ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iCloud ဖြင့် သင်၏ဖိုင်များကို iPhone နှင့် ကွန်ပျူတာတွင် အလိုအလျောက် အချိန်နှင့်တစ်ပြေးညီဖြစ်နေစေရန် ပြုလုပ်ခြင်း

iCloud ဖြင့် သင်၏ ဖိုင်များ၊ ဓါတ်ပုံများ၊ ဗီဒီယိုများနှင့် အခြားအရာများကို သင်၏ စက်ပစ္စည်းများအားလုံးတွင်ဝင်ရောက်ကြည့်ရှုနိုင်ရန် cloud တွင် သိမ်းထားနိုင်ပါသည်။ သင်၏ iPhone နှင့် Mac (OS X 10.10 သို့မဟုတ် နောက်ပိုင်းထွက်အမျိုးအစားများ) သို့မဟုတ် Windows PC (Windows 7 သို့မဟုတ် နောက်ပိုင်းထွက်အမျိုးအစားများ) တွင်တူညီသော အချက်အလက်ကို တွေ့နိုင်မည်ဖြစ်သည်။ သင်၏ iPhone နှင့် ကွန်ပျူတာနှစ်လုံးလုံးတွင် Apple ID တစ်ခုတည်း ဖြင့် အကောင့်ဝင်ထားရမည်။

မှတ်စု iCloud သည် သင့်အား အီးမေးလ်အကောင့်တစ်ခုနှင့် သင့်အချက်အလက်အတွက် အခမဲ့သိုလှောင်မှု 5 GB ပေးပါသည်။ သိုလှောင်မှုများထပ်တိုးရရှိရန်နှင့် ထပ်တိုးအင်္ဂါရပ်များရရှိရန် iCloud+ ကိုစာရင်းပေးသွင်းနိုင်ပါသည်။

သင့် iPhone တွင် iCloud စတင်စီမံခြင်း

  1. သင်၏ iPhone တွင် Settings  > [your name] သို့သွားပါ။

    [your name] ကို မတွေ့ပါက "Sign in to your [device]" ကိုနှိပ်ပြီး သင်၏ Apple ID နှင့် စကားဝှက် ကိုထည့်ပါ။

  2. iCloud ကိုနှိပ်ပါ၊ ထို့နောက် အမျိုးအစားများ၏ အချက်အလက်များကို cloud ထဲတွင်သိမ်းရန် ၎င်းတို့ကို ဖွင့်ပါ။

    iCloud ချိန်ညှိမှုများ ဖန်သားပြင်သည် iCloud သိမ်းဆည်းမှုမီတာနှင့် iCloud နှင့် အသုံးပြုနိုင်သည့် Mail၊ Contacts၊ Messages အပါအဝင် အက်ပ်စ်များနှင့်အစီအစဉ်များစာရင်းကို ဖော်ပြထားသည်။

    ဥပမာအားဖြင့်၊ iCloud Drive အတွင်းရှိ သင်၏ ဖိုင်များကို သင်၏ ကွန်ပျူတာတွင် ရရှိနိုင်ရန် iCloud Drive ကိုဖွင့်ပါ။

သင့် Mac တွင် iCloud စတင်စီမံခြင်း

  1. macOS အသုံးပြုသူလမ်းညွှန်ရှိ Mac တွင် iCloud လုပ်ဆောင်ချက်များကို စီမံခြင်း ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

  2. iPhone အတွက် သင် ဖွင့်ခဲ့သော တူညီသည့်အမျိုးအစားကို ဖွင့်ပါ။

Windows PC တွင် iCloud စတင်စီမံခြင်း

  1. Windows အသုံးပြုသူလမ်းညွှန်အတွက် iCloud ရှိ iCloud ကိုစီမံခြင်း ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

  2. iPhone အတွက် သင် ဖွင့်ခဲ့သော တူညီသည့်အမျိုးအစားကို ဖွင့်ပါ၊ ထို့နောက် Apply ကိုနှိပ်ပါ။

iCloud ရှိ သင်၏အချက်အလက်များကို Apple အထောက်အကူပြုဆောင်းပါး iCloud အတွက် စနစ်လိုအပ်ချက်များ ထဲရှိ အကြံပြုထားသော ဝက်ဘ်ရှာဖွေမှုအက်ပ်တစ်ခုကို အသုံးပြုပြီး သင်၏ Apple IDဖြင့် iCloud.com သို့ အကောင့်ဝင်ခြင်းဖြင့် မည်သည့်နေရာတွင်မဆို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မှတ်စု အချို့ iCloud လုပ်ဆောင်ချက်များတွင် အနိမ့်ဆုံးစနစ်လိုအပ်ချက်များရှိသည်။ iCloud သည် နေရာများအားလုံးတွင် မရရှိနိုင်ပါ၊ ထို့အပြင် iCloud လုပ်ဆောင်ချက်များသည် နေရာကိုလိုက်၍ ကွဲပြားမည်ဖြစ်သည်။ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် System requirements for iCloud ကိုကြည့်ပါ။ လုပ်ဆောင်ချက်များနှင့်သက်ဆိုင်သော သတင်းအချက်အလက်အတွက် apple.com/icloud/သို့သွားပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.