ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ပေါ်မှ စတော့များကိုစစ်ဆေးခြင်း

ဈေးကွက်စီးဆင်းမှုကို မျက်ခြည်မပြတ်စေရန်၊ သင်မလွတ်တမ်းကြည့်ရှုသော စတော့များ၏ဆောင်ရွက်ချက်များကိုကြည့်ရန် Stocks အက်ပ် ကိုအသုံးပြုပါ။

Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “How are the markets doing?” သို့မဟုတ် “How’s Apple stock today?” Siri အားအသုံးပြုပုံကိုလေ့လာခြင်း

ကြည့်ရှုမှုစာရင်းသည် စတော့အမျိုးမျိုး၏စာရင်းကိုပြသည်။ စာရင်းရှိ စတော့တစ်ခုချင်းစီ၏ ဘယ်မှညာတစ်လျှောက်တွင် စတော့သင်္ကေတနှင့် အမည်၊ ဆောင်ရွက်ချက်များဇယား၊ စတော့ဈေးနှုန်းနှင့် ဈေးနှုန်းပြောင်းလဲမှုတို့ကို ပြထားသည်။ ဖန်သားပြင်၏ ထိပ်ဘက်ရှိ My Symbols စောင့်ကြည့်မှုစာရင်း အပေါ်ဘက်တွင် ရှာဖွေမှုကွက်လပ်ရှိပါသည်။ ထိုဖန်သားပြင်အောက်ခြေသည် Business News ဖြစ်သည်။ သတင်းများကိုဖော်ပြရန် Business News မှအပေါ်သို့ဆွဲရွှေ့ပါ။

စတော့များကို စစ်ဆေးခြင်း

  1. Stocks အက်ပ်ကိုဖွင့်ပါ ထို့နောက် အသေးစိတ်အချက်အလက်များအတွက် My Symbols စောင့်ကြည့်မှုစာရင်းထဲရှိ စတော့ပုံစံတစ်ခုကိုနှိပ်ပါ။

  2. သီးခြားစတော့တစ်ခုကိုရှာဖွေရန် ဖန်သားပြင်ထိပ်ရှိ ရှာဖွေမှုကွက်လပ်အတွင်း စတော့သင်္ကေတတစ်ခု၊ ကုမ္ပဏီအမည်၊ ငွေကြေးအဖွဲ့အစည်းအမည် သို့မဟုတ် ရည်ညွှန်းချက်ကို ရိုက်ထည့်ပါ၊ ထို့နောက် ရှာဖွေမှုရလဒ်ထဲရှိ အဆိုပါစတော့ပုံကိုနှိပ်ပါ။

ဇယားကွက်၊ အသေးစိတ်အချက်အလက်များနှင့် သတင်းများကိုကြည့်ခြင်း ကိုကြည့်ပါ။

My Symbols စောင့်ကြည့်စာရင်းထဲရှိ သင်္ကေတများကို စီမံခြင်း

Stocks အက်ပ်ကို ပထမဆုံးအကြိမ်ဖွင့်လိုက်သည့်အခါ ဖန်သားပြင်ပေါ် တွင် စတော့ပုံစံများစာရင်းတစ်ခုပေါ် လာပြီး- ၎င်းကို My Symbols စောင့်ကြည့်စာရင်းဟုခေါ် သည်။ My Symbols စောင့်ကြည့်စာရင်းကို သင်အဆင့်မြှင့်တင်၍ စီမံနိုင်ပြီး သင့်ကိုယ်ပိုင်စောင့်ကြည့်စာရင်းများကို ဖန်တီးနိုင်သည်

ဈေးနှုန်း၊ နေ့စဥ်ရာခိုင်နှုန်းအပြောင်းအလဲများ၊ ဈေးကွက်ရင်းနှီးမြှပ်နှံ့မှုတန်ဖိုးများအစရှိသည်ကို ကြည့်ရှုရန် သင်္ကေတတစ်ခုကိုနှိပ်ပါ။

My Symbols စောင့်ကြည့်စာရင်းကို ပြောင်းလဲမှုများပြုလုပ်ရန် အောက်ပါတို့မှ တစ်ခုခုကိုလုပ်ဆောင်ပါ၊

  • သင်္ကေတတစ်ခု ထည့်ခြင်း၊ ရှာဖွေမှုကွက်လပ်အတွင်း စတော့ပုံစံတစ်ခု၊ ကုမ္ပဏီအမည်၊ ငွေကြေးအဖွဲ့အစည်းအမည် သို့မဟုတ် ရည်ညွှန်းချက်ကို ရိုက်ထည့်ပါ။ ရှာဖွေမှုရလဒ်တွင် Add ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

  • သင်္ကေတတစ်ခုကိုဖျက်ရန်၊ သင်၏စောင့်ကြည့်စာရင်းအတွင်း ၎င်းသင်္ကေတမှဘယ်ဘက်အပေါ်သို့ဆွဲရွှေ့ပါ။

    မှတ်စု အကယ်၍ သင်သည် My Symbols စာရင်းမှ သင်္ကေတတစ်ခုကို ဖျက်လိုက်လျှင် အဆိုပါသင်္ကေတသည် သင်၏တခြားစောင့်ကြည့်စာရင်းထဲတွင်လည်း ဖျက်ပြီးသားဖြစ်သည် (စောင့်ကြည့်စာရင်းများစွာကို စီမံခြင်းကိုကြည့်ပါ)။

  • သင်္ကေတများကို ပြန်စဉ်ရန်၊ သင်၏စောင့်ကြည့်မှုစာရင်းရှိ သင်္ကေတကို ထိ၍ထိန်းထားကာ နေရာသစ်တစ်ခုသို့ ဖိဆွဲသွားပါ။

  • ငွေကြေးများကိုပြခြင်း၊ More ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် အရောင်းအဝယ်ပြုလုပ်ထားသည့် စတော့၏ ငွေကြေးကိုပြသရန် Show Currency ကိုနှိပ်ပါ။

  • သင်္ကေတတစ်ခုကို မျှဝေခြင်း၊ သင့်စောင့်ကြည့်စာရင်းထဲရှိ သင်္ကေတတစ်ခုပေါ် တွင် ဘယ်ဘက်သို့ပွတ်ဆွဲပါ၊ Share ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Messages သို့မဟုတ် Mail ကဲ့သို့သော ရွေးချယ်စရာတစ်ခုကို ရွေးချယ်ပါ။

ဇယားကွက်၊ အသေးစိတ်အချက်အလက်များနှင့် သတင်းများကိုကြည့်ခြင်း

သင်ရှာဖွေနေသော သင်္ကေတများနှင့် သင်၏စောင့်ကြည့်စာရင်းထဲရှိ စတော့ပုံစံများနှင့်ပတ်သက်ပြီး ပြန်အလှန်တုံ့ပြန်မှုရှိသော ဇယားကွက်တစ်ခု၊ အသေးစိတ်ဆောင်ရွက်ချက်နှင့် သက်ဆိုင်ရာသတင်းအကြောင်းအရာများကို သင်ကြည့်နိုင်ပါသည်။

ဖန်သားပြင်၏အလယ်တွင် စတော့တစ်ခု၏တစ်ရက်တာကာလအတွင်း လုပ်ဆောင်မှုစွမ်းရည်ကိုဖော်ပြသည့် ဇယားတစ်ခုရှိသည်။ အဆိုပါဇယားအပေါ်တွင် ၎င်းစတော့၏ တစ်ရက်၊ တစ်ပတ်၊ တစ်လ၊ သုံးလ၊ ခြောက်လ ၊ တစ်နှစ်၊ နှစ်နှစ်၊ သို့မဟုတ် ငါးနှစ်စာ လုပ်ဆောင်မှုစွမ်းရည်ကိုဖော်ပြမည့် ခလုတ်များရှိသည်။ အဆိုပါဇယားအောက်တွင် အဖွင့်စျေးနှုန်း၊ အတက်၊ အကျနှင့် စျေးကွက်တန်ဖိုး ကဲ့သို့ စတော့အသေးစိတ်အချက်အလက်များရှိသည်။ ထိုဖန်သားပြင်အောက်ခြေသည် Apple News မှသတင်းတစ်ပုဒ်ဖြစ်သည်။

အကြံပြုချက် စတော့၏ ဆောင်ရွက်ချက်များကို အလျင်အမြန်ကြည့်နိုင်ရန် သင့်စောင့်ကြည့်စာရင်းထဲရှိ စတော့ပုံစံတစ်ခုကို ထိပြီးထိန်းထားပါ။

  1. သင် ပိုပြီးအသေးစိတ်ကြည့်လိုသည့် သင်္ကေတတစ်ခုကိုနှိပ်ပြီး အောက်ပါတို့မှ တစ်ခုခုကိုလုပ်ဆောင်ပါ၊

    • အချိန်အလိုက် စွမ်းဆောင်ချက်ကိုကြည့်ရှုခြင်း၊ ဇယားကွက်ထိပ်ရှိ အချိန်ရွေးချယ်မှုအတန်းမှ ရွေးချယ်မှုတစ်ခုကိုနှိပ်ပါ။

    • တိကျသောရက် သို့မဟုတ် အချိန်အတွက်တန်ဖိုးကိုကြည့်ရှုခြင်း၊ ဇယားကို လက်တစ်ချောင်းဖြင့်ထိ၍ထိန်းထားပါ။

    • အချိန်အလိုက် တန်ဖိုးပိုင်းပြောင်းလဲသွားခြင်းကို ကြည့်ရှုခြင်း၊ ဇယားကိုလက်နှစ်ချောင်းဖြင့် ထိ၍ ထိန်းထားပါ။

    • အသေးစိတ်အချက်များပိုမိုကြည့်ခြင်း၊ 52-ပတ်စာ အတက်နှင့်အကျ၊ Beta၊ EPS နှင့်ပျမ်းမျှရောင်းဝယ်မှုပမာဏကဲ့သို့သော ထပ်တိုးအသေးစိတ်အချက်အလက်များကိုကြည့်ရန်ဇယားအောက်မှအချက်အလက်ကိုရွှေ့ပါ။

    • သတင်းများကိုဖတ်ခြင်း၊ ထပ်တိုးသတင်းအကြောင်းအရာများကို ကြည့်ရန် အပေါ်သို့ရွှေ့ပါ၊ ထို့နောက် သတင်းတစ်ခု ကို နှိပ်ပါ။

  2. သင်၏အနီးကပ်ကြည့်ရှုမှုစာရင်းသို့ ပြန်သွားရန်Dismiss Overlay ခလုတ် ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.