ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ဖြင့် Magic Keyboard ကိုအသုံးပြုနေစဉ်အသံထွက်အမှတ်အသားများပါသည့် အက္ခရာများကို ထည့်သွင်းခြင်း

သင်၏ Magic Keyboard တွင် သင်ရေးနေသည့် ဖိသံသင်္ကေတများနှင့် အခြား အသံထွက်အမှတ်အသားများမပါဝင်ပါက Option key modifier သို့မဟုတ် ယင်းအမှတ်အသားကိုထည့်ရန် ဖန်သားပြင်စာရိုက်ခလုတ်ခုံကို အသုံးပြုနိုင်သည်။

အက္ခရာတစ်လုံးအတွက် အသံထွက်အမှတ်အသားတစ်ခုကို ဝင်ရောက်ရန် Option key ကိုအသုံးပြုခြင်း

အသံထွက်အမှတ်အသားပါရှိသည့် အက္ခတစ်ခုကိုထည့်သွင်းရန် အမှတ်အသားတစ်ခုကို ရွေးချယ်ရန် Magic Keyboard ပေါ်ရှိ Option key ကိုနှိပ်နိုင်သည်။

  1. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

  2. အက်ပ်တစ်ခုတွင် Option key ကိုထိပြီးထိန်းထားပါ၊ ထို့နောက် အသံထွက်အမှတ်အသားတစ်ခုကိုဝင်ရောက်သည့် ခလုတ်တစ်ခုကိုနှိပ်ပါ။

    ဥပမာ၊ Spanish (Mexico) စာရိုက်ခလုတ်ခုံ နှင့် the U.S. International — PC အစားထိုးအပြင်အဆင်သည် ထိုအသံထွက်အမှတ်အသားများကိုပံ့ပိုးပေးသည်။

    • သရအက္ခရာပေါ်တင်သည့် အသံပြသင်္ကေတ (ဥပမာ၊ é)၊ Option-E.

    • အသံလေးထွက်ရန် သရအက္ခရာပေါ်တင်ပြသည့်သင်္ကေတ (ဥပမာ၊ è)၊ Option-`.

    • နှာသံပြအမှတ်အသား (ဥပမာ၊ ñ)၊ Option-N.

    • သရသံပြောင်းသင်္ကေတ (ဥပမာ၊ ü)၊ Option-U.

    • တက်၊သက်၊င် သရသံသင်္ကေတ (ဥပမာ၊ ê): Option-I.

  3. စာလုံးကိုနှိပ်ပါ။

    ဥပမာ၊ Spanish (Mexico) စာရိုက်ခလုတ်ခုံ သို့မဟုတ် U.S. International — PC အစားထိုးအပြင်အဆင်ကို အသုံးပြု၍ ñ ကိုရိုက်ရန် Option-N ကိုဖိ၍ n ကိုရိုက်ပါ။

မှတ်စု ABC - Extended အစားထိုးအပြင်အဆင်သည် Pinyin စာလုံးပေါင်းသတ်ပုံရှိ Mandarin Chinese ကိုရိုက်ရန် အသံအနေအထားအမှတ်အသားများကိုလည်းရိုက်နိုင်သည်။ ဥပမာ၊ ǚ in lǚxíng (“travel”) ကိုရိုက်ရန် Option-V ကိုဖိပြီး a vကိုရိုက်ပါ။ ထို့အပြင် ABC - Extended အပြင်အဆင်သည် ချက်သမ္မတနိုင်ငံ၊ ပြင်သစ်၊ ဂျာမန်၊ဟန်ဂေရီနှင့် ပိုလန်ကဲ့သို့သော ဥရောပဘာသာစကားအမျိုးမျိုးရှိ အသံထွက်အမှတ်အသားများနှင့် စာလုံးအက္ခရာများကို ရိုက်နိုင်သည်။

အသံထွက်အမှတ်အသာတစ်ခုကိုထည့်ရန် ဖန်သားပြင်ပေါ်ရှိ စာရိုက်ခလုတ်ခုံကိုအသုံးပြုခြင်း

  1. ဖန်သားပြင်ပေါ်ရှိ စာရိုက်ခလုတ်ခုံကို ပြရန် Magic Keyboard ပေါ်ရှိ Eject ခလုတ် ကိုနှိပ်ပါ။

  2. ဖန်သားပြင်ပေါ်ရှိ စာရိုက်ခလုတ်ခုံတွင် သင်အလိုရှိသည့်အက္ခရာနှင့်ဆက်စပ်သည့် စာလုံး၊ နံပါတ် သို့မဟုတ် သင်္ကေတကိုထိ၍ထိန်းထားပါ။

    ဥပမာ၊ é ကိုထည့်ရန် e ခလုတ်ကိုထိ၍ထိန်းထားပါ။

  3. ထို့နောက် မူကွဲတစ်ခုကို ရွေးချယ်ရန် သင့်လက်ချောင်းကိုရွှေ့ပါ။

  4. သင်ပြီးဆုံးသည့်အခါ ဖန်သားပြင်ပေါ်ရှိ စာရိုက်ခလုတ်ခုံကိုဝှက်ရန် Magic Keyboard ပေါ်ရှိ Eject ခလုတ် ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.