ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် အီးမေးလ်အကောင့်များ ထည့်သွင်းခြင်း နှင့် ဖယ်ရှားခြင်း

iPhone ရှိ Mail အက်ပ် တွင် အီးမေးလ်များပေးပို့ခြင်းနှင့် လက်ခံခြင်း ပြုလုပ်ရန် အီးမေးလ်အကောင့်များ ထည့်သွင်းခြင်းနှင့် သင်မလိုအပ်တော့သည့် အီးမေးလ်အကောင့်များကို ဖယ်ရှားနိုင်ပါသည်။

အီးမေးလ်အကောင့်များ ထည့်သွင်းခြင်း

iPhone ရှိ Mail အက်ပ်ကို ပထမဆုံး ဖွင့်ချိန်တွင် သင့်အား အီးမေးလ်အကောင့် ထည့်သွင်းရန် တောင်းဆိုခံရမည်ဖြစ်ပြီး—ဖန်သားပြင်ပေါ်ရှိညွှန်ကြားချက်များအတိုင်းသာ ဆောင်ရွက်ပါ။

အီးမေးလ်အကောင့်များ ထပ်မံထည့်သွင်းရန် အောက်ပါအတိုင်းပြုလုပ်ပါ၊

  1. Settings  > Mail > Accounts > Add Account သို့သွားပါ။

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • iCloud သို့မဟုတ် Microsoft Exchange ကဲ့သို့သော—အီးမေးလ်ဝန်ဆောင်မှုတစ်ခု ကိုနှိပ်ကာ သင်၏အီးမေးလ်အကောင့်အချက်အလက်များကို ထည့်သွင်းပါ။

    • Other ကိုနှိပ်ပါ၊ Add Mail Account ကိုနှိပ်ပါ၊ ထို့နောက် သင်၏အီးမေးလ်အကောင့်အချက်အလက်များကို ထည့်သွင်းပါ။

အခြားအီးမေးလ်အကောင့်များမှ ထွက်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း

  1. Settings  > Mail > Accounts သို့သွားပါ။

  2. သင် ဖယ်ရှားလိုသော အီးမေးလ်အကောင့်ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါအတိုင်း ပြုလုပ်ပါ၊

    • iCloud အီးမေးလ်အကောင့်တစ်ခုကို သင် ဖယ်ရှားနေလျှင်၊ iCloud၊ iCloud Mail ကိုနှိပ်ပါ၊ ထို့နောက် "ဤ iPhone ပေါ်တွင်အသုံးပြုပါ"ကိုပိတ်ပါ။

    • အခြားအီးမေးလ်အကောင့်တစ်ခုကို သင် ဖယ်ရှားနေလျှင်၊ Mail ကိုပိတ်ပါ။

      မှတ်စု သင်၏ iPhone ရှိ အက်ပ်များအားလုံးထံမှ အီးမေးလ်အကောင့်ကို ဖယ်ရှားလိုလျှင် Delete Account ကိုနှိပ်ပါ။

Mail ကို သင့် Home ဖန်သားပြင်တွင် ပေါင်းထည့်ခြင်း

သင့် Home ဖန်သားပြင်တွင် Mailကို မတွေ့ပါက App Library တွင်ရှာ၍ ၎င်းကိုပြန်ရှာထည့်နိုင်သည်။

  1. Home ဖန်သားပြင်ပေါ်တွင် App Library ကိုမြင်ရသည်အထိ ဘယ်ဘက်သို့ပွတ်ဆွဲပါ။

  2. ရှာဖွေမှုကွက်လပ်တွင်“Mail”ကို ရိုက်ထည့်ပါ။

  3. Mail အက်ပ်သင်္ကေတကိုဖိပြီးနှိပ်ထားပါ၊ ထို့နောက် Add to Home Screen ကို နှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.