ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ ဖန်သားပြင်စာရိုက်ခလုတ်ခုံနှင့် ပြင်ပစာရိုက်ခလုတ်ခုံများ၏ ချိန်ညှိမှုများကို ချိန်ညှိခြင်း

iPhone ၏ ဖန်သားပြင် (ဆော့ဖ်ဝဲ) ပေါ်ရှိ စာရိုက်ခလုတ်ခုံကို ချိန်ညှိနိုင်ပါသည်။ iPhone နှင့် ပြင်ပ (ဟာ့ဒ်ဝဲ) စာရိုက်ခလုတ်ခုံကို အသုံးပြုလျှင်၊ စာရိုက်ခလုတ်ခုံ အလွယ်သုံးပုံစံများကို စိတ်တိုင်းကျပြုလုပ်နိုင်ပြီး အဖန်ဖန်ပြုလုပ်သည့်နှုန်းခလုတ် ကဲ့သို့သော ချိန်ညှိမှုများကို ပြောင်းလဲနိုင်သည်။

ဖန်သားပြင်စာရိုက်ခလုတ်ခုံတွင် အက္ခရာစာလုံးကြီးများသာ ပေါ်စေရန် စီစဉ်ခြင်း

ဖန်သားပြင်စာရိုက်ခလုတ်ခုံကို တွေ့မြင်ရန်ခက်ခဲနေလျှင်၊ အက္ခရာစာလုံးကြီးများသာ ပေါ်စေရန် စီစဉ်နိုင်ပါသည်။

Settings  > Accessibility > Keyboards သို့သွားကာ၊ Show Lowercase Keys ကိုပိတ်လိုက်ပါ။

ပိုကြီးမားသည့် ဖန်သားပြင်စာရိုက်ခလုတ်ခုံတွင် စာရိုက်ခြင်း

Mail၊ Safari၊ Messages၊ Notes နှင့် Contacts အပါအဝင် အက်ပ်စ်များတွင် စာရိုက်ရန်အတွက် စာရိုက်ခုံကြီးကြီးသုံးလိုလျှင် iPhone ကို အလျားလိုက်လိုသလို လှည့်လိုက်ပါ။

ဖန်သားပြင်စာရိုက်ခလုတ်ခုံကို ချိန်ညှိရန် အခြားနည်းလမ်းများအကြောင်း ပိုမိုသိရှိရန် လက်တစ်ဘက်ဖြင့် ရိုက်ခြင်း နှင့် စာရိုက်သည့်ရွေးစရာနည်းလမ်းများကို သတ်မှတ်ခြင်း ကို ကြည့်ပါ။

ပြင်ပစာရိုက်ခလုတ်ခုံဖြင့် iPhone အား ထိန်းချုပ်ခြင်း

ထိတွေ့ဖန်သားပြင်ကိုသုံးရာတွင် အခက်ကြုံနေလျှင်၊ Magic Keyboard (သီးခြားခွဲ၍ရောင်းသည်) ပေါ်ရှိ အလွယ်သုံးပုံစံများကို အသုံးပြု၍ သင့် iPhone ကို ထိန်းချုပ်နိုင်ပါသည်။

  1. Settings  > Accessibility > Keyboards သို့သွားပြီး Full Keyboard Access ကို နှိပ်ပြီးနောက် Full Keyboard Access ကို ဖွင့်လိုက်ပါ။

  2. စာရိုက်ခလုတ်ခုံ အလွယ်သုံးပုံစံများ အသုံးပြု၍ သင့် iPhone ကို ထိန်းချုပ်နိုင်ပါသည်။

    လုပ်ဆောင်မှု

    အလွယ်သုံးပုံစံများ

    နောက်တစ်မျိုးသို့သွားပါ

    Tab

    ယခင်တစ်မျိုးသို့ ပြန်သွားပါ

    Shift-Tab

    ရွေးချယ်ထားသည့် အမျိုးအစားကို စတင်ဖွင့်လှစ်ပါ

    နေရာချဲသည့်ဘား

    Home ဖန်သားပြင်သို့သွားခြင်း

    Command-H

    App Switcher ကိုဖွင့်ခြင်း

    Tab-A

    Control Center ကိုဖွင့်ခြင်း

    Tab-C

    Notification Center ဖွင့်ခြင်း

    Tab-N

    အကူအညီ ပြသခြင်း

    Tab-H

  3. စာရိုက်ခလုတ်ခုံ အလွယ်သုံးပုံစံများကို စိတ်တိုင်းကျပြုလုပ်ရန်၊ Commands ကိုနှိပ်ပါ။

  4. ဆုံချက်ပုံသဏ္ဍာန်ကို စိတ်တိုင်းကျ စီစဉ်ရန်၊ အောက်ပါအတိုင်း မည်သည်ကိုမဆို နှိပ်ပါ၊

    • အလိုအလျောက် ဖုံးကွယ်ပေးခြင်း

    • အရွယ်အစား တိုးမြှင့်ခြင်း

    • မြင့်မားသောထင်ရှားပြတ်သားမှု

    • အရောင်

ပြင်ပ စာရိုက်ခလုတ်ခုံရှိ ခလုတ်များ၏ တုံ့ပြန်မှုကို ပြောင်းလဲခြင်း

ပြင်ပစာရိုက်ခလုတ်ခုံ အသုံးပြုရာတွင် အခက်အခဲရှိနေလျှင်၊ ချိန်ညှိမှုများကို ချိန်ညှိနိုင်ပါသည်။

Settings  > Accessibility > Keyboards သို့သွားကာ အောက်ပါတို့မှ တစ်ခုခုကိုလုပ်ဆောင်ပါ၊

  • Key Repeat၊ ကြားကာလနှင့် နှောင့်နှေးချိန် အကြိမ်ကြိမ်ဖြစ်နေသည်ကို ချိန်ညှိနိုင်ပါသည်။

  • Sticky Keys၊ သင်ဖိထားသည့်နောက်ခလုတ်အနေဖြင့် Command နှင့် Option ကဲ့သို့သောအထူးပြုလုပ်ထားသည့်ခလုတ်များကိုဖိ၍နှိပ်ထားရန် Sticky Keys ကိုသုံးပါ။

  • Slow Keys၊ ခလုတ်ကိုဖိထားသည့်အခါနှင့်၎င်းစတင်လုပ်ဆောင်သည့်အခါကြားရှိအချိန်ကိုညှိရန် Slow Keys ကိုသုံးပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.