ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Family Sharing နှင့် မိဘထိန်းချုပ်မှုကိုစီမံခြင်း

Family Sharingနှင့် စီစဉ်သူသည် Family Sharing ရှိကလေးများအတွက် မိဘထိန်းချုပ်မှုများကိုစီမံနိုင်သည်။ သင်သည် သင့်ကလေးများ ၎င်းတို့၏ Apple စက်ပစ္စည်းများသုံးပုံကိုစီမံရန် Screen Time ကိုသုံးနိုင်သည်။ Ask to Buy ကိုလည်းဖွင့်နိုင်သည်၊ သို့မှသာ ကလေးများသည် ဝယ်ယူမှုများ သို့မဟုတ် အခမဲ့ဒေါင်းလုတ်လုပ်ခြင်းများအတွက် အတည်ပြုချက်ရရှိမည်ဖြစ်သည်။

Family Sharing မိသားစုဝင်ပုံစံများအကြောင်း လေ့လာခြင်း

စီမံနေစ်အတွင်း မိဘထိန်းချုပ်မှုများကို စိတ်ကြိုက်ပြင်ဆင်ခြင်း

သင့်မိသားစုမျှဝေခြင်းအုပ်စုသို့ ကလေးတစ်ဦးကို ထည့်သည့်အခါ သို့မဟုတ် ကလေးအတွက် စက်ပစ္စည်းတစ်ခုကို စီမံပေးသည့်အခါ မိဘထိန်းချုပ်မှုများကို အစမှ စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုချိန်ညှိမှုများကို အချိန်မရွေး ပြောင်းလဲနိုင်သည်။

အောက်ပါတို့မှ နှစ်သက်ရာကို ထည့်သွင်းရန် စီမံနေစဥ်အတွင်း ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ၊

  • အက်ပ်များ၊ စာအုပ်များ၊ တီဗီရှိုးများနှင့် ရုပ်ရှင်များရှိ အကြောင်းအရာများအတွက် အသက်အရွယ်ကန့်သတ်ချက်များ

  • သီးခြားအက်ပ်များအတွက် အနားယူချိန်နှင့် ကန့်သတ်ချက်များ

  • သင့်ကလေးဆက်သွယ်နိုင်မည့်သူအတွက် ကန့်သတ်ချက်များ

  • ဝယ်ယူမှုများ သို့မဟုတ် ဒေါင်းလုတ်ရယူခြင်းများအတွက် အတည်ပြုချက်များ

Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် သင့်ကလေး၏ iPhone၊ iPadနှင့် iPod touch တွင် မိဘထိန်းချုပ်မှုများကိုအသုံးပြုခြင်းကိုကြည့်ပါ။

နောက်ပိုင်းတွင် ကလေးတစ်ယောက်အတွက် Screen Time ကိုစီမံခြင်း

Screen Time သည် သင့်အား အနားယူချိန်၊ အက်ပ်အသုံးပြုမှု၊ အဆက်အသွယ်များ၊ အကြောင်းအရာ အဆင့်သတ်မှတ်ချက်များ အစရှိသည်တို့အတွက် ချိန်ညှိမှုများကို စီမံခန့်ခွဲရန် ခွင့်ပြုသည်။ Screen Time ကိုအသုံးပြုရန် သင့်ကလေးက ကိုက်ညီမှုရှိသည့်စက်ပစ္စည်းကို အသုံးပြုရမည်။ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် iCloud အတွက် စနစ်လိုအပ်ချက်များ အတွင်းရှိ Screen Time အပိုင်းကိုကြည့်ပါ။

  1. Settings  > [your name] > Family Sharing > Screen Time သို့သွားပါ

  2. Screen Time အတွက် သင်ထည့်သွင်းလိုသော ကလေးကို နှိပ်ပါ။

  3. Screen Timeကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ်ရှိလုပ်ဆောင်ချက်များအတိုင်း လုပ်ဆောင်ပါ။

    Screen Time ချိန်ညှိမှုများနှင့်ပတ်သက်သည့်အချက်အလက်များအတွက် iPhone တွင် မိသားစုဝင်တစ်ဦးအတွက် Screen Time စီမံလုပ်ဆောင်ခြင်း ကိုကြည့်ပါ။

    မတူညီသောအကြောင်းအရာနှင့် ကိုယ်ရေးကိုယ်တာကန့်သတ်ချက်များအကြောင်း ပိုမိုလေ့လာရန် Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် သင့်ကလေး၏ iPhone၊ iPad နှင့် iPod touch တွင် မိဘထိန်းချုပ်မှုများကိုအသုံးပြုခြင်းကိုကြည့်ပါ။

သင့်ကလေးသည် ဖန်သားပြင်အချိန်ပိုတောင်းပါက Settings  > Screen Time တွင် သို့မဟုတ် Messages တွင် အတည်ပြုနိုင်သည် သို့မဟုတ် ငြင်းပယ်နိုင်သည်။

နောက်ပိုင်းတွင် ကလေးတစ်ဦးအတွက် Ask to Buy ကိုဖွင့်ခြင်း

Ask to Buy ကိုထည့်သွင်းသည့်အခါ ကလေးတစ်ဦး၏ ဝယ်ယူမှုများကို ထိုမိသားစုဝင်မှ စီစဉ်သူ သို့မဟုတ် မိသားစုအုပ်စုအတွင်း အုပ်ထိန်းသူတစ်ဦးမှ အတည်ပြုရမည်။

  1. Settings  > [your name] > Family Sharing သို့သွားပါ။

  2. Ask to Buy အတွက် သင်ထည့်သွင်းလိုသော ကလေးကို နှိပ်ပါ။

  3. Ask To Buy ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

Apple အထောက်အကူပြုဆောင်းပါဖြစ်သည့် Ask to Buy ဖြင့်ကလေးများဝယ်ရမည့်အရာကိုအတည်ပြုခြင်းကိုကြည့်ပါ။

မှတ်စု ဒေသကြောင့်ပြောင်းလဲသည့် Ask to Buy အတွက် အသက်ကန့်သတ်ချက်များ။ အမေရိကန်ပြည်ထောင်စုတွင် မိသားစုစီစဉ်သူသည် အသက်18 နှစ်အောက် မည်သည့်မိသားစုဝင်မဆို- အသက် 13 နှစ်အောက်ကလေးများအတွက် Ask to Buy ကိုဖွင့်နိုင်၍ ၎င်းကို ပုံသေထားထားသည်။

ကလေးတစ်ယောက်အတွက် Apple Cash Family အကောင့်တစ်ခုကိုလည်းစီမံနိုင်သည်။ iPhone (အမေရိကန်ပြည်ထောင်စုတွင်သာ) တွင် Apple Cash နှင့် Apple Card သုံးခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.