ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Apple ဖြင့်အကောင့်ဝင်ခြင်း

Apple ဖြင့်အကောင့်ဝင်ခြင်းနှင့်ဆိုလျှင် သင်၏ Apple ID ဖြင့် အတူပါဝင်သည့် ဝက်ဘ်ဆိုက်များနှင့် အက်ပ်များသို့ ဝင်ရောက်နိုင်သည်။ လျှို့ဝှက်နံပါတ်အသစ်များကို သင်ဖန်တီးရန် နှင့် မှတ်သားထားရန်မလိုပါ၊ သင့်အကောင့်ကို နှစ်ဆင့်အတည်ပြုခြင်း ဖြင့် ကာကွယ်ပေးထားသည်။

Apple ဖြင့်အကောင့်ဝင်ရောက်မှုကို သင်၏သီးသန့်တည်ရှိမှုကိုအဓိကထားရန် စီစဉ်ထားခြင်းဖြစ်သည်။ ဝက်ဘ်ဆိုက်များနှင့် အက်ပ်များသည် သင်၏အကောင့်ကိုအစပျိုးလုပ်ဆောင်ရန် သင်၏အမည်နှင့် အီးလ်မေးလ်လိပ်စာကိုသာမေးနိုင်ပြီး၊ ယင်းတို့ကိုအသုံးပြုခြင်းကြောင့် Apple သည်သင့်ကို ခြေရာကောက်နိုင်မည်မဟုတ်ပါ။

Apple ဖြင့်အကောင့်ဝင်ခြင်းသည် သင့် Apple ID အတွက် အထောက်အထားနှစ်ရပ် အတည်ပြုချက်လိုအပ်သည်။ ၄င်းသည် သင်၏ Apple ID၊ သင်၏အက်ပ်အကောင့်များ၊ နှင့် သင်၏အက်ပ်အကြောင်းအရာကိုကာကွယ်ပေးသည်။

အကောင့်ကို Sign in with Apple သို့ သတ်မှတ်ပါ သို့မဟုတ် အဆင့်မြှင့်ပါ။

ပါဝင်နေသည့် ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်သည် အကောင့်ကို အဆင့်မြှင့်ရန် သင့်ကိုတောင်းဆိုသောအခါ အောက်ပါအတိုင်းလုပ်ဆောင်ပါ၊

  1. Sign in with Apple ကိုနှိပ်ပါ။

  2. ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ၊

အက်ပ်တချို့ (ဝက်ဘ်ဆိုက်များ)သည် သင်၏အမည်နှင့် အီးမေးလ်လိပ်စာများကို မတောင်းဆိုပါ။ အဆိုပါဖြစ်ရပ်တွင်၊ Face ID သို့မဟုတ် Touch ID (သင်၏အမျိုးအစားပေါ် မူတည်သည်) နှင့် အလွယ်တကူ အထောက်အထားပြနိုင်သည်၊ ထို့နောက် ၎င်းအက်ပ်ကို စတင်အသုံးပြုပါ။

အခြားအက်ပ်စ်များသည် ကိုယ်ပိုင်ပြုလုပ်ထားသည့် အကောင့်တစ်ခုဖွင့်ရန် သင်၏အမည်နှင့် အီးမေးလ်လိပ်စာကို တောင်းနိုင်သည်။ အက်ပ်တစ်ခုသည် ထိုအချက်အလက်ကိုတောင်းဆိုသည့်အခါ၊ Sign in with Apple သည် သင်သုံးသပ်ရန်အတွက် သင့် Apple ID အကောင့်မှ သင်၏အမည်နှင့် ကိုယ်ပိုင်အီးမေးလ်လိပ်စာကိုပြပေးသည်။

သင်၏အမည်ကိုပြင်ဆင်ရန်၊ ၎င်းကိုနှိပ်ပါ၊ ထို့နောက် ပြောင်းလဲမှုများပြုလုပ်ရန် စာရိုက်ခလုတ်ခုံကိုသုံးပါ။

အီးမေးလ်လိပ်စာတစ်ခုသတ်မှတ်ရန်၊ အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

  • သင်၏ကိုယ်ရေးအီးမေးလ်လိပ်စာကိုသုံးခြင်း၊ Share My Email ကိုနှိပ်ပါ။

    သင်၏ Apple ID နှင့် ဆက်စပ်သည့်အီးမေးလ်လိပ်စာမျိုးစုံရှိပါက၊ သင်အလိုရှိသည့်လိပ်စာကို ရွေးချယ်ပါ။

  • သင်၏အီးမေးလ်လိပ်စာကိုဝှက်ခြင်း၊ Hide My Email ကိုနှိပ်ပါ။

    ထိုနည်းလမ်းသည် သင်၏ကိုယ်ပိုင်အီးမေးလ်လိပ်စာကို မျှဝေစရာမလိုဘဲ ၎င်းအက်ပ်မှ အီးမေးလ်များကို သင်လက်ခံရရှိအောင် ပြုလုပ်ပေးသည်။ အဆိုပါနည်းလမ်းကို ရွေးချယ်သည့်အခါ၊ Apple သည် ၎င်းအက်ပ်မှ သင့်ကိုယ်ပိုင်အီးမေးလ်လိပ်စာအတွက် သီးခြားကြုံရာ အီးမေးလ်လိပ်စာတစ်ခုကို ဖန်တီးပေးပြီး အဆိုပါအက်ပ်ဖြင့် ထိုလိပ်စာသို့ ပေးပို့သည့် မည်သည့်အီးမေးလ်ကိုမဆို သင့်ကိုယ်ပိုင်အီးမေးလ်လိပ်စာသို့ ထပ်ဆင့်ပေးပို့မည်ဖြစ်သည်။

သင်၏သတင်းအချက်အလက်ကို သုံးသပ်ပြီး အီးမေးလ်ရွေးစရာတစ်ခုကို ရွေးပြီးသည့်နောက်၊ Continue ကိုနှိပ်ပါ၊ Face ID သို့မဟုတ် Touch ID (သင်၏အမျိုးအစားပေါ်မူတည်သည်) နှင့် အထောက်အထားပြပါ၊ ထို့နောက် ထိုအက်ပ်ကို စတင်အသုံးပြုပါ။

သင်၏အကောင့်သို့ ဝင်ရောက်ခြင်း

Apple ဖြင့်အကောင့်ဝင်ခြင်းကိုသုံးကာ ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တစ်ခုနှင့်အတူ အကောင့်တစ်ခုကို စီမံပြီးသည့်နောက် သင်၏ iPhone တွင် ၎င်းကို ထပ်မံဝင်ရောက်ရန်မလိုအပ်ပါ။ သို့သော် ဝင်ရောက်ရန် သင့်အားမေးမြန်းလာပါက (ဥပမာ၊ အကောင့်မှထွက်ပြီးနောက်) ၊ အောက်ပါအတိုင်း လုပ်ဆောင်ပါ၊

  1. Sign in with Apple ကိုနှိပ်ပါ။

  2. ပေါ်လာသည့် Apple ID ကိုသုံးသပ်ပါ၊ ထို့နောက် Continue ကိုနှိပ်ပါ။

  3. Face ID သို့မဟုတ် Touch ID နှင့်အထောက်အထားပြပါ (သင်၏အမျိုးအစားပေါ် မူတည်သည်)။

အီးမေးထပ်ဆင့်ပေးပို့ရာတွင် သုံးလေ့ရှိသည့် လိပ်စာကိုပြောင်းပါ

အကောင့်တစ်ခုကိုဖန်တီးသည့်အခါ သင်၏အီးမေးလ်လိပ်စာကိုဝှက်ရန်ရွေးချယ်ထားပြီး Apple ID နှင့်ဆက်စပ်သည့် လိပ်စာတစ်ခုထက်ပိုရှိပါက၊ သင်၏ပေးပို့သည့်အီးမေးလ်ကို လက်ခံရရှိသည့်လိပ်စာကို ပြောင်းလဲနိုင်သည်။

  1. Settings > [your name] > Name, Phone Numbers, Email > Forward To သို့သွားပါ။

  2. မတူညီသည့် အီးမေးလ်လိပ်စာကို ရွေးချယ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

ဝက်ဘ်ဆိုက်များနှင့် အက်ပ်များအတွက် Apple ဖြင့်အကောင့်ဝင်ခြင်းချိန်ညှိချက်များကို ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း

  1. Settings > [your name] > Password & Security သို့သွားပါ။

  2. Apps Using Your Apple ID ကိုနှိပ်ပါ။

    Apple ဖြင့်အကောင့်ဝင်ခြင်းကို အသုံးပြုသည့် အက်ပ်များအားလုံး စာရင်းတစ်ခုတွင် ပေါ်လာသည်။

  3. အက်ပ်တစ်ခုအတွက် ချိန်ညှိချက်များကိုပြောင်းလဲရန် အက်ပ်တစ်ခုကိုရွေးချယ်ပါ၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာကို လုပ်ဆောင်ပါ၊

    • ထပ်ဆင့်ပေးပို့သည့် အီးမေးလ်ကို ပိတ်ခြင်း၊ Forward To ကိုပိတ်ပါ။ ထိုအက်ပ်မှ နောက်ထပ်မည်သည့်အီးမေးလ်မှ ရရှိတော့မည်မဟုတ်ပါ။

    • Sign in with Apple အသုံးပြုမှုကို ရပ်ခြင်း၊ Stop Using Apple ID ကိုနှိပ်ပါ။ ၎င်းအက်ပ်သို့ နောက်တစ်ကြိမ်သင်ဝင်ရောက်သည့်အခါ အကောင့်အသစ် တစ်ခုဖွင့်ရန် သင့်ကို တောင်းဆိုကောင်းတောင်းဆိုနိုင်သည်။

Sign in with Apple သည် တူညီသည့် Apple ID ဖြင့် သင်ဝင်ရောက်ထားသည့် အခြားစက်ပစ္စည်းများဖြစ်သည့် iPad၊ Apple Watch၊ Mac၊ Apple TV၊ နှင့် iPod touch စသည်တို့တွင်လည်းလုပ်ဆောင်နိုင်သည်။

အန်းဒရွိုက်အက်ပ်၊ Windows အက်ပ်၊ သို့မဟုတ် မည်သည့်ဝက်ဘ်ရှာဖွေမှုအက်ပ်မှမဆိုဝင်ရောက်ရန်၊ Sign in with Apple ကိုနှိပ်ပါ၊ ထို့နောက် သင်၏ Apple ID နှင့်လျှို့ဝှက်ကုဒ်ကိုဖြည့်ပါ။

အချက်အလက်ပိုမိုသိရှိရန် Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Apple ဖြင့်အကောင့်ဝင်ရောက်ခြင်းဆိုတာဘာလဲ ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.