ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Maps တွင် သင်ရပ်ထားသည့်ကားဆီသွားရာ လမ်းညွှန်ချက်ကို ရယူခြင်း

သင့်ကား၏ CarPlay သို့မဟုတ် Bluetooth စနစ်မှ သင့် iPhone ကိုဖြုတ်လိုက်ပြီး သင့်ကားထဲမှထွက်ခွာသွားလျှင် ကားရပ်ထားကြောင်းပြအမှတ်အသားသည် Maps အက်ပ် တွင်ကျန်ခဲ့သောကြောင့် သင့်ကားရှိရာသို့ ပြန်လာသည့်လမ်းကို အလွယ်တကူရှာဖွေနိုင်ပါသည်။

သင်၏ ရပ်နားထားသည့် ကားကိုရှာခြင်း

ရှာဖွေကတ်ရှိ Siri Suggestions အောက်မှ Parked Car ကိုရွေးပါ။

Maps တွင် သင်ရပ်ခဲ့သည့်ကားကို ရှာမတွေ့ပါက

သင့်ကားရှိ CarPlay သို့မဟုတ် Bluetooth ဖြင့် သင့် iPhone ကို ချိတ်ထားခြင်းရှိမရှိစစ်ဆေးပါ၊ ထို့နောက် အောက်ပါချိန်ညှိမှုများကိုသေချာလုပ်ဆောင်ပါ၊

  • Location Services ကို Settings  > Privacy & Security တွင် ဖွင့်ပါ။

  • Significant Locations ကို Settings > Privacy & Security > Location Services > System Services တွင်ဖွင့်ပါ။

  • Show Parked Location ကို Settings > Maps တွင် ဖွင့်ပါ။

မှတ်စု အိမ် သို့မဟုတ် အလုပ်ကဲ့သို့ သင်မကြာခဏရပ်သည့်နေရာတစ်နေရာတွင် သင်ရပ်ခဲ့သည့်ကားကို မမှတ်ထားပါ။

သင်ရပ်ထားသည့်နေရာကို မပြသခြင်း

အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

  • သင့်ကား၏လက်ရှိတည်နေရာအတွက် Parked Car အမှတ်အသားကိုဖယ်ရှားခြင်း၊ ထိုအမှတ်အသားကို ထိပြီးထိန်းထားကာ ထို့နောက် Remove Car ကိုနှိပ်ပါ။

  • သင့်ကားရပ်ထားသည့်နေရာကိုလုံးဝမပြခြင်း၊ Settings  > Maps သို့သွား၍ Show Parked Location ကိုပိတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.