ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် အချိန်မှတ်စက် သို့မဟုတ် အချိန်ဖမ်းနာရီကို အသုံးပြုခြင်း

Clock အက်ပ် တွင် သတ်မှတ်အချိန်တစ်ခုမှ စတင်ရေတွက်ရန် အချိန်မှတ်စက်ကို အသုံးပြုနိုင်သည်။ ပွဲရက်တစ်ခု၏ ကြာချိန်ကို တိုင်းတာရန် အချိန်ဖမ်းနာရီကိုလည်း အသုံးပြုနိုင်သည်။

Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Set the timer for 3 minutes ” သို့မဟုတ် “Stop the timer” Siri အားအသုံးပြုပုံကိုလေ့လာခြင်း

အချိန်ဖမ်းစက်ဖြင့် ကြာချိန်ကိုခြေရာခံခြင်း

  1. Stopwatch ကိုနှိပ်ပါ။

    ဂဏန်းပြအသွင်နှင့် လက်တံပြအသွင်တို့ကြား ပြောင်းလဲရန် အချိန်ဖမ်းစက်ကို ပွတ်ဆွဲပါ။

  2. Start ကိုနှိပ်ပါ။

    အခြားအက်ပ်ကိုဖွင့်ထားသည်ဖြစ်စေ သို့မဟုတ် iPhone ဖန်သားပြင်ပိတ်သွားသည်ဖြစ်စေ အချိန်သည်ဆက်လက်ရေတွက်သည်။

  3. တာတစ်ပတ် သို့မဟုတ် ကွာဟချိန်ကို မှတ်တမ်းယူရန် Lap ကိုနှိပ်ပါ။

  4. နောက်ဆုံးအချိန်ကိုမှတ်တမ်းတင်ရန် Stop ကိုနှိပ်ပါ။

  5. အချိန်ဖမ်းစက်မှတ်တမ်းကို ရှင်းလင်းရန် Reset ကိုနှိပ်ပါ။

အချိန်မှတ်စက်ထည့်သွင်းခြင်း

  1. Timer ကိုနှိပ်ပါ။

  2. ကြာချိန်ကို သတ်မှတ်၍ အချိန်မှတ်စက်ပြီးဆုံးသွားသည့်အခါ ဖွင့်ရန်သတိပေးသံတစ်ခုကို သတ်မှတ်ပါ။

    အကြံပြုချက် တေးသံ သို့မဟုတ် ဗီဒီယိုတစ်ခုဖွင့်နေစဉ် အိပ်မောကျလိုလျှင် တေးသံရပ်စေရန် အချိန်မှတ်စက်သတ်မှတ်နိုင်သည်။ When Timer Ends ကိုနှိပ်ပြီးလျှင် အာက်ခြေရှိ Stop Playing ကိုနှိပ်ပါ။

  3. Start ကိုနှိပ်ပါ။

အခြားအက်ပ်ကိုဖွင့်ထားသည်ဖြစ်စေ သို့မဟုတ် iPhone ဖန်သားပြင်ပိတ်သွားသည်ဖြစ်စေ အချိန်မှတ်စက်က ဆက်လက်လုပ်ဆောင်ပါသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.