ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်ဖုန်းပြောဆိုနေစဉ်အတွင်း

ဖုန်းပြောဆိုနေသည့်အခါ စကားပြောစက် သို့မဟုတ် Bluetooth စက်ကိရိယာတစ်ခုသို့ အသံပိုင်းကူးပြောင်းနိုင်သည်။ သင့်ထံ နောက်ဖုန်းအဝင်ခေါ်ဆိုမှုရှိလာလျှင် လက်ခံပြောဆိုနိုင်သလို လျစ်လျူရှုနိုင်သည်။

ဖုန်းခေါ်ဆိုနေစဉ် အသံပိုင်းချိန်ညှိခြင်း

အသံအနိမ့်အမြင့် ပြောင်းလဲရန် iPhone ဘေးဘက်ရှိ အသံအနိမ့်အမြင့်ခလုတ်များကိုနှိပ်ပါ။ သို့မဟုတ် ဖုန်းခေါ်ဆိုမှုခေါင်းစီးတန်းကို ပွတ်ဆွဲချပြီး အောက်ပါတို့မှ နှစ်သက်ရာကိုပြုလုပ်ပါ၊

  • အသံထိန်းခြင်း၊ အသံထိန်းခလုတ်ကိုနှိပ်ပါ။

  • ဖုန်းအဝင်ခေါ်ဆိုမှုကို ကိုင်ခိုင်းထားရန်၊ အသံထိန်းခလုတ်ကို ထိ၍ထိန်းထားပါ။

  • လက်ဖြင့်ကိုင်ထားခြင်းမရှိဘဲ ဖုန်းပြောခြင်း၊ အသံခလုတ်ကို နှိပ်ပြီးနောက် အသံပိုင်းကူးပြောင်းလိုသည့် အဆုံးမှတ်တစ်ခုရွေးချယ်ပါ။

ဖုန်းပြောဆိုနေစဉ် အခြားအက်ပ်စ်ကို အသုံးပြုခြင်း

  1. Home ဖန်သားပြင်သို့သွားကာ ၎င်းအက်ပ်ကိုဖွင့်ပါ။

  2. ဖုန်းပြောဆိုမှုသို့ပြန်သွားရန် ဖန်သားပြင်ထိပ်ရှိ ဖုန်းပြောဆိုနေကြောင်းပြ အစိမ်းရောင်တန်းကို နှိပ်ပါ။

လိုင်းတစ်ခုတည်းတွင် ဒုတိယဖုန်းအဝင်ခေါ်ဆိုမှုကို တုံ့ပြန်ဖြေကြားခြင်း

ဖုန်းပြောဆိုနေစဉ် ဒုတိယဖုန်းခေါ်ဆိုမှု လက်ခံရလျှင် အောက်ဖော်ပြပါတို့မှ တစ်ခုကိုလုပ်ဆောင်ပါ၊

  • ဖုန်းခေါ်ဆိုမှုကို လျစ်လျူရှု၍ voicemail ထဲသို့ပို့ရန်၊ Ignore ကိုနှိပ်ပါ။

  • ပထမဖုန်းခေါ်ဆိုမှုကို အဆုံးသတ်၍ အသစ်တစ်ခုကိုလက်ခံပြောဆိုရန်၊ GSM ကွန်ရက်တစ်ခုကို အသုံးပြုသည့်အခါ၊ End + Accept ကိုနှိပ်ပါ။ CDMA ကွန်ရက်တစ်ခုတွင် End ကိုနှိပ်၍ ဒုတိယဖုန်းခေါ်ဆိုမှုပြန်ဝင်လာသည့်အခါ Accept ကိုနှိပ်ပါ၊ သို့မဟုတ် iPhone ကလော့ကျနေလျှင် ဆလိုက်ဒါကိုဖိဆွဲပါ။

  • ပထမဖုန်းခေါ်ဆိုမှုကို ကိုင်ထားစေ၍ အသစ်တစ်ခုကိုလက်ခံပြောဆိုရန်၊ Hold + Accept ကိုနှိပ်ပါ။

    ကိုင်ခိုင်းထာသည့်ဖုန်းခေါ်မှုတစ်ခုရှိနေလျှင် ဖုန်းခေါ်ဆိုမှုနှစ်ခုကြား ကူးပြောင်းရန် Swap ကိုနှိပ်ပါ၊ သို့မဟုတ် နှစ်ယောက်လုံးနှင့် တစ်ပြိုင်နက်ပြောဆိုရန် Merge Calls ကိုနှိပ်ပါ။ ညှိနှိုင်းဆွေးနွေးဖုန်းခေါ်ဆိုမှုစတင်ခြင်း ကိုကြည့်ပါ။

မှတ်စု CDMA တွင်ဆိုပါက ဒုတိယဖုန်းခေါ်ဆိုမှုသည် အထွက်ဖြစ်ခဲ့လျှင် ဖုန်းခေါ်ဆိုမှုများကြား ကူးပြောင်း၍မရပါ၊ သို့သော် ပေါင်း၍ပြောဆိုနိုင်သည်။ ဒုတိယဖုန်းခေါ်ဆိုမှုသည် အဝင်ဖြစ်ခဲ့လျှင် ဖုန်းခေါ်ဆိုမှုများကို ပေါင်း၍ပြောဆိုမရပါ။ ဒုတိယဖုန်းခေါ်ဆိုမှု သို့မဟုတ် ပေါင်းစပ်ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်ပါက ဖုန်းခေါ်ဆိုမှုနှစ်ခုလုံး အဆုံးသတ်သွားမည်။

Dual SIM ရနိုင်သည့်မော်ဒယ်များ တွင်အောက်ပါတို့ကိုမှတ်သားပါ၊

  • အခြားလိုင်းကိုဖုန်းခေါ်ဆိုမှုအတွက်သုံးနေစဉ်တွင်ဖုန်းခေါ်မှုများလက်ခံရရှိရန်ထိုလိုင်းကိုလုပ်ဆောင်စေမည့်လိုင်းတစ်လိုင်းအတွက် Wi-Fi Calling ကိုဖွင့်ရမည်ဖြစ်သည်။ ဖုန်းပြောဆိုနေစဉ်လိုင်းတစ်လိုင်းတည်းမှဒုတိယဖုန်းခေါ်ဆိုမှုလက်ခံရရှိပြီး၊ Wi-Fi ချိတ်ဆက်ထားမှုမရှိပါက၊ အခြားလိုင်းခေါ်ဆိုမှုလက်ခံရန် ခေါ်ဆိုမှုအတွက် အဆိုပါဖုန်းလိုင်း၏ cellular အင်တာနက်ကို iPhone မှသုံးနိုင်သည်။ အခကြေးငွေများကုန်ကျနိုင်သည်။ ထိုခေါ်ဆိုမှုအတွက် သုံးထားသည့်ယင်းလိုင်းသည် အခြားလိုင်း၏ခေါ်ဆိုမှုကိုလက်ခံရရှိရန် သင်၏Cellular Data ချိန်ညှိမှုများတွင် အင်တာနက်အသုံးပြုရန်အတွက် ခွင့်ပြုထားမည်ဖြစ်သည် (ပုံသေလိုင်းအဖြစ်၊ သို့မဟုတ် ဖွင့်ထားသည့် Allow Cellular Data Switching နှင့်အတူ ပုံသေမဟုတ်သည့်လိုင်းအဖြစ်)။

  • သင်ဖုန်းခေါ်သည့်အခါသင်၏အခြားလိုင်းသို့ဝင်လာသည့်မည်သည့်ဖုန်း‌ခေါ်ဆိုမှုများမဆို (အရေး‌ပေါ်ဝန်ဆောင်မှုများမှဖုန်းခေါ်ဆိုမှုများအပါအဝင်) voicemail သို့တိုက်ရိုက်ဝင်သည် (သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှပံ့ပိုးပေးထားလျှင်) ၊ လွတ်သွားသည့်ဖုန်းခေါ်ဆိုမှုသတိပေးချက်များကိုလက်ခံရရှိမည်မဟုတ်ပါ။

    လိုင်းတစ်လိုင်းသည်မအားပါက သို့မဟုတ် ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါက အခြေအနေအရအခြားဖုန်းလိုင်းသို့ လွှဲပြောင်းပေးသည့် လုပ်ဆောင်မှုကို (သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှ ပံ့ပိုးပေးထားလျှင်) ရယူနိုင်သလို ၎င်းခေါ်ဆိုမှုများသည် voicemail ထဲသို့မဝင်ပါ။ ရယူမှုဆိုင်ရာ သတင်းအချက်အလက်များကို သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီသို့ ဆက်သွယ်ပါ။

ညှိနှိုင်းဆွေးနွေးဖုန်းခေါ်ဆိုမှုစတင်ခြင်း

GSM နှင့်ဆိုလျှင် လူဦးရေ ၅ ဦးထိ ညှိနှိုင်းဆွေးနွေးဖုန်းခေါ်ဆိုခြင်းတစ်ခုလုပ်ဆောင် နိုင်သည် (သင်အသုံးပြုသော ဖုန်းဝန်ဆောင်မှုပေးကုမ္ပဏီပေါ်မူတည်သည်)။

မှတ်စု သင်၏ဖုန်းခေါ်ဆိုမှုသည် VoLTE (LTE ပေါ်ရှိ Voice) သို့မဟုတ် Wi-Fi ခေါ်ဆိုခြင်း ကိုအသုံးပြုနေလျှင် ညှိနှိုင်းဆွေးနွေးဖုန်းခေါ်ဆိုမှုများ မရနိုင်ပါ။

  1. ဖုန်းပြောဆိုနေစဉ် Add Call နှိပ်ကာ နောက်ထပ်ဖုန်းခေါ်ဆိုမှု ပြုလုပ်ပြီးနောက် Merge Calls ကိုနှိပ်ပါ။

    ညှိနှိုင်းဆွေးနွေးမှုသို့ လူများထပ်မံထည့်ရန် ဤသို့ထပ်ခါထပ်ခါလုပ်ပါ။

  2. ညှိနှိုင်းဆွေးနွေးဖုန်းခေါ်ဆိုမှုအတောအတွင်း အောက်ဖော်ပြပါတို့မှ တစ်ခုခုလုပ်ပါ၊

    • လူတစ်ယောက်နှင့် သီးသန့်ပြောဆိုရန်၊ More Info ခလုတ်ကိုနှိပ်ကာ ထိုပုဂ္ဂိုလ်၏ ဘေးကပ်ရက်ရှိ Private ကိုနှိပ်ပါ။ ညှိနှိုင်းဆွေးနွေးဖုန်းခေါ်မှုကို ပြန်စရန် Merge Calls ကိုနှိပ်ပါ။

    • အဆိုပါလိုင်းပေါ်တွင် ဖုန်းအဝင်ခေါ်ဆိုသူတစ်ယောက်ကို ပေါင်းထည့်ခြင်း၊ Hold Call + Answer ကိုနှိပ်ပြီးနောက် Merge Calls ကိုနှိပ်ပါ။

    • လူတစ်ယောက်ကို ထုတ်ခြင်း၊ ထိုပုဂ္ဂိုလ်၏ ဘေးကပ်လျက်ရှိ More Info ခလုတ်ကိုနှိပ်ကာ End ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.