ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iOS အား ခွင့်ပြုချက်မရှိဘဲ ပြုပြင်မွမ်းမံခြင်း

iOS သည် သင်၏ စက်ပစ္စည်းကို သင်ဖွင့်လိုက်ချိန်မှစ၍ စိတ်ချယုံကြည်ရနိုင်စေရန် စီမံထုတ်လုပ်ထားပါသည်။ စက်ပစ္စည်းတွင်ပါရှိသည့် လုံခြုံရေးဆိုင်ရာလုပ်ဆောင် ချက်များသည် အန္တရာယ်ရှိသော ဆော့ဖ်ဝဲလ်များနှင့် ဗိုင်းရပ်စ်များရန်မှ ကာကွယ်ပေးပြီး အသုံးပြုသူ၏ကိုယ်ရေး ကိုယ်တာ သတင်းအချက်အလက်များနှင့် ပူးပေါင်းဆောင်ရွက်သူများ၏ အချက်အလက်များထံ ဝင်ရောက်မှုကို လုံခြုံစေပါသည်။ iOS ကို ခွင့်ပြုချက်မရှိဘဲ ပြုပြင်မွမ်းမံခြင်း (ခေါ် “jailbreak ပြုလုပ်ခြင်း”) သည် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ရှောင်ကွင်းသွားစေပြီး ဖောက်ထွင်းခံထားရသော iPhone တွင် လုံခြုံရေးဆိုင်ရာ အားနည်းချက်များ၊ မတည်ငြိမ်မှုများနှင့် ဘက်ထရီသက်တမ်းလျော့နည်းမှုကဲ့သို့ ပြဿနာများစွာ ဖြစ်စေနိုင်ပါသည်။

  • လုံခြုံရေးဆိုင်ရာ အားနည်းချက်များ။ သင်၏ ကိရိယာကို jailbreak ပြုလုပ်ခြင်းသည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် သင်၏ iOS ကိရိယာကို ကာကွယ်ပေးရန် စီမံထုတ်လုပ်ထားသော လုံခြုံရေးအလွှာများကို ဖယ်ရှားလိုက်သည်။ သင်၏ iOS ကိရိယာမှ ဤလုံခြုံရေးများကို ဖယ်ရှားလိုက်ခြင်းဖြင့် ဖောက်ထွင်းသူများသည် သင်၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ခိုးယူခြင်း၊ သင်၏ ကိရိယာကို ထိခိုက်အောင် ပြုလုပ်ခြင်း၊ သင်၏ ကွန်ရက်ကို တိုက်ခိုက်ခြင်း သို့မဟုတ် အန္တရာယ်ရှိသော ဆော့ဖ်ဝဲလ်များ၊ ထောက်လှမ်းရေး ဆော့ဖ်ဝဲလ်များ သို့မဟုတ် ဗိုင်းရပ်စ်များ ထည့်သွင်းခြင်းတို့ကို ပြုလုပ်လာနိုင်သည်။

  • မတည်ငြိမ်မှု။ ခွင့်ပြုချက်မရှိဘဲ ပြုပြင်မွမ်းမံခြင်းကြောင့် မမျှော်လင့်ထားသော ကိရိယာပျက်မှုများ မကြာခဏ ဖြစ်ပွားခြင်း၊ စက်တွင်ပါရှိသည့် အက်ပ်များနှင့် ကြားခံအက်ပ်များပျက်ခြင်းနှင့် ရပ်တန့်သွားခြင်းနှင့် အချက်အလက်များဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ပါသည်။

  • ဘက်ထရီသက်တမ်းလျော့နည်းခြင်း။ ဖောက်ထွင်းခံထားရသော ဆော့ဖ်ဝဲလ်သည် ဘက်ထရီအားသုံးစွဲမှုကို အရှိန်မြှင့်စေနိုင်သောကြောင့် iPhone အား တစ်ခါအားသွင်းပြီးချိန်တွင် လုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေနိုင်ပါသည်။

  • အသံနှင့် အချက်အလက်များ စိတ်မချရခြင်း။ ခွင့်ပြုချက်မရှိဘဲ ပြုပြင်မွမ်းမံခြင်းကြောင့် ဖုန်းခေါ်ဆိုမှုကျခြင်း၊ အင်တာနက်ချိတ်ဆက်မှုများ နှေးခြင်း သို့မဟုတ် စိတ်မချရခြင်း နှင့် တည်နေရာအချက်အလက်များ နှောင့်နှေးခြင်း သို့မဟုတ် မတိကျခြင်းတို့ ဖြစ်စေနိုင်ပါသည်။

  • ဝန်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေခြင်း။ iCloud၊ iMessage၊ FaceTime၊ Apple Pay၊ Visual Voicemail၊ Weather နှင့် Stocks ကဲ့သို့ ဝန်ဆောင်မှုများ အနှောင့်အယှက်ဖြစ်ခြင်း သို့မဟုတ် ကိရိယာပေါ်တွင် သုံး၍မရခြင်းများ ဖြစ်စေနိုင်ပါသည်။ ထပ်ဆောင်းအနေဖြင့် Apple Push Notification Service ကို အသုံးပြုသော ကြားခံအက်ပ်များတွင် အသိပေးချက်များရရှိရာတွင် ခက်ခဲခြင်း သို့မဟုတ် အခြားကိရိယာအတွက် ရည်ရွယ်ထားသော အသိပေးချက်များ ရရှိခြင်းများ ဖြစ်စေနိုင်ပါသည်။ iCloud နှင့် Exchange ကဲ့သို့သော အသိပေးချက်ပို့ခြင်းအခြေပြု ဝန်ဆောင်မှုများတွင်လည်း ၎င်းတို့၏ သက်ဆိုင်ရာဆာဗာများနှင့် အချက်အလက်များ ချိန်ကိုက်ရာတွင် ပြဿနာများ ကြုံတွေ့နိုင်သည်။

  • နောက်ပိုင်းတွင် ဆော့ဖ်ဝဲလ်အဆင့်မြှင့်ခြင်းများ မပြုလုပ်နိုင်တော့ခြင်း။ ခွင့်ပြုချက်မရှိဘဲ ပြုပြင်မွမ်းမံခြင်းအချို့ကြောင့် iOS တွင် ပြင်၍မရသော ထိခိုက်မှုများ ဖြစ်စေနိုင်ပါသည်။ ဤသို့ လုပ်ဆောင်မှုကြောင့် ဖောက်ထွင်းခံထားရသော iPhone သည် နောက်ပိုင်းတွင် Apple မှ ပံ့ပိုးပေးသော iOS အဆင့်မြှင့်မှုများ ထည့်သွင်းပြီးပါက အပြီးအပိုင် အသုံးပြုလုပ်ဆောင်၍မရခြင်းများ ဖြစ်စေနိုင်ပါသည်။

iOS ကို ပြုပြင်မွမ်းမံသော မည်သည့်ဆော့ဖ်ဝဲလ်ကိုမဆို ထည့်သွင်းခြင်းမပြုရန် Apple မှ ပြင်းထန်စွာ အသိပေးတားမြစ်ပါသည်။ ထို့အပြင် iOS အား ခွင့်ပြုချက်မရှိဘဲ ပြုပြင်မွမ်းမံခြင်းသည် iOS နှင့် iPadOS တို့၏ Software License Agreement ကို ချိုးဖောက်ခြင်းလည်း ဖြစ်သည်ကို သတိပြုရန် အရေးကြီးပြီး ဤအချက်ကြောင့် Apple သည် ခွင့်မပြုသော ဆော့ဖ်ဝဲလ်များ သွင်းထားသည့် iPhone အတွက် ဝန်ဆောင်မှု ပေးဆောင်မည် မဟုတ်ပါ။

Apple မှ ထုတ်လုပ်ထားခြင်းမဟုတ်သော ထုတ်ကုန်များ သို့မဟုတ် Apple မှ ထိန်းချုပ်ထားခြင်း သို့မဟုတ် စမ်းသပ်ထားခြင်းမရှိသော သီးခြားဝက်ဘ်ဆိုက်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အကြံပြုချက် သို့မဟုတ် ထောက်ခံချက် ပေးထားခြင်းမရှိပါ။ ကြားခံဝက်ဘ်ဆိုက်များ သို့မဟုတ် ထုတ်ကုန်များအား ရွေးချယ်ခြင်း၊ စွမ်းဆောင်ချက်နှင့် အသုံးပြုခြင်းတို့အတွက် Apple တွင် တာဝန်မရှိပါ။ ကြားခံဝက်ဘ်ဆိုက်၏ တိကျမှု သို့မဟုတ် ယုံကြည်စိတ်ချမှုနှင့်ပတ်သက်၍ Apple မှ ကိုယ်စားပြုဖော်ပြထားခြင်း မရှိပါ။ ထပ်တိုးအချက်အလက်များအတွက် ရောင်းချသူထံ ဆက်သွယ်ပါ။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.