ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်ဖုန်းပြောဆိုနေစဉ်အတွင်း

iPhone တွင် ဖုန်းပြောဆိုနေသည့်အခါ စကားပြောစက်ထံသို့ သို့မဟုတ် Bluetooth® စက်ပစ္စည်းတစ်ခုသို့ အသံအားကူးပြောင်းနိုင်သည်။

ဖုန်းခေါ်ဆိုနေစဉ် အသံပိုင်းချိန်ညှိခြင်း

အသံအနိမ့်အမြင့် ပြောင်းလဲရန် iPhone ဘေးဘက်ရှိ အသံအနိမ့်အမြင့်ခလုတ်များကိုနှိပ်ပါ။ သို့မဟုတ် ဖုန်းခေါ်ဆိုမှုခေါင်းစီးတန်းကို ပွတ်ဆွဲချပြီး အောက်ပါတို့မှ နှစ်သက်ရာကိုပြုလုပ်ပါ၊

  • အသံထိန်းခြင်း၊ Mute ခလုတ်ကိုနှိပ်ပါ။

  • ဖုန်းအဝင်ခေါ်ဆိုမှုကို ကိုင်ခိုင်းထားရန်၊ Mute ခလုတ်ကို ထိ၍ထိန်းထားပါ။

  • လက်ဖြင့်ကိုင်ထားခြင်းမရှိဘဲ ဖုန်းပြောခြင်း၊ Audio ခလုတ်ကို နှိပ်ပြီးနောက် အသံပိုင်းကူးပြောင်းလိုသည့် အဆုံးမှတ်တစ်ခုရွေးချယ်ပါ။

ဖုန်းပြောဆိုနေစဉ် အခြားအက်ပ်စ်ကို အသုံးပြုခြင်း

  1. Home ဖန်သားပြင်သို့သွားကာ ၎င်းအက်ပ်ကိုဖွင့်ပါ။

  2. ဖုန်းပြောဆိုမှုသို့ပြန်သွားရန် ဖန်သားပြင်ထိပ်ရှိ ဖုန်းပြောဆိုနေကြောင်းပြ အစိမ်းရောင်တန်းကိုနှိပ်ပါ။

သင်သည် ဖုန်းကိုင်၍ မစောင့်ဆိုင်းသည့်အခါ အကြောင်းကြားချက်တစ်ခု ရရှိခြင်း

ဖုန်းခေါ်နေချိန်အတွင်း သင့်ဖုန်းကို ခေတ္တစောင့်ဆိုင်းထားပါက သင် ဖုန်းအကြာကြီးမကိုင်ထားရစေရန် ဖုန်းခေါ်ဆိုသူ ဖုန်းပြန်ကိုင်သည့်အချိန်ကို အကြောင်းကြားရန် Hold Assist ကိုအသုံးပြုနိုင်ပါသည်။

မှတ်စု iPhone 12၊ iPhone SE (3rd generation)သို့မဟုတ် နောက်ပိုင်းအမျိုးအစားများတွင် ရရှိနိုင်သည်။ Hold Assist ကို နိုင်ငံများအားလုံး သို့မဟုတ် ဒေသအားလုံးတွင် အသုံးမပြုနိုင်ပါ။ iOS နှင့် iPadOS Feature ရနိုင်သည့်ဝက်ဘ်ဆိုက် ကို ကြည့်ပါ။

ဖုန်းခေါ်သူသည် ဖုန်းကိုင်၍ စောင့်ဆိုင်းစရာမလိုတော့သည့်အခါ အကြောင်းကြားချက်တစ်ခုကို ရရှိရန် Hold Assist ကိုအသုံးပြုလိုလားဟု မေးထားသည့် ခေါင်းစီးစာတန်းတစ်ခုကို ပြသထားသည့် ဆက်လက်ဖုန်းခေါ်ဆိုထားသည့်ဖန်သားပြင်တစ်ခု။
  1. သင့် iPhone ရှိ Phone အက်ပ် ကိုသွားပါ။

  2. သင်သည် ဖုန်းခေါ်နေချိန်အတွင်း ခေတ္တစောင့်ဆိုင်းနေရပါက More ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Hold Assist ကိုနှိပ်ပါ။

    အရေးကြီးသော သင်သည် ထိုခေါ်ဆိုမှုမှ ဝေးရာသို့မသွားမီ သင်၏ ဖုန်းမြည်သံချိန်ညှိမှုများကို စစ်ဆေးပါ။ သင်၏ iPhone သည် အသံတိတ်ထားလျှင် သို့မဟုတ် Do Not Disturb လုပ်ထားလျှင် ဖုန်းလက်ခံပြောသူအားသည့်အခါ ဝင်လာသည့်ဖုန်းသံကို သင် ကြားရမည် မဟုတ်ပါ။ iPhone ကို အသံပိတ်ထားခြင်း ကိုကြည့်ပါ။

  3. Hold Assist သည် ဖုန်းခေါ်သူ ဖုန်းပြန်ကိုင်လျှင် သင့်ကို အကြောင်းကြားပေးသွားမှာဖြစ်ပြီး သင်လွတ်သွားသည့် ဖုန်းပြောခဲ့သည့် အပိုင်းများကို အသံဖိုင်ကူးပေးသွားမှာဖြစ်ပါသည်။ ဖုန်းခေါ်ဆိုမှုထဲသို့ ပြန်ဝင်ရန် Answer Call ခလုတ် ကိုနှိပ်ပါ။

မှတ်စု Phone သည် ဖုန်းခေတ္တကိုင်ထားရန်အတွက် တေးဂီတကို အလိုအလျောက် ထောက်လှမ်းနိုင်ပြီး သင့်ကို Hold Assist ကိုစတင်ရန်အတွက် ချက်ချင်းတောင်းဆိုနိုင်သည်။ Settings > Apps > Phone သို့သွားပါ၊ ထို့နောက် Hold Assist Detection ကိုဖွင့်ပါ။

လိုင်းတစ်ခုတည်းတွင် ဒုတိယဖုန်းအဝင်ခေါ်ဆိုမှုကို တုံ့ပြန်ဖြေကြားခြင်း

ဖုန်းပြောဆိုနေစဉ် ဒုတိယဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရလျှင် အောက်ဖော်ပြပါတို့မှ တစ်ခုကိုလုပ်ဆောင်ပါ၊

  • ဖုန်းခေါ်ဆိုမှုကို လျစ်လျူရှု၍ voicemail ထဲသို့ပို့ရန်၊ Send to Voicemail ကိုနှိပ်ပါ။

  • ဒုတိယခေါ် ဆိုမှုကို စာသားမက်ဆေ့ချ်ဖြင့် တုံ့ပြန်ခြင်း၊ Message ကိုနှိပ်ပါ။

  • နောက်မှဖုန်းပြန်လည်ခေါ်ဆိုရန်သတိပေးချက်ကို စီမံခြင်း၊ Remind Me ကိုနှိပ်ကာ သင်သတိပေးစေလိုသည့် အချိန်ကိုရွေးချယ်ပါ။

  • ပထမဖုန်းခေါ်ဆိုမှုကို အဆုံးသတ်၍ အသစ်တစ်ခုကိုလက်ခံပြောဆိုရန်၊ GSM ကွန်ရက်တစ်ခုကို အသုံးပြုသည့်အခါ End & Accept ကိုနှိပ်ပါ။ CDMA ကွန်ရက်တစ်ခုတွင်၊ End ကိုနှိပ်ပါ- ဒုတိယဖုန်းခေါ်ဆိုမှုပြန်ဝင်လာသည့်အခါ၊ Accept ကိုနှိပ်ပါ၊ သို့မဟုတ် iPhone ကလော့ကျနေလျှင် ဆလိုက်ဒါကိုဖိဆွဲပါ။

  • ပထမဖုန်းခေါ်ဆိုမှုကို ကိုင်ထားစေ၍ အသစ်တစ်ခုကိုလက်ခံပြောဆိုရန်၊ Hold & Accept ကိုနှိပ်ပါ။

    သင်ကိုင်ခိုင်းထာသည့် ဖုန်းခေါ်ဆိုမှုတစ်ခုရှိနေလျှင် ဖုန်းခေါ်ဆိုမှုနှစ်ခုကြား ကူးပြောင်းရန် Swap ကိုနှိပ်ပါ၊ သို့မဟုတ် နှစ်ယောက်လုံးနှင့် တစ်ပြိုင်နက်ပြောဆိုရန် Merge Calls ကိုနှိပ်ပါ။ ညှိနှိုင်းဆွေးနွေးမှုတစ်ခု သို့မဟုတ် သုံးဖက်ဖုန်းခေါ်ဆိုမှုတစ်ခု စတင်ခြင်း ကိုကြည့်ပါ။

မှတ်စု CDMA တွင်ဆိုပါက ဒုတိယဖုန်းခေါ်ဆိုမှုသည် အထွက်ဖြစ်ခဲ့လျှင် ဖုန်းခေါ်ဆိုမှုများကြား ကူးပြောင်း၍မရပါ၊ သို့သော် ပေါင်း၍ပြောဆိုနိုင်သည်။ ဒုတိယဖုန်းခေါ်ဆိုမှုသည် အဝင်ဖြစ်ခဲ့လျှင် ဖုန်းခေါ်ဆိုမှုများကို ပေါင်း၍ပြောဆိုမရပါ။ ဒုတိယဖုန်းခေါ်ဆိုမှု သို့မဟုတ် ပေါင်းစပ်ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်ပါက ဖုန်းခေါ်ဆိုမှုနှစ်ခုလုံး အဆုံးသတ်သွားမည်။

Dual SIM ရနိုင်သည့်မော်ဒယ်များ တွင်အောက်ပါတို့ကိုမှတ်သားပါ၊

  • အခြားလိုင်းကိုဖုန်းခေါ်ဆိုမှုအတွက်သုံးနေစဉ်တွင်ဖုန်းခေါ်မှုများလက်ခံရရှိရန်ထိုလိုင်းကိုလုပ်ဆောင်စေမည့်လိုင်းတစ်လိုင်းအတွက် Wi-Fi Calling ကိုဖွင့်ရမည်ဖြစ်သည်။ ဖုန်းပြောဆိုနေစဉ်လိုင်းတစ်လိုင်းတည်းမှဒုတိယဖုန်းခေါ်ဆိုမှုလက်ခံရရှိပြီး၊ Wi-Fi ချိတ်ဆက်ထားမှုမရှိပါက၊ အခြားလိုင်းခေါ်ဆိုမှုလက်ခံရန် ခေါ်ဆိုမှုအတွက် အဆိုပါဖုန်းလိုင်း၏ cellular အင်တာနက်ကို iPhone မှသုံးနိုင်သည်။ အခကြေးငွေများကုန်ကျနိုင်သည်။ ထိုခေါ်ဆိုမှုအတွက် သုံးထားသည့်ယင်းလိုင်းသည် အခြားလိုင်း၏ခေါ်ဆိုမှုကိုလက်ခံရရှိရန် သင်၏Cellular Data ချိန်ညှိမှုများတွင် အင်တာနက်အသုံးပြုရန်အတွက် ခွင့်ပြုထားမည်ဖြစ်သည် (ပုံသေလိုင်းအဖြစ်၊ သို့မဟုတ် ဖွင့်ထားသည့် Allow Cellular Data Switching နှင့်အတူ ပုံသေမဟုတ်သည့်လိုင်းအဖြစ်)။

  • သင်ဖုန်းခေါ်သည့်အခါသင်၏အခြားလိုင်းသို့ဝင်လာသည့်မည်သည့်ဖုန်းခေါ်ဆိုမှုများမဆို (အရေးပေါ်ဝန်ဆောင်မှုများမှဖုန်းခေါ်ဆိုမှုများအပါအဝင်) voicemail သို့တိုက်ရိုက်ဝင်သည် (သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှပံ့ပိုးပေးထားလျှင်) ၊ လွတ်သွားသည့်ဖုန်းခေါ်ဆိုမှုသတိပေးချက်များကိုလက်ခံရရှိမည်မဟုတ်ပါ။

    လိုင်းတစ်လိုင်းသည်မအားပါက သို့မဟုတ် ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါက အခြေအနေအရအခြားဖုန်းလိုင်းသို့ လွှဲပြောင်းပေးသည့် လုပ်ဆောင်မှုကို (သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှ ပံ့ပိုးပေးထားလျှင်) ရယူနိုင်သလို ၎င်းခေါ်ဆိုမှုများသည် voicemail ထဲသို့မဝင်ပါ။ ရယူမှုဆိုင်ရာ သတင်းအချက်အလက်များကို သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီသို့ ဆက်သွယ်ပါ။

Live Translation ကိုအသုံးပြုခြင်း

Apple Intelligence* ကို ဖွင့်ထားလျှင် သင်သည် ဖုန်းခေါ်ဆိုချိန်များအတွင်း ပြောစကားများကို ဘာသာပြန်ခိုင်းရန် ၎င်းကို အသုံးပြုနိုင်ပါသည်။ မက်ဆေ့ချ်များ၊ ဖုန်းခေါ်ဆိုများနှင့် စကားပြောဆိုမှုများကို ဘာသာပြန်ခြင်းကိုကြည့်ပါ။

*Apple Intelligence သည် beta တွင်ရနိုင်ပြီး အောက်ပါ ဘာသာစကားများအတွက် ပံ့ပိုးပေးပါသည်၊ အင်္ဂလိပ်၊ ဒန်းနစ်ရှ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ တူရကီ၊ တရုတ် (Simplified)၊ တရုတ် (Traditional)၊ ဂျပန်၊ ကိုရီယား သို့မဟုတ် ဗီယက်နမ်။ အချို့သောလုပ်ဆောင်ချက်များကို ဘာသာစကားအားလုံး သို့မဟုတ် ဒေသများအားလုံးတွင် ရရှိနိုင်မည်မဟုတ်ပါ။ အင်္ဂါရပ်များနှင့် ရရှိနိုင်သည့် ဘာသာစကားနှင့် စနစ်လိုအပ်ချက်များအတွက်အချက်အလက်များပိုမိုသိလိုပါက Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Apple Intelligence ရယူနည်း ကိုကြည့်ပါ။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.