ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင့် iPhone ကင်မရာဖြင့် Take Night မုဒ်သုံးဓာတ်ပုံများ ရိုက်ကူးခြင်း

ထောက်ပံ့ထားသောအမျိုးအစားများတွင်၊ Camera သည် အလင်းရောင်နည်းသောအနေအထားများတွင် သင့်ရိုက်ချက်များကို ပိုအသေးစိတ်၍ အရောင်တောက်စေရန် Night မုဒ်ကိုသုံးနိုင်သည်။ Night mode စနစ်ရှိ အလင်းအမှောင်ကြာချိန်ကို အလိုအလျောက်သတ်မှတ်ထားခြင်းဖြစ်သော်လည်း ကိုယ်တိုင်ထိန်းချုပ်မှုများဖြင့် စမ်းသပ်လုပ်ဆောင်နိုင်သည်။

အကြံပြုချက် Night မုဒ်ဓာတ်ပုံများပိုမို တိကျစေရန်အတွက် သုံးချောင်းထောက်ကိုအသုံးပြုပါ။

Night မုဒ်ကို အောက်ပါ iPhone အမျိုးအစားများနှင့် ကင်မရာများတွင်အသုံးပြုနိုင်သည်၊

  • iPhone 14 Pro၊ iPhone 14 Pro Max၊ iPhone 13 Pro နှင့် iPhone 13 Pro Max၊ Ultra Wide (0.5x) ကင်မရာ၊ Wide (1x) ကင်မရာ၊ Telephoto (3x)ကင်မရာ နှင့်ရှေ့ကင်မရာ

  • iPhone 14 အမျိုးအစားများ၊ iPhone 13 အမျိုးအစားများ နှင့် iPhone 12 အမျိုးအစားများ၊ Ultra Wide (0.5x) ကင်မရာ၊ Wide (1x) ကင်မရာ နှင့်ရှေ့ကင်မရာ

  • iPhone 11 အမျိုးအစားများ၊ Wide (1x)ကင်မရာ

Photo မုဒ်ထဲရှိ ကင်မရာဖန်သားပြင်။ ဓာတ်မီးနှင့် Night Mode များအတွက် ခလုတ်များသည် ဖန်သားပြင်ထိပ်ဆုံးဘယ်ဘက်တွင် ရှိသည်။ ဖလက်ရှ်မီးပိတ်ထားပြီး ညဘက်ရိုက်ကူးစနစ်ပွင့်နေသည်။ အလယ်ထိပ်တွင် Camera Controls ခလုတ်ရှိပြီး ထိပ်ညာဘက်ထောင့်တွင် Live Photo ခလုတ်ရှိသည်။ ဖန်သားပြင်အောက်ဘက် ဘယ်ညာတစ်လျှောက်တွင် Photo နှင့် Video Viewer ခလုတ်၊ Take Picture ခလုတ်နှင့် Camera Chooser Back-Facing ခလုတ်တို့ရှိသည်။
  1. Camera ကို ဖွင့်ပါ။ အလင်းရောင်အလွန်နည်းသည့်အနေအထားများတွင် Night mode ကို အလိုအလျောက်ဖွင့်ပေးသည်။

  2. Night မုဒ် ပိတ်ရန်နှင့်ဖွင့်ရန် ဖန်သားပြင်ထိပ်ရှိ Night mode ခလုတ် ကိုနှိပ်ပါ။

  3. Night မုဒ်စနစ်ဖြင့်စမ်းသပ်လုပ်ဆောင်ရန် Camera Controls ခလုတ်ကိုနှိပ်ပါ၊ ရွေးချယ်စရာများ၏အောက်ခြေလိုင်းရှိ Night mode ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် ဆလိုက်ဘား ကို အသုံးပြု၍ Auto နှင့် Max အချိန်မှတ်စက်များကြားတွင်ရွေးချယ်ပါ။ Auto ဖြင့် အလင်းအမှောင်ကြာချိန်ကို အလိုအလျောက်သတ်မှတ်ထား၍- Max ဖြင့်အကြာဆုံးအလင်းအမှောင်ကြာချိန်ကိုသုံးသည်။ နောက်တစ်ကြိမ် Night မုဒ်သုံးရိုက်ကူးမှုအတွက် သင်ရွေချယ်ထားသည့် ထိုချိန်ညှိမှုကို သိမ်းဆည်းထားသည်။

  4. Shutter ခလုတ်ကိုနှိပ်ပါ၊ ထို့နောက်ရိုက်ကူးသည်အထိ ကင်မရာကိုကိုင်ထားပါ။

    ဓာတ်ပုံရိုက်ကူးနေစဥ် သင်၏ iPhone က လှုပ်ရှားမှုတစ်စုံတစ်ရာကို ထောက်လှမ်းမိလျှင် ရိုက်ကွက်ဘောင်အတွင်း ကန့်လန့်ဖြတ်မျဉ်းများပေါ်လာပြီး လက်ငြိမ်စေရန်နှင့် ဓာတ်ပုံထွက်လှရန် ကန့်လန့်ဖြတ်မျဥ်းကို တန်းညှိပေးသည်။

    ရိုက်ကူးနေစဥ် ညဘက်ရိုက်ကူးစနစ်ကို ရပ်တန့်စေချင်ပါက ဆလိုက်ဒါအောက်ရှိ Stop ခလုတ်ကို နှိပ်ပါ။

iPhone 12 အမျိုးအစား၊ iPhone 13 အမျိုးအစား နှင့် iPhone 14 အမျိုးအစားအားလုံးဖြင့် Night မုဒ် ဆယ်လ်ဖီဓာတ်ပုံများ နှင့် အမြန်ပြကွက်ဗီဒီယိုများ ရိုက်ကူးနိုင်သည်။ iPhone 12 Pro၊ iPhone 12 Pro Max၊ iPhone 13 Pro၊ iPhone 13 Pro Max၊ iPhone 14 Pro နှင့် iPhone 14 Pro Max တို့တွင် Night မုဒ်ဖြင့် Portrait မုဒ် ဓာတ်ပုံများကိုရိုက်ကူးနိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.