ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Reminders နှင့် စတင်ခြင်း

Reminders အက်ပ် သည် သင်ခြေရာခံရန် လိုအပ်သည့် အရာတိုင်းကို မှတ်မိရန် ကူညီပေးသည်။ သတိပေးချက်များသတ်မှတ်ခြင်း၊ ကုန်စုံစာရင်းများ ပြုလုပ်ခြင်း၊ ပရောဂျက်များအတွက် စာရင်းများဖန်တီးခြင်း၊ ပြီးလျှင် လုပ်ရန်စာရင်းတွင် လုပ်ငန်းဆောင်တာများကို စုခြင်းတို့ ပြုလုပ်နိုင်သည်။

Reminders စာရင်းသို့ ထည့်ထားသည့် ရှိနေသော လုပ်ငန်းဆောင်တာတစ်ခုကို ပြသည့် Reminders အက်ပ်။

သတိပေးချက်တစ်ခု သတ်မှတ်ခြင်း

တစ်ခုခုကို မှတ်မိရန် လိုအပ်သည့်အခါတွင် ရိုးရှင်းစွာ စာရိုက်ခြင်း၊ နှုတ်တိုက်ချခြင်းသို့မဟုတ် Siri ကို မေးပါ။

ခြံထွက်ပစ္စည်းနှင့် ပင်လယ်စာများကဲ့သို့ အမျိုးအစားများပါရှိသည့် ကုန်စုံစာရင်းတစ်ခုကို ပြသည့် Reminders အက်ပ်။

ကုန်စုံစာရင်းအသစ်တစ်ခုကို ဖန်တီးခြင်း

ပစ္စည်းများကို အမျိုးအစားအလိုက် အလိုအလျောက် ခွဲစီထားသည့် ကုန်စုံစာရင်းတစ်ခုနှင့် သင်ဈေးဝယ်ရာတွင် ပိုမိုလွယ်ကူစေအောင်ပြုလုပ်ပါ။ ကုန်စုံစာရင်းထဲသို့ ပုံမှန်စာရင်တစ်ခု ပြောင်းရန် More ခလုတ် ကိုနှိပ်ပါ၊ Show List Info ကိုနှိပ်ပါ၊ List Type ကိုနှိပ်ပါ၊ ထို့နောက် Groceries ကို ရွေးချယ်ပါ။

အောက်ခြေတွေင် မျှဝေခြင်းအတွက် ရွေးချယ်စရာများပါသည့် ကုန်စုံစာရင်းတစ်ခုကို ပြသည့် Reminders အက်ပ်။

စာရင်းတစ်ခုတွင် ပူးပေါင်းဆောင်ရွက်ခြင်း

စာရင်းလုပ်ရန်အတွက် လူများဖိတ်ခေါ်ရန် Share ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် မျှဝေပေးသည့်ရွေးစရာတစ်ခုကိုရွေးချယ်ပါ။

စာရင်းများစွာနှင့် အောက်ခြေတွင် Tag Browser ပြသည့် Reminders အက်ပ်။

သင်၏ သတိပေးချက်များကို စုစည်းခြင်း

သင်၏ လိုအပ်ချက်များနှင့် ကိုက်ညီရန်၊ တက်ဂ်များနှင့် အမျိုးအစားခွဲရန်နှင့် Smart Lists နှင့် သင့် သတိပေးချက်များကို စီမံရန် စာရင်းအသစ်များကို ဖန်တီးနိုင်သည်။

မှတ်စု အခုလမ်းညွှန်းထဲတွင်ဖော်ပြထားသော Reminders အင်္ဂါရပ်များအားလုံးကို iCloud ထဲရှိ အဆင့်မြှင့်ပြီးသတိပေးချက်များကိုသုံးမှသာ အသုံးပြုနိုင်ပါသည်။ အခြားအကောင့်များကိုအသုံးပြုနေချိန်တွင် တချို့အင်္ဂါရပ်များကို အသုံးမပြုနိုင်ပါ။

ပိုမိုလေ့လာလိုပါသလား။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.