ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် အယ်လ်ဘမ်များကို ပြုပြင်ခြင်းနှင့် စုစည်းထားရှိခြင်း

Photos အက်ပ် တွင် အယ်လ်ဘမ်များကို အမည်ပြင်ဆင်ခြင်း၊ ပြန်လည်စဉ်ထားခြင်းနှင့် ဖျက်ခြင်းတို့ လုပ်ဆောင်နိုင်သည်။ တစ်ခုထက်ပိုသော အယ်လ်ဘမ်များကိုစုထည့်ရန် ဖိုင်တွဲများကိုလည်း ဖန်တီးနိုင်သည်။ ဥပမာ “Vacations” ဟု အမည်ရသော ဖိုင်တွဲတစ်ခုကိုဖန်တီးနိုင်ပြီး သင်၏အားလပ်ရက်ခရီးစဥ်အားလုံးစုထားသည့် ထိုဖိုင်တွဲထဲတွင် တစ်ခုထက်ပိုသော အယ်လ်ဘမ်များကို ထပ်မံဖန်တီးနိုင်သည်။ ဖိုင်တွဲများထဲတွင် ဖိုင်တွဲများကိုလည်း ဖန်တီးနိုင်သည်။

အယ်လ်ဘမ်များကို အမည်ပြန်ပေးခြင်း၊ ပြန်စဉ်ခြင်းနှင့် ဖျက်သိမ်းခြင်း

  1. Albums ကိုနှိပ်ကာ See All ကိုနှိပ်ပါ။

  2. Edit ကိုနှိပ်၍ အောက်ပါတို့မှတစ်ခုခုကိုနှိပ်ပါ၊

    • အမည်ပြန်ပေးခြင်း၊ အယ်လ်ဘမ်အမည်ကိုနှိပ်ကာ အမည်သစ်ကိုရိုက်ထည့်ပါ။

    • ပြန်စဉ်ခြင်း၊ အယ်လ်ဘမ်အကျဉ်းကို ထိ၍ထိန်းထားကာ နေရာအသစ်ကိုဆွဲထည့်ပါ။

    • ဖျက်သိမ်းရန်၊ Deleteခလုတ် ကိုနှိပ်ပါ။

  3. Done ကိုနှိပ်ပါ။

Recents၊ People နှင့် Places တို့ကဲ့သို့သော သင့်အတွက် Photos က ဖန်တီးပေးသော အယ်လ်ဘမ်များသည် ဖျက်သိမ်း၍မရပါ။

အယ်လ်ဘမ်များကို ဖိုင်တွဲများဖြင့် စနစ်တကျထားရှိခြင်း

  1. Albums ကိုနှိပ်ပြီးနောက် Add ခလုတ်ကိုနှိပ်ပါ။

  2. New Folder ကိုရွေးချယ်ပါ။

  3. ဖိုင်တွဲကို အမည်ပေး၍ Save ကိုနှိပ်ပါ။

  4. ဖိုင်တွဲကိုဖွင့်ကာ Edit ကိုနှိပ်ပြီး ဖိုင်တွဲထဲတွင် အယ်လ်ဘမ်သစ်တစ်ခု သို့မဟုတ် ဖိုင်တွဲသစ်တစ်ခုကို ဖန်တီးရန် Add ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.