကိုနှိပ်ပါ၊ Edit ကိုနှိပ်ပါ၊ Edit Favorites ကိုနှိပ်ပါ၊ သင် ဖယ်ရှားလိုသည့် အဆက်အသွယ်၏ အပေါ်-ဘယ်ဘက်ထောင့်ရှိ Remove ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Done ခလုတ်ကိုနှိပ်ပါ။

    • Classic အသွင်အပြင်၊ ဖန်သားပြင်အောက်ခြေရှိ Favorites ကိုနှိပ်ပါ၊ ထို့နောက် သူတို့၏နာမည်များကို ဘယ်ဘက်သို့ရောက်သည်အထိ ပွတ်ဆွဲပါ။

သင်၏ Favorites ထဲရှိ တစ်စုံတစ်ဦးကိုဆက်သွယ်ရန် သူတို့နာမည်ကိုနှိပ်ပါ။

လတ်တစ်လောနံပါတ်ကိုပြန်နှိပ်ခြင်းသို့မဟုတ် ပြန်ခေါ်ဆိုခြင်း

  1. သင့် iPhone ရှိ Phone အက်ပ် ကိုသွားပါ။

  2. သင် အသုံးပြုနေသည့် Phone အက်ပ်အသွင်အပြင် ပေါ်မူတည်၍ အောက်ပါတို့မှ တစ်ခုကိုလုပ်ဆောင်ပါ၊

    • Unified အသွင်အပြင်၊ ဖန်သားပြင်အောက်ခြေရှိ Calls ကိုနှိပ်ပါ၊ သင်ဖုန်းခေါ် လိုသည့် အမည် သို့မဟုတ် နံပါတ်ကိုနှိပ်ပါ၊ Call ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် သင်ဖုန်းခေါ်လိုသည့် နံပါတ်ကိုနှိပ်ပါ။

      မှတ်စု Recents စာရင်းထဲရှိ အမည်တစ်ခု သို့မဟုတ် နံပါတ်တစ်ခုကို သင်နှိပ်လိုက်သည်နှင့် ဖုန်းခေါ်ခြင်းကို ချက်ချင်းစတင်ရန် Settings > Apps > Phone ကိုသွားပါ၊ ထို့နောက် Tap Recents to Call ကိုဖွင့်ပါ။

    • Classic အသွင်အပြင်၊ ဖန်သားပြင်အောက်ခြေရှိ Recents ကိုနှိပ်ပါ၊ ထို့နောက် သင်ဖုန်းခေါ်လိုသည့် အမည် သို့မဟုတ် နံပါတ်ကိုနှိပ်ပါ။

  3. ဖုန်းခေါ် ဆိုမှုတစ်ခုနှင့် ထိုဖုန်းခေါ် ဆိုသူအကြောင်း အချက်အလက်ပိုမိုရရှိရန် အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • Unified အသွင်အပြင်၊ Recents စာရင်းတွင် ထိုနာမည် သို့မဟုတ် နံပါတ်ကိုနှိပ်ပါ။

    • Classic အသွင်အပြင်၊ Recents တွင် နာမည် သို့မဟုတ် ဖုန်းနံပါတ်ဘေးရှိ Info ခလုတ် ကိုနှိပ်ပါ။

သင့် Contacts စာရင်းထဲရှိ တစ်ယောက်ယောက်ကိုဖုန်းခေါ်ဆိုခြင်း

Siri၊ Siri ကို ထိုကဲ့သို့ တစ်ခုခုမေးပါ၊ “Call Eliza’s mobile.” Siri အားအသုံးပြုပုံကိုလေ့လာခြင်း

သို့မဟုတ် Siri ကို မသုံးဘဲ၊

  1. သင့် iPhone ရှိ Phone အက်ပ် ကိုသွားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ Contacts ကိုနှိပ်ကာ သင်ဆက်သွယ်ချင်သည့်ပုဂ္ဂိုလ်အမည်ကိုနှိပ်ပါ။

  3. Call ခလုတ် ကိုနှိပ်ပြီးနောက် သင်ခေါ်ဆိုလိုသော ဖုန်းနံပါတ်ကိုနှိပ်ပါ။

    Dual SIM ပါရှိသော မော်ဒယ်များတွင် ထိုအဆက်အသွယ်အတွက် နှစ်သက်ရာလိုင်းတစ်ခုကို မသတ်မှတ်ထားရသေးလျှင် အသံအတွက်အဓိကအသုံးပြုထားသည့် ဖုန်းလိုင်းကို အသုံးပြုပါ။

သတိပေးချက် အန္တရာယ်ဖြစ်စေနိုင်သော အခြေအနေများသို့ဦးတည်နိုင်သည့် အနှောင့်အယှက်များ ရှောင်ရှားခြင်းနှင့် ပတ်သက်သည့် အရေးကြီးအချက်အလက်များအတွက် iPhone အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ ကိုကြည့်ပါ။

*Apple Intelligence သည် beta တွင်ရနိုင်ပြီး အောက်ပါ ဘာသာစကားများအတွက် ပံ့ပိုးပေးပါသည်၊ အင်္ဂလိပ်၊ ဒန်းနစ်ရှ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ တူရကီ၊ တရုတ် (Simplified)၊ တရုတ် (Traditional)၊ ဂျပန်၊ ကိုရီယား သို့မဟုတ် ဗီယက်နမ်။ အချို့သောလုပ်ဆောင်ချက်များကို ဘာသာစကားအားလုံး သို့မဟုတ် ဒေသများအားလုံးတွင် ရရှိနိုင်မည်မဟုတ်ပါ။ အင်္ဂါရပ်များနှင့် ရရှိနိုင်သည့် ဘာသာစကားနှင့် စနစ်လိုအပ်ချက်များအတွက်အချက်အလက်များပိုမိုသိလိုပါက Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Apple Intelligence ရယူနည်း ကိုကြည့်ပါ။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.