ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် မြေပုံများကိုကြည့်ခြင်း

Maps အက်ပ် တွင် မြေပုံတစ်ခုပေါ်၌ သင်၏တည်နေရာကို ရှာ၍ အသေးစိတ်မြင်ရရန် လိုသလို ပုံချုံ့ချဲ့လုပ်နိုင်သည်။

အထောက်အကူပြုထားသော အမျိုးအစားများတွင် ရွေးချယ်ထားသည့်မြို့များတွင်တိုးတက်ပြောင်းလဲမှု၊ လမ်းများ၊ သစ်ပင်များ၊ အဆောက်အဦးများ၊ အထင်ကရအဆောက်အဦးများ အစရှိသည်တို့အတွက် ပိုကောင်းလာသောအသေးစိတ်ကိုပံ့ပိုးပေးသည်။ (ရရှိနိုင်ရန်အတွက်၊ iOS နှင့် iPadOS Feature ရနိုင်သည့်ဝက်ဘ်ဆိုက်ဒ်ရှိ မြို့အတွေ့အကြုံအသေးစိတ် ကို ကြည့်ပါ။)

အဆောက်အဦများ၊ လမ်းများ၊ ရေ၊ သစ်ပင်များနှင့် ပန်းခြံတစ်ခုကိုပြသည့် 3D လမ်းမြေပုံ။

သတိပေးချက် အန္တရာယ်ဖြစ်စေနိုင်သည့်အခြေအနေများသို့ဦးတည်နိုင်သည့် အနှောင့်အယှက်များမဖြစ်စေရန်နှင့် လမ်းညွှန်နည်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအတွက်iPhone အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ ကိုကြည့်ပါ။

သင့်၏တည်နေရာအတိအကျကို အသုံးပြုရန် Maps ကိုခွင့်ပြုခြင်း

သင့်တည်နေရာကိုရှာရန်နှင့် တိကျသည့်လမ်းညွှန်မှုပေးနိုင်ရန် iPhone သည် အင်တာနက်ကို ချိတ်ဆက်ထားပြီး Precise Location ကိုဖွင့်ထားရမည်။

  • Maps သည် Location Services ကိုပိတ်ထားသည့် မက်ဆေ့ချ်တစ်စောင်ကိုပြလျှင်၊ ထိုမက်ဆေ့ချ်ကိုနှိပ်ပါ၊ Settingsတွင်Turn Onကိုနှိပ်ပါ၊ ထို့နောက် Location Services ကိုဖွင့်ပါ။

  • Maps သည် Precise Location ကိုပိတ်ထားသည့်မက်ဆေ့ချ်တစ်စောင်ကိုပြလျှင်၊ ထိုမက်ဆေ့ချ်ကိုနှိပ်ပါ၊ Settings တွင်Turn On ကိုနှိပ်ပါ၊ Location ကိုနှိပ်ပါ၊ထို့နောက် Precise Location ကိုဖွင့်ထားပါ။

Cellular အင်တာနက်သည် အခကြေးငွေကုန်ကျနိုင်သည် (iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကိုကြည့်ပါ)။

မှတ်စု Maps တွင် အသုံးဝင်သည့်တည်နေရာဆက်စပ်သည့်အချက်အလက်ကိုရရန် Significant Locations ကို Settings  > Privacy & Security > Location Services > System Services တွင်ဖွင့်ထားပါ။

သင်လက်ရှိရောက်နေသော တည်နေရာကိုပြခြင်း

Tracking Off ခလုတ် ကိုနှိပ်ပါ။

မြေပုံအလယ်တွင် သင့်နေရာကို အမှတ်အသားပြုထားသည်။ မြေပုံ၏ အပေါ်ဘက်သည် မြောက်အရပ်ဖြစ်သည်။ အပေါ်ဘက်တွင် မြောက်အရပ်ပြမည့်အစား သင်ဦးတည်ရာကို ပြလိုလျှင် Tracking On ခလုတ် ကိုနှိပ်ပါ။ မြောက်အရပ်ကိုသာ ပြန်ပြစေလိုလျှင် Tracking On Heading ခလုတ် သို့မဟုတ် Compass ခလုတ် ကိုနှိပ်ပါ။

မှန်ကန်သည့်မြေပုံကိုရွေးချယ်ခြင်း

လက်ရှိမြေပုံသည် ရှာဖွေခြင်း မောင်းနှင်ခြင်း စီးနင်းမှုအကူးအပြောင်းလုပ်ခြင်း သို့မဟုတ် ဂြိုဟ်တုမှကြည့်ခြင်းအတွက်ဖြစ်လျှင် မြေပုံတစ်ခု၏ညာဘက်ထိပ်ခလုတ်သည် ညွှန်ပြပေးသည်။ မတူညီသည့်မြေပုံတစ်ခုကိုရွေးချယ်ရန် အောက်ပါတို့ကိုပြုလုပ်ပါ၊

  1. ညာဘက်ထိပ်ရှိ ထိုခလုတ်ကိုနှိပ်ပါ။

  2. အခြားမြေပုံအမျိုးအစားကိုရွေးချယ်ပါ၊ ထို့နောက်Close ခလုတ်ကိုနှိပ်ပါ

3D မြေပုံတစ်ပုံကြည့်ခြင်း

2D မြေပုံတွင်၊ အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

3D မြေပုံတစ်ခုတွင် အောက်ပါတို့ကိုလုပ်ဆောင်နိုင်သည်၊

  • ထောင့်ကို ချိန်ညှိခြင်း၊ လက်နှစ်ချောင်းကို အပေါ် သို့မဟုတ် အောက်သို့ဖိဆွဲပါ။

  • အဆောက်အအုံများနှင့် အခြားအသေးစားအင်္ဂါရပ်များကို 3D အသွင်နှင့်ကြည့်ရန်၊ အနီးကပ်ဆွဲချဲ့ပါ။

  • 2D အသွင်မြေပုံကိုပြန်သွားရန်၊ ညာဘက်အပေါ်အနီးရှိ 2D ကိုနှိပ်ပါ။

မြေပုံတစ်ခုကိုရွှေ့ခြင်း၊ ပုံချုံ့ချဲခြင်း သို့မဟုတ် လှည့်ခြင်း သို့မဟုတ် 3D အလုံး

  • မြေပုံတစ်ခုတွင် ဟိုသည်နေရာရွှေ့ခြင်း၊ မြေပုံကို ဖိဆွဲပါ။

  • ဓာတ်ပုံ ချုံ့ရန် သို့မဟုတ် ချဲ့ရန်၊ နှစ်ကြိမ်ဆက်တိုက်နှိပ်ပါ (ဒုတိယအကြိမ်နှိပ်ပြီးနောက် ဖန်သားပြင်ပေါ်တွင်သင့်လက်ကိုထားပါ) ထို့နောက် ပုံချုဲ့ရန်အပေါ်သို့ဆွဲပါ သို့မဟုတ် ပုံချုံ့ရန်အောက်သို့ဆွဲပါ။ သို့မဟုတ် မြေပုံပေါ်တွင် လက်မနှင့်လက်ညှိုးတို့ကို ဆွဲကပ်ခြင်း ခွာခြင်းတို့ပြုလုပ်ပါ။

    2D မြေပုံတစ်ခုပေါ်တွင် ပုံချုံ့ချဲ့သည့်အခါ ဘယ်ဘက်အပေါ်ဘက်တွင် အတိုင်းအတာပေါ်လာသည်။ အကွာအဝေးအတိုင်းအတာယူနစ်ကို ပြောင်းလဲလိုလျှင် Settings  > Maps သို့သွားပြီးနောက် In Miles သို့မဟုတ် In Kilometers တို့ကိုရွေးချယ်ပါ။

  • မြေပုံကို လှည့်ရန်၊ လက်နှစ်ချောင်းနှင့် မြေပုံကိုထိ၍ ထိန်းထားကာ လက်ချောင်းများကို လှည့်ပါ။

    မြေပုံကို လှည့်အပြီး ဖန်သားပြင်ထိပ်ကို မြောက်အရပ်ဖြစ်စေရန် Compass ခလုတ် ကိုနှိပ်ပါ။

  • 3Dရုပ်ကြွအလုံးဖြင့် ကမ္ဘာကြီးကိုကြည့်ခြင်း၊ မြေပုံမှ အလုံးတစ်ခုကိုမပြောင်းလဲမီမြင်ကွင်းချုံ့ပါ။ ၎င်းကိုလှည့်ရန် အလုံးကိုဆွဲပါ သို့မဟုတ် တောင်တန်းများ၊ သဲကန္တာရများ၊ သမုဒ္ဒရာများ အစရှိသည်တို့အတွက်အသေးစိတ်ရှာဖွေရန် မြင်ကွင်းကိုချဲ့ပါ သို့မဟုတ် ချုံ့ပါ (ပံ့ပိုးထားသည့်အမျိုးအစားများတွင်)။

    ကမ္ဘာမြေကြီးသည်အာကာသမှကြည့်လျှင် အလုံးပုံစံအဖြစ်တည်ရှိသည်။ အမှတ်အသားများသည် တိုက်သုံးတိုက်နှင့် သမုဒ္ဒရာနှစ်ခုကို ဖော်ပြထားသည်။

Maps ကို အမည်တစ်ခုထည့်ခြင်း သို့မဟုတ် Maps နှင့်ပတ်သက်သည့် ပြဿနာတစ်ခုကို အကြောင်းကြားခြင်း

  1. ရှာဖွေကွက်လပ်ဘေးတွင် သင့်ပုံ သို့မဟုတ် နာမည်အစကိုနှိပ်ပါ၊ထို့နောက် Reports ကိုနှိပ်ပါ။

    ရှာဖွေကွက်လပ်ဘေးတွင် သင့်ပုံ သို့မဟုတ် နာမည်အစတို့ကိုမတွေ့လျှင် ထိုကွက်လပ်ဘေးရှိ Cancel ကိုနှိပ်ပါ သို့မဟုတ် ရှာဖွေကွက်လပ်ကိုနှိပ်ပါ၊ ထို့နောက် Cancel ကိုနှိပ်ပါ။

  2. ရွေးချယ်စရာများထဲမှတစ်ခုကို ရွေးချယ်ပါ၊ ထို့နောက် သင့်သတင်းအချက်ကိုပံ့ပိုးပေးပါ။

သင့်တည်နေရာလုံခြုံရေးနှင့်ပတ်သက်သည့်ကိုယ်ပိုင်အချက်အလက်ကိုထိန်းသိမ်းရန် Apple မှ ကတိပေးပါသည်။ ပိုမိုလေ့လာရန် Settings  > Maps သို့သွားပါ၊ ထို့နောက် About Apple Maps & Privacy ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.