ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Health တွင် ကျန်းမာရေးမှတ်တမ်းများကိုကြည့်ရှုခြင်း

ကျန်းမာရေးစောင့်ရှောက်သူတစ်ယောက်ထံမှ သင့်မှတ်တမ်းများသည် ကျန်းမာရေးမှတ်တမ်းဒေါင်းလုတ်များကိုစီမံပြီးနောက် iPhone ထဲသို့လုံခြုံစွာအလိုအလျောက်ရောက်ရှိပြီး Health အက်ပ်တွင် ၎င်းကို ကြည့်ရှုနိုင်သည်။

သင်၏ကျန်းမာရေးမှတ်တမ်းများကိုကြည့်ခြင်း

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. Health Categories ဖန်သားပြင်ကို ပြသရန် ညာဘက်အောက်ခြေရှိ Search ခလုတ် ကိုနှိပ်၍ အောက်ပါတစ်ခုခုကို လုပ်ဆောင်ပါ၊

    • ရှာဖွေမှုကွက်လပ်ကိုနှိပ်ပါ၊ ကျန်းမာရေးမှတ်တမ်းအမျိုးအစားကဏ္ဍတစ်ခု၏အမည် (clinical vitals ကဲ့သို့) သို့မဟုတ် အချက်အလက်အမျိုးအစားတစ်ခု (blood pressure ကဲ့သို့) ၏ အမည်ကိုထည့်သွင်းပါ။

    • အောက်သို့ရွှေ့ဆင်းပြီး Health Records အောက်နားရှိ အမျိုးအစားကဏ္ဍတစ်ခု (Allergies သို့မဟုတ် Clinical Vitals) ကို နှိပ်ပါ။

    • အောက်သို့ရွှေ့ဆင်းပြီး သီးခြားအဖွဲ့အစည်းတစ်ခု၏အမည်ကို နှိပ်ပါ။

အသေးစိတ်အချက်အလက်များ ပိုမိုကြည့်ရှုနိုင်ရန် Details ခလုတ် ကို မြင်ရသည့် မည်သည့်အပိုင်းတစ်ခုခုကို နှိပ်ပါ။

မှတ်စု အကယ်၍ ကျန်းမာရေးစောင့်ရှောက်သူတစ်ဦးထံမှ သင်မျှော်လင့်သည့် ကျန်းမာရေးမှတ်တမ်းများကို မမြင်ရပါက ကျန်းမာရေးစောင့်ရှောက်သူရှိသည့် သင့်အကောင့်ထဲသို့ သင်အကောင့်ဝင်ထားကြောင်း သေချာပါစေ။ Search ခလုတ်ကိုနှိပ်ပါ၊ အကောင့်များစာရင်းသို့ရွှေ့ပါ၊ သင့်ကျန်းမာရေးစောင့်ရှောက်သူ၏အမည်ကိုနှိပ်ပါ၊ ထို့နောက် မေးမြန်းလာပါက အကောင့်ဝင်ပါ။

အရေးကြီးသည့်ဓာတ်ခွဲခန်းရလဒ်များကို ထိပ်တွင်ပုံသေထားရှိခြင်း

မြန်မြန်ဝင်ကြည့်ရန်အတွက် Lab Results ဖန်သားပြင်ထိပ်တွင် ရလဒ်များပေါ်နေစေရန် ၎င်းတို့ကို ထိပ်ဆုံးတွင်ပုံသေထားရှိနိုင်သည်။

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. ညာဘက်အောက်ခြေနားရှိ Search ခလုတ် ကိုနှိပ်၍ အောက်သို့ဆွဲချကာ Lab Results ကိုနှိပ်ပါ။

  3. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • ရလဒ်တစ်ခုပေါ်တွင် ဘယ်ကိုပွတ်ဆွဲကာ Pin ခလုတ်ကိုနှိပ်ပါ။

    • ရလဒ်တစ်ခုကိုဖိပြီး ထိန်းထားပါ၊ ထို့နောက် Pin this Lab ကိုနှိပ်ပါ။

အခြားအက်ပ်များနှင့်အတူ သင်၏ကျန်းမာရေးမှတ်တမ်းများကိုမျှဝေခြင်း

သင့်ကျန်းမာရေးမှတ်တမ်းများကို ဝင်ရောက်ခွင့်ပေးရန် တစ်ဆင့်ခံအက်ပ်စ်များက တောင်းခံနိုင်သည်။ ဝင်ရောက်ခွင့်မပေးခင် သင့်အနေဖြင့် ၎င်းအက်ပ်သည် သင့်မှတ်တမ်းများအတွက် ယုံကြည်စိတ်ချရသည်ကို သေချာစွာအရင်ပြုလုပ်ရမည်။

  1. ဝင်ရောက်ခွင့်ပြုပေးရန်အတွက် ဓာတ်မတည့်မှုများ၊ ဆေးဝါးများ၊ သို့မဟုတ် ကာကွယ်ဆေးထိုးမှုများ ကဲ့သို့သော သင်မျှဝေလိုသည့် အမျိုးအစားရွေးချယ်ဖြေကြားပေးပါ။

  2. ထိုသို့ဝင်ရောက်ခွင့်ပြုရာတွင် သင့်လက်ရှိနှင့်အနာဂတ်ကျန်းမာရေးမှတ်တမ်းများ ကိုသော်လည်းကောင်း၊ သင့်လက်ရှိမှတ်တမ်းတစ်ခုကိုသော်လည်းကောင်း ခွင့်ပြုပေးရန် ရွေးချယ်ပါ။

    သင့်လက်ရှိမှတ်တမ်းများကိုသာ မျှဝေဖို့သင်ရွေးချယ်လျှင် သင့် iPhone သို့ မှတ်တမ်းအသစ်များ ဒေါင်းလုတ်လုပ်သည့်အခါတိုင်း ဝင်ရောက်ခွင့်ပေးမပေးအား သင့်ကို မေးသွားမည်ဖြစ်သည်။

ကျန်းမာရေးမှတ်တမ်းများကို အဆိုပါအက်ပ်နှင့်မျှဝေခြင်း ရပ်တန့်ရန် Health မှ အချက်အလက်များ ဖတ်ရှုရန် ခွင့်ပြုချက်ကို ပိတ်ပါ

iPhone ထဲမှ အဖွဲ့အစည်းတစ်ခုနှင့် ၎င်း၏မှတ်တမ်းများအား ဖျက်ခြင်း

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. Summary ကိုနှိပ်ပါ၊ ထို့နောက် ညာဘက်ထိပ်ရှိ သင့်ဓာတ်ပုံ သို့မဟုတ် နာမည်အစများကို နှိပ်ပါ။

  3. Health Records ကိုနှိပ်ပါ၊ အဖွဲ့အစည်းတစ်ခု၏အမည်ကို နှိပ်၍ Remove Account ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.