ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် လျင်မြန်သည့်လုပ်ဆောင်ချက်များကိုပြုလုပ်ခြင်း

Home ဖန်သားပြင်တွင် App Library၊ Control Center နှင့် အက်ပ်များတွင် အမြန်လုပ်ဆောင်ချက်စာရင်းများ၊ ကြိုတင်ကြည့်ရှုမှုများ အစရှိသည်တို့ကို သုံးနိုင်သည်။

Home ဖန်သားပြင်နှင့် App Library မှ အလျင်အမြန်သုံးလုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်း

Home ဖန်သားပြင်နှင့် App Library တို့တွင် အမြန်လုပ်ဆောင်ချက်စာရင်းများကို ဖွင့်ရန် အက်ပ်များကို ထိ၍ထိန်းထားပါ။

Camera အက်ပ်အောက်တွင် လွယ်လင့်တကူသုံးနိုင်သည့် ကင်မရာလုပ်ဆောင်မှုများကိုပြသလျှင် Home ဖန်သားပြင်သည်မှုန်နေမည်။

ဥပမာ၊

  • Camera ကို ထိပြီးထိန်း၍ Take Selfie ကိုရွေးချယ်ပါ။

  • Mapsကို ထိပြီးထိန်း၍ Send My Location ကိုရွေးချယ်ပါ။

  • Notesကို ထိပြီးထိန်း၍ New Note ကို ရွေးချယ်ပါ။

မှတ်စု အမြန်လုပ်ဆောင်ချက်တစ်ခုကိုမရွေးချယ်မီ အက်ပ်တစ်ခုကို ကြာကြာဖိထားမိပါက အက်ပ်စ်များသည်ဟိုရွေ့သည်ရွေ့စတင်ဖြစ်လာမည်။ Done ကိုနှိပ်ပါ (Face ID ပါသည့် iPhone တစ်လုံးတွင်) သို့မဟုတ် Home ခလုတ်ကိုနှိပ်ပါ (အခြား iPhone အမျိုးအစားများ) ၊ ထို့နောက် ထပ်မံလုပ်ဆောင်ပါ။

နမူနာများနှင့် အခြားအမြန်လုပ်ဆောင်ချက်စာရင်းများကို ကြည့်ရှုခြင်း

  • Photos အတွင်း နမူနာကြည့်ရှုရန်နှင့် ရွေးချယ်စရာစာရင်းကို ကြည့်ရန် ပုံတစ်ပုံကို ထိပြီးထိန်းထားပါ။

  • Mail တွင် မက်ဆေ့ပါအကြောင်းအရာများကို နမူနာကြည့်ရန်နှင့် ရွေးချယ်စရာစာရင်းကိုကြည့်ရန် စာတိုက်ပုံးအတွင်းရှိ မက်ဆေ့တစ်ခုကို ထိပြီးထိန်းထားပါ။

  • Control Center ကိုဖွင့်ပါ ပြီးလျှင် Camera ကဲ့သို့သောအရာတစ်ခု သို့မဟုတ် ရွေးချယ်စရာများကိုမြင်တွေ့ရန် အလင်းအမှောင်ထိန်းချုပ်မှုကို ထိပြီးထိန်းထားပါ။

  • သော့ပိတ်ထားသည့်ဖန်သားပြင်တွင် အသိပေးချက်တစ်ခုအားဖွင့်ရန် ၎င်းကို ထိပြီးထိန်းထားပါ။

  • စာရိုက်သည့်အခါ သင့်စာရိုက်ခလုတ်ခုံကို ထိတွေ့မျက်နှာပြင်အဖြစ်ပြောင်းလဲရန် Space ဘားကို လက်တစ်ချောင်းဖြင့် ထိနှိပ်ထားပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.